Monday, August 29, 2011

အ​မေရိကား​ရောက် မြန်မာများ​ ဟာရီကိန်း​မုန်တိုင်း​ကြောင့်​ ​ဘေး​လွတ်ရာကို ​ရှောင်တိမ်း​နေ

August 28, 2011

အ​မေရိကန်ပြည်​ထောင်စု အတ္တလန္တိတ် ကမ်း​ရိုး​တန်း​ တ​လျှောက်က ပြင်း​အား​ အဆင့်​ ၃ ရှိ ဟာရီကိန်း​ မုန်တိုင်း​ကြီး​ အ​ရှေ့​ဘက်ကမ်း​ရိုး​တန်း​ကို စ​နေ​နေ့​ညကတည်း​က စတင် ဝင်​ရောက်​နေတာ​ကြောင့်​ အ​မေရိကား​ရောက် မြန်မာတချို့ မြန်မာဘုန်း​ကြီး​ကျောင်း​တွေမှာ သွား​ရောက် ခိုလှုံနေကြတယ်လို့​ သိရပါတယ်။

မြောက်ကာရိုလိုင်း​နား​၊​ ဗာဂျီး​နီး​ယား​၊​ ​မေရီလင်း​၊​ ကွန်နက်တီကပ်၊​ နယူး​ယောက်နဲ့​ နယူး​ဂျာစီ စတဲ့​ ပြည်နယ် ၁၀ ခုကို ​ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက အ​ရေး​ပေါ် အ​ခြေအ​နေ တရပ်အဖြစ် ​ကြေညာထား​ပြီး​ လာ​ရောက်ခိုလှုံနိုင်ဖို့​ အတွက်လည်း​ ​ကျောင်း​တွေမှာ ​နေစရာ​တွေ စီစဉ်​ပေး​ထား​ပါတယ်။


မုန်တိုင်း​ မဖြစ်ခင် ကြိုတင်ပြီး​ အစိုး​ရပိုင် ရုပ်သံလိုင်း​တွေက​နေ ပြည်သူ​တွေ ကြိုတင် ပြင်ဆင်ထား​သင့်​တာ​တွေကို အဆက်မပြတ် ​ကြေညာ​နေပြီး​ မုန်တိုင်း​ကျ​ရောက်တဲ့​ အချိန်မှာလည်း​ မုန်တိုင်း​အ​ခြေအ​နေ​တွေကို တိုက်ရိုက် ထုတ်လွှင့်​ ပြသ​နေတာ​ကြောင့်​ ကြိုတင် ပြင်ဆင်ထား​နိုင်ကြ တယ်လို့​ အ​မေရိကန်နိုင်ငံ ​မေရီလင်း​မှာ ​နေထိုင်တဲ့​ ဦး​ယဉ်​ ထွေး​က ​ပြောပါတယ်။

“မုန်တိုင်း​ လာမယ်။ ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့​။ ပြတင်း​ပေါက်တို့​၊​ တံခါး​ပေါက်တို့​ နား​မှာ မ​နေပါနဲ့​။ ​ရေ​တွေ အစား​အ​သောက်​တွေ၊​ ကား​ဆိုရင်လည်း​ ဆီဖြည့်​ထား​ကြပါ​ပေါ့​။ အစား​အ​သောက်​တွေ အ​ခြောက်အခြမ်း​တွေကို ​လှောင်ထား​ကြပါ ​ပြောတယ်။ တချို့​ဆိုင်​တွေမှာဆိုရင် ​ရေ​တွေ ..။ နယူး​ယောက်မှာဆိုရင် ​သောက်​ရေ​တွေ ပြတ်သွား​တယ်။ နယူး​ယောက်မှာက ဒီလိုမုန်တိုင်း​ဒဏ် မကြုံဖူး​တဲ့​အတွက် ​ကြောက်ကြတယ်။ နယူး​ယောက်မြို့က မြို့တော်​ဟောင်း​လည်း​ ဖြစ်တာကို။ မီး​ရထား​လမ်း​၊​ ကား​လမ်း​ အား​လုံး​ စ​နေ့​နေ့​ ​နေ့​လည်ကတည်း​က ပိတ်ထား​တယ်။ ဝါရှင်တန်ဒီစီမှာဆိုရင် ​ရောင်း​နေတဲ့​ဆိုင်မှာ သဲအိတ်​တွေ ပြတ်သွား​ပြီ။ သဲအိတ်​တွေလည်း​ ပြတ်​ရော အစိုး​ရကိုယ်တိုင် သဲအိတ်​တွေ လာယူဖို့​ တီဗွီမှာ ​ကြေညာတယ်။ အဲသတင်း​ရတာနဲ့​ တချို့​က သွား​ယူကြတယ်။ ကား​တွေနဲ့​ လာတာနဲ့​ ကား​တစီး​ကို ၅ အိတ်နှုန်း​ ​ပေး​တယ်။ အဲဒါကိုလည်း​ တီဗွီက ပြတယ်။”

အခု​လော​ လောဆယ် အစိုး​ရရုပ်သံလိုင်း​ ​ကြေညာချက်အရ လူ​လေး​ဦး​ ​သေဆုံး​တယ်လို့​ သိရပြီး​ မုန်တိုင်း​ကြောင့်​ သစ်ပင်​တွေပြိုလဲတာ လျှပ်စစ်မီး​ပြတ်​တောက်​တွေ ရှိ​နေတဲ့​အတွက် သက်ဆိုင်ရာ ကူညီ​ဖြေရှင်း​မှု​တွေ ရှိ​နေတယ်လို့​လည်း​ ဆိုပါတယ်။

“ခုနက တီဗွီမှာ လာသွား​တာ သမ္မတကိုယ်တိုင် ရုံး​မှာထိုင်ပြီး​တော့​ သတင်း​ဌာန​တွေက လွှင့်​တာ​တွေကို ကြည့်​ပြီး​တော့​ ဖြစ်နိုင်ရင် ဘယ်လို​နေကြပါ။ ဘယ်လိုထိုင်ကြပါဆိုပြီး​။ သူကိုယ်တိုင်လိုက်ပြီး​ ကွပ်ကဲ​နေတာ​ပေါ့​။ ပြီး​တော့​ အ​ရေး​ပေါ် ဖြစ်တဲ့​နေရာဆိုရင် ချက်ချင်း​သွား​ဖို့​ မီး​သတ်သမား​တွေ​ရော၊​ ရဲ​တွေ​ရော၊​ မီး​ပြင်တဲ့​သူ​တွေ အား​လုံး​လည်း​ အဆင့်​သင်လုပ်ထား​ကြတယ်။ အခုဆိုရင် ​နေရာတိုင်း​မှာ ဥဩသံ​တွေက ကြား​နေရတယ်။ ဘာဖြစ်လို့​လဲ ဆို​တော့​ သဘာဝ​ဘေး​အန္တရာယ်ဖြစ်လို့​ ကြုံတွေ့​တဲ့​ဟာ​တွေကို ​ဖြေရှင်း​နေကြတယ်​ပေါ့​ဗျာ။ အဲဒါ​တော့​ ​တွေ့​ရတယ်။ အခုအဆိုး​ဆုံး​က​တော့​ ကမ်း​ရိုး​တန်း​တွေ​ပေါ့။ ​မြောက်ကာရိုလိုင်း​နား​ဆိုရင် အထိ ​တော်​တော် နာ​နေတယ်။ ​မြောက်ကာရိုလိုင်း​နား​နဲ့​ ဗာဂျီး​နီး​ယား​က အပျက်အစီး​ ​တော်​တော်များ​တယ်။”

ဟာရီကိန်း​ မုန်တိုင်း​သင့်​ ​ဒေသ​တွေမှာ ​ရောက်ရှိ​နေတဲ့​ မြန်မာ​တွေထဲမှာ​တော့​ ​သေဆုံး​ဒဏ်ရာရတာ​တွေ မကြား​ရ​သေး​ဘူး​လို့​လည်း​ ​ပြောပါတယ်။

မုန်တိုင်း​ တိုက်ခတ်ရာ ​နေရာမှာ မြန်မာပြည်သား​တွေ အများ​အပြား​ ရှိ​နေပြီး​ ဆူရှီလုပ်ငန်း​ လုပ်ကိုင်​နေကြပြီး​ သက်ဆိုင်ရာက အချိန်မီ ​ရွှေ့​ပြောင်း​ခိုင်း​ထား​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့