Friday, September 2, 2011

ရန်ကုန်မြို့ပတ် ရထား​တွဲ တိမ်း​မှောက်၊​ ၄ ဦး​ ဒဏ်ရာရ

September 1, 2011
နော်နိုရင်း

ကမာရွတ်မြို့​နယ်မှာ ဒီက​နေ့​ ​နေ့​ခင်း​ပိုင်း​က ရန်ကုန်မြို့ပတ် ရထား​တစီး​ရဲ့​ ​နောက်ဆုံး​တွဲ ပြုတ်ကျန်ပြီး​ လမ်း​ချော် တိမ်း​မှောက် ခဲ့တယ်လို့ မျက်မြင်တဦး​က ​ပြောပါတယ်။

ရထား​ နောက်ဆုံး​တွဲဟာ ကမာရွတ်မြို့နယ် လှည်း​တန်း​ ဘူတာအလွန် ရွာမ​ကျောင်း​လမ်း​ထောင့်​မှာ ပြုတ်ကျန်ပြီး​ လမ်း​ချော် တိမ်း​မှောက် သွား​တာလို့ ဆိုပါတယ်။


တိမ်း​မှောက်မှု​ကြောင့်​ အမျိုး​သား​ ၃ ဦး​နဲ့ အမျိုး​သမီး​တဦး​ ဒဏ်ရာရပြီး​ ​ရန်ကုန်ဆေးရုံ​ ပို့လိုက်ရတယ်လို့ ​ပြောပါတယ်။

“​ယောက်ျား​ လေး​ ၃ ​ယောက်၊​ မိန်း​က​လေး​ ၁ ​ယောက် ဒဏ်ရာရသွား​တယ်။ ဘီး​တဘီး​က လမ်း​ဘေး​ကို ​ချော်ထွက်ပြီး​ ​မှောက် သွား​တာ။ လာကြည့်​တဲ့​ သူ​တွေက​တော့​ အများ​ကြီး​ပဲ။”

ရထား​ မှောက်မှုနဲ့ ပတ်သက်လို့​ ကမာရွတ်ရဲစခန်း​ တွဲဖက်တာဝန်မှူး​က “​မှောက်တာက​တော့​ ​သေချာတယ်။ ဒါ​ပေမယ့်​ ဖြစ်စဉ်တို့ ဘာတို့ က​တော့​ တာဝန်ရှိတဲ့​ သူ​တွေသွား​ပြီး​ သူ့ဘာသာ ချက်ချင်း​ သတင်း​ တက်​နေပါတယ်။ ကျ​နော်တို့ ကြား​တာက​တော့​ လမ်း​ချော်တာ​ပေါ့​နော်။ ​နောက်ဆုံး​တွဲ တတွဲ ​မှောက်တာ​ပေါ့​။ မြို့နယ်မှူး​၊​ စခန်း​မှူး​ အကုန်သွား​ကြတာ” လို့ ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့