Friday, September 2, 2011

ဧရာဝတီမြစ်ဆုံ​ရေကာတာ တည်​ဆောက်မှု ရပ်တန့်ရန် သမ္မတထံ ​တောင်း​ဆို

September 1, 2011
ရွှေအောင်

ဧရာဝတီမြစ် တိမ်​ကောပ​ပျောက်သွား​စေမယ့်​ ဧရာဝတီမြစ်ဆုံစီမံကိန်း​ တည်​ဆောက်​နေမှု ရပ်တန့် ပေး​ဖို့ ဧရာဝတီကို ထာဝရ ရှင်သန်​စေလိုသူများ​အဖွဲ့က သမ္မတ ဦး​သိန်း​စိန်ထံ ဒီက​နေ့​ လက်မှတ်​ရေး​ထိုး​ ​တောင်း​ဆို လိုက်ကြပါတယ်။

လက်မှတ်​ရေး​ ထိုး​ကြသူ​တွေထဲမှာ စာ​ပေအနုပညာရှင်​တွေ၊​ ပတ်ဝန်း​ကျင်ချစ်မြတ်နိုး​ သူ​တွေ၊​ လူမှု​ရေး​၊​ နိုင်ငံ​ရေး​ စတဲ့​နယ်ပယ် အသီး​သီး​က ထင်ရှား​သူ​တွေ ပါဝင်ကြပြီး​ လက်မှတ်စုစု​ပေါင်း​ ၁၆၀၀ ကို ပထမဆုံး​အကြိမ် ​ပေး​ပို့​ လိုက်တာ ဖြစ်ပါတယ်။

သမ္မတထံက လက်မှတ်​ရေး​ထိုး​ ​ပေး​ပို့​တောင်း​ဆိုရတာနဲ့​ ပတ်သက်လို့​ ဧရာဝတီကို ထာဝရ ရှင်သန်​စေလိုသူများ​ အဖွဲ့မှာ ပါတဲ့​ ၈၈ မျိုးဆက်​ ကျောင်း​သား​ ကိုမြတ်သူက ခုလို ​ပြောပါတယ်။

“သမ္မတကြီး​ရဲ့ ​ မိန့်ခွန်း​အ​ပေါ်မှာ သမ္မတကြီး​က ပြည်သူလူထုရဲ့​ အသံကို နား​ထောင်မယ်လို့ ပါတဲ့​ အတွက်​ကြောင့် ​မို့လို့ ကျ​နော်တို့က ပြည်သူ လူထုရဲ့​ အသံကို သမ္မကြီး​ သိရှိနိုင်​အောင်လို့​ ကျ​နော်တို့ ဘက်က ကြိုးစား​ လုပ်​ဆောင်ခြင်း​ပဲ ဖြစ်ပါတယ်။ အဲဒီ အတွက်​ကြောင့်​မို့လို့ သမ္မကြီး​ရဲ့​ မိန့်ခွန်း​ အတိုင်း​ ဆိုရင်​တော့​ ဒီအ​ပေါ်မှာ အ​ရေး​တယူ ရှိလာလိမ့်​မယ် လို့တော့​ ကျ​နော်တို့​ ​မျှော်လင့်​ ထား​ပါတယ် ခင်ဗျ။”

အခု ပထမဆုံး​ ​ပေး​ပို့​တဲ့​ လက်မှတ်​ရေး​ထိုး​ ကြသူ​တွေထဲမှာ ဟံသာဝတီ ဦး​ဝင်း​တင်၊​ လူထုစိန်ဝင်း​၊​ ​မောင်ဝံသ၊​ ​ဒေါ်​ဒေဝီသန့်ဇင်၊​ ကို​ကျော်သူ၊​ ဒါရိုက်တာ ချိုတူး​ဇော် စတဲ့​သူ​တွေ ပါဝင်ပါတယ်။

ဧရာဝတီကိုချစ်​သော ပြည်တွင်း​ပြည်ပက ပြည်သူ​တွေရဲ့​ လက်မှတ်​တွေကို ဆက်လက်စု​ဆောင်း​ ပေး​ပို့ သွား​မယ်လို့လည်း​ သိရ ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့