Tuesday, August 30, 2011

တ​ဒေါ်လာ ကျပ် ၉၀၀ နှင့်​ ၁၀၀၀ ကြား​ သတ်မှတ်ရန်ရှိဟုဆို

August 29, 2011
ရွှေအောင်

အ​မေရိကန်​ ဒေါ်လာနဲ့​ ကျပ်​ငွေ လဲလှယ်နှုန်း​ကို တ​ဒေါ်လာ ကျပ် ၉၀၀ နဲ့​ ၁၀၀၀ ကြား​ ထား​ရှိသတ်မှတ်ဖို့​ ရှိတယ်လို့​ အစိုး​ရဝန်ကြီး​တဦး​က ​ပြောပါတယ်။

အမှတ် ၁ နှင့် ၂ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြည်တွင်း​စာနယ်ဇင်း​တချို့​ကို ​တွေ့​ဆုံ ရာမှာ ဒီလို ​ပြော လိုက်တာလို့​ ​တွေ့​ဆုံပွဲတက်တဲ့​ ဂျာနယ် အယ်ဒီတာချုပ်တဦး​က ​ပြောပါ တယ်။


“သွင်း​ ကုန်ထုတ်ကုန် လုပ်ငန်း​ရှင်​တွေလည်း​ မထိပါး​စေရဘူး​။ စား​သုံး​သူ​တွေလည်း​ ထိပါး​မှု မရှိ​စေရဘူး​။ အထဲမှာ နိုင်ငံခြား​ငွေ ကိုင်​ဆောင်ထား​တဲ့​ ပြည်တွင်း​သုံး​ငွေ ကိုင် ​ဆောင်ထား​တဲ့​ လူ​တွေလည်း​ ထိပါး​မှု မရှိ​စေရဘူး​၊​ ​နောက်ပြီး​ နိုင်ငံရဲ့​ ကုန်ထုတ်လုပ်မှု၊​ ကုန်သွယ်မှုနဲ့​ ​ငွေ​ရေး​ကြေး​ရေး​ ကဏ္ဍများ​မှာ ထိပါး​မှုမရှိ​စေရဘူး​၊​ အဘက်ဘက်က ဘက်စုံ ​ထောင့်​စုံ ​ဆောင်ရွက်မယ်။ သူ့​ရဲ့​ တဦး​တည်း​အမြင်အရ ​ပြောမယ်ဆိုရင် ​ငွေလဲနှုန်း​ကို ၉၀၀ နဲ့​ ၁၀၀၀ ကြား​ထဲ မှန်း​တယ်တဲ့​။”

ပို့​ ကုန်သွင်း​ကုန် လုပ်ငန်း​ရှင်​တွေအ​နေနဲ့​ စိုး​ရိမ်စိတ်မထား​ဘဲ လုပ်ကိုင်​ဆောင်ရွက် ကြဖို့​လည်း​ ဝန်ကြီး​က ​ပြောတယ်လို့​ ဆိုပါတယ်။

တ​ဒေါ်လာကို ၇၁၈ ကျပ်နှုန်း​အထိ ​ငွေလဲနှုန်း​ ကျ​နေတာ​ကြောင့်​ ဒီကိစ္စကို အ​ဆော တလျင် အ​ရေး​ယူ​ဆောင်ရွက်ဖို့​ စီး​ပွား​ရေး​ပညာရှင်​တွေက အစိုး​ရကို တိုက်တွန်း​ထား​ပြီး​ ​ဆောင်ရွက်ချက်ကိုလည်း​ ပြည်သူ​တွေကို အလျင်အမြန် အသိ​ပေး​ဖို့​ ​ပြော​နေပါ တယ်။ အစိုးရနှုန်းကတော့ ကမ္ဘာ့ဘဏ်ဖော်ပြချက်အရ တဒေါ်လာကို ၅ ကျပ်ခွဲကျော်နှုန်းလို့ သိရ ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့