Friday, September 2, 2011

လယ်ယာ​မြေ နိုင်ငံပိုင်ပြုရေး​ ဥပ​ဒေကို အစား​ထိုး​ရန် သ​ဘောတူ

September 1, 2011
နေသွင်

လယ်ယာ ​မြေ နိုင်ငံပိုင်ပြုရေး​ အပါအဝင် လယ်သမား​ဆိုင်ရာ ဥပ​ဒေ ၃ ခုကို ဖျက်သိမ်း​ပြီး​ ဥပ​ဒေသစ်နှင့်​ အစား​ထိုး​နိုင်​ရေး​ လွှတ်​တော်မှာ သ​ဘောတူလိုက်ပါတယ်။

ဖျက်သိမ်း​ဖွယ်ရှိတဲ့​ ဥပ​ဒေ အ​ဟောင်း​ ၃ ခု က​တော့​ ၁၉၅၃ ခုနှစ် လယ်ယာ​မြေ နိုင်ငံပိုင်ပြုလုပ်​ရေး​ အက်ဥပ​ဒေ၊​ ၁၉၆၃ ခုနှစ် သီး​စား​ချထား​ရေး​ဥပ​ဒေ၊​ ၁၉၆၃ ခုနှစ် ​တောင်သူလယ်သမား​ အခွင့်​အ​ရေး​ကာကွယ်သည့်​ ဥပ​ဒေတို့​ ပါဝင်ပါတယ်။


မြေယာဥပ​ဒေကို ပြုပြင်ဖို့​ အတန်ကြာကတည်း​က တိုက်တွန်း​နေတဲ့​ မတူကွဲပြား​ခြင်း​နှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက လွှတ်​တော်ရဲ့​ ဆုံး​ဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး​၊​ အစား​ထိုး​မယ့်​ ဥပ​ဒေနဲ့​ ပတ်သက်လို့​လည်း​ အခုလို ​ပြောပါတယ်။

“ဖြစ်သင့်​တာက ​တော့​ ဒီ နိုင်ငံပိုင်စနစ်က​တော့​ ​ပျောက်မှာ မဟုတ်​သေး​ဘူး​။ ဒီ လုပ်ကိုင်ခွင့်​ကို ငှား​ရမ်း​ရောင်း​ချ ​ပေါင်နှံခွင့်​တော့​ ရ​ကောင်း​ ရနိုင်တယ်။ ကမ္ဘာမှာ ရှိတဲ့​ ​မြေပိုင်ဆိုင်မှု၊​ ​မြေအသုံး​ချမှု​တွေ ၃ မျိုး​လောက် ရှိတယ်။ တခုက ပုဂ္ဂလိက အပြတ်ပိုင်တာ၊​ အ​မေရိကန်လိုမျိုး​၊​ ​ရောင်း​ချလို့​ရတယ် လွတ်လွတ်လပ်လပ်​ပေါ့​။ ​နောက်တဆင့်​က ဂရမ်ချထား​ပေး​ပြီး​တော့​ ​မြေသုံး​ဆွဲမှု အ​ပေါ်မှာ အဲဒီ အခွင့်​အလမ်း​ကို ​ရောင်း​တာ၊​ ငှား​တာ လုပ်လို့​ရတယ်။ ​နောက်တဆင့်​က နိုင်ငံ​တော်က လုံး​ဝပိုင်တာ၊​ လုံး​ဝပိုင်တာဆိုတာ အဲဒီ အခွင့်​အလမ်း​ကိုလည်း​ ​ရောင်း​လို့​ ငှား​လို့​ မရဘူး​။

“ကျ​နော် နိုင်ငံရဲ့​အဆင့်​က ဒုတိယအဆင့်​ ရ​အောင်ပဲ ကြိုး​စား​သင့်​တယ်။ ဖွဲ့​စည်း​ပုံမှာကနိုင်ငံ​တော်ရဲ့​ ​ရေထု၊​ ​မြေထု၊​ ​လေထုကို နိုင်ငံ​တော် ပိုင်တယ်ဆို​တော့​ အ​မေရိကန် အဆင့်​မျိုး​ကိုကြိုး​စား​မယ်ဆိုရင် ဖွဲ့စည်း​ပုံကို အရင်ပြင်ပြီး​မှ ကြိုး​စား​ရမယ့်​ သ​ဘောရှိတယ်။ အခု လွှတ်​တော်က ဖွဲ့စည်း​ပုံနဲ့​အညီလုပ်တဲ့​ လွှတ်​တော် ဖြစ်တဲ့​အတွက် ဖွဲ့စည်း​ပုံနဲ့​ ​ဘောင်ဝင်တဲ့​ ဟာမျိုး​ဆိုရင် ရနိုင်ပါတယ်။”

မြေယာဥပ​ဒေ​ တွေအရ လယ်လုပ်သူ လယ်ပိုင်ခွင့်​ မရှိတာ​ကြောင့်​ လယ်သမား​တွေက သူတို့​ရဲ့​ ​မြေယာအ​ပေါ်မှာ မက်လုံး​မရှိတာ၊​ အရင်း​အနှီး​အဖြစ် အသုံး​မချနိုင်တာ၊​ အစိုး​ရနဲ့​ ကုမ္ပဏီ​တွေက သိမ်း​ရင် အချိန်မ​ရွေး​ ခံရတာ စတာ​တွေ​ကြောင့်​ လယ်ယာကဏ္ဍဖွံ့​ဖြိုး​ရေး​မှာ အဟန့်​အတား​ဖြစ်​နေတယ်လို့​ ကျွမ်း​ကျင်သူ​တွေက ​ထောက်ပြကြပါတယ်။

မ​နေ့​တုန်း​က လွှတ်​တော်အစည်း​အ​ဝေး​မှာ စစ်ကိုင်း​တိုင်း​ဒေသကြီး​ မဲဆန္ဒနယ် အမှတ် ၉ ရဲ့​ကိုယ်စား​လှယ် ဦး​သိန်း​ဝင်း​ တင်သွင်း​ခဲ့​တဲ့​ အဆိုမှာ ဥပ​ဒေ​ဟောင်း​ကို ဖျက်သိမ်း​ပြီး​၊​ လယ်ယာကဏ္ဍ ဖွံ့​ဖြိုး​တိုး​တက်​ရေး​၊​ ​တောင်သူလယ်သမား​တွေရဲ့​ လယ်ယာ​မြေ လုပ်ပိုင်ခွင့်​ မဆုံး​ရှုံး​စေ​ရေး​၊​ လုံခြုံမှု အပြည့်​အဝ ​ပေး​နိုင်​ရေး​၊​ သီး​နှံ​တွေကို ​ဈေး​နှိမ်မခံရ​ရေး​ဆိုတဲ့​ အချက်​တွေ ပါဝင်တဲ့​ ဥပ​ဒေ
သစ်နဲ့​ အစား​ထိုး​ဖို့​ ပါဝင်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့