ဂါမဏိ
၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ်အောက်ရောက်သွားတဲ့အတွက် လူမှုရေး၊ စီးပွားရေး ယိုယွင်း ကျပ်တည်းမှုတွေ၊ မတရား နှိပ်ကွပ်မှုတွေကို ခါးစည်း ခံခဲ့ရတဲ့ မြန်မာပြည်သူတွေ အဖို့ မွန်းကျပ် ပိပြားမှုတွေဆီက အပြီးအပိုင် လွတ်မြောက်ဖို့ မဖြစ်နိုင် ခဲ့ပေမယ့် အခါအားလျော်စွာ တစုံတရာ သက်သာရာ သက်သာကြောင်း ရစေတဲ့ နေရာဌာနလေးတွေ ပေါ်လာခဲ့ပါတယ်။ ဒါတွေဟာ ပူလောင်ပြင်းရှ ခြောက်သယောင်း ထနေတဲ့ သဲကန္တာရကြီးထဲက ရေကြည်တပေါက် သောက်နိုင် စိမ်းမြအေးချမ်းတဲ့ အရိပ်လေးနည်းနည်း ခိုနားနိုင်စရာ အိုအေစစ်တွေလို ဖြစ်ခဲ့ပါတယ်။
အခု တင်ပြမယ့် အိုအေစစ် (၃) ခုဟာ အောက်ဗမာပြည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့က လူမျိုးပေါင်းစုံ ပြည်သူတွေ အတွက် တခဏ ခိုနား အားဖြည့်စရာတွေ ဖြစ်ခဲ့ ဖြစ်နေပါတယ်။ အဲဒီအိုအေစစ်တွေ ကတော့ သထုံ-သက္က တောင် အလံတရာ နယ်မြေ၊ ဘားအံ- သာမညတောင် နယ်မြေနဲ့ (ထိုင်းနိုင်ငံ) မြန်မာနယ်စပ် အနီး မဲဆောက်မြို့က မယ် တော်ဆေးခန်းတို့ ဖြစ်ပါတယ်။
အလံတရာဆရာတော် ပအိုဝ်းလူမျိုး ဦးးစန္ဒနဝံသဟာ ပြည်တွင်းစစ်မီး အရှိန်ကြီးကြီးနဲ့ တောက်လောင်နေတဲ့ သထုံ နယ်မှာ အမြင့်ပေ ၆၀၀ (ရွှေတိဂုံဘုရားထက် နှစ်ဆနီးပါးအမြင့်) ရှိတဲ့ စေတီတော်ကြီးကို လူထုအားသက် သက်နဲ့ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ ဘယ်ကမှ ငွေကြေး၊ အဆင့်မြင့် ဆောက်လုပ်ရေး အတတ်ပညာ ပံ့ပိုးမှု မရဘဲ ဧရာမ စေတီတော် တည်ဆောက်ရေးကို စီမံ ခန့်ခွဲဖို့ဆိုတာ တော်ရုံတန်ရုံ စိတ်ဓာတ်၊ အရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် ပအိုဝ်း၊ မွန်၊ ကရင်တွေရဲ့ အင်မတန် ကြည်ညို လေးစားမှုကို ထိုက်ထိုက်တန်တန် ရယူခဲ့ပြီးတော့ စေတီ တော်ကြီးကို နှစ် (၄၀) ကြာ တည်ဆောက် ခဲ့ရပါတယ်။ ပေါ်တာထမ်း၊ ရွာမီးရှို့၊ ရန်သူသတင်း ရိုက်နှက်စစ်မေး၊ ငွေ တောင်း စသဖြင့် စစ်ဘေးစစ်ဒဏ် ခံရတဲ့ လူထုတွေဟာ အလံတရာ ဆရာတော် ခြေရင်းကို ရောက်လာပြီး ခိုလှုံခွင့်ရခဲ့ ကြပါတယ်။ ဆရာတော်က စေတီတည်နေတဲ့ ဧရိယာကို ဘေးမဲ့ နယ်မြေအဖြစ် သတ်မှတ်ပြီး လာသမျှလူတွေကို သက်သတ်လွတ် ထမင်းကျွေးပြီး အိပ်ဖို့ နေရာပေးပါတယ်။ ဒီ နယ်မြေထဲမှာ စစ်နှစ်ဘက်စလုံးက ပေါ်တာဝင်မဆွဲ၊ ငွေ ဝင်မကောက်ရဲဘဲ ရှိန်ကြပါတယ်။ အလံတရာနယ်မြေထဲ အတင်းဝင် ပေါ်တာဆွဲ၊ ငွေဝင်ကောက်တဲ့ စစ်သားတွေဟာ စစ်ဆင်ရေး ထွက်တဲ့အခါ မိုင်းနင်းမိတာ၊ တိုက်ပွဲကျတာ စသဖြင့် တမျိုး မဟုတ်တမျိုး ဒုက္ခရောက်တယ် ဆိုပြီးတော့ လည်း နာမည်ကြီးခဲ့ပါတယ်။
ဒါကို စစ်အာဏာရှင် နေဝင်းက သူပုန်ဘုန်းကြီးလို့ သတ်မှတ်ပြီး ရိက္ခာ ဖြတ်ခဲ့ပါသေးတယ်။ ဒီအခါမှာ ဆရာတော်ဟာ (နောင်မှာ သစ္စာ မဏ္ဍိုင်ဘုရား ဖြစ်လာမယ့် နေရာမှာ) သစ္စာဆိုပြီး ရိက္ခာပြတ်လို့ စားရေးဒုက္ခ တွေ့နေတဲ့ ဒါယကာ၊ ဒါယိ ကာမတွေနဲ့ အတူတူ အေးအတူပူအမျှ ဒုက္ခခံဖို့ ဆုံးဖြတ်ပြီး ‘ရေဆွမ်း’ ပဲ ဘုဉ်းးပေးတော် မူပါတော့တယ်။ ဒီလိုစိတ်ဓာတ် တွေကြောင့် လူထုက ပိုကြည်ညိုပြီး ရိက္ခာ မရရအောင် ခိုးပို့ခဲ့ကြပါတယ်။ အကြည်ညိုလွန်ပြီး နောက်ပွင့်တဲ့ ဘုရားအဖြစ် အရမ်း အမွှန်းတင်တာတွေ၊ ဘုရား ရုပ်ပွားတော်ကို ဆရာတော့် မျက်နှာနဲ့ တူအောင် ထုလုပ်တာတွေ၊ ဗုဒ္ဓဘုရားမုဒြာ အတိုင်း ဓာတ်ပုံ၊ ပန်းချီပိုစတာတွေ ထုတ်တဲ့အထိ နောက်လိုက်တွေက လုပ်ခဲ့တဲ့ အဆိုးပိုင်းတွေတော့ ရှိခဲ့ပါတယ်။
အလံတရာဘုရား တည်တဲ့နေရာဟာ မူလက အဓမ္မကုန်းလို့ ခေါ်ပြီး အင်မတန် စရိုက်ကြမ်းတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကို ဆရာတော်က အဲဒီမှာ ပထမဆုံး လုပ်အားဒါနက စ,စည်းရုံးပြီး နောက်ပိုင်းမှာ ရိက္ခာဒါန ငွေကြေးဒါန ထည့်ဝင်ဖို့ ဆွဲခေါ်ခဲ့ပါတယ်။ ဒုတိယ အဆင့်ကျတော့ (၅) ပါးသီလစောင့်ဖို့ စည်းရုံးခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဘာဝနာဆောက် တည်ဖို့ မြှင့်တင် ခဲ့ပါတယ်။ ဒီနည်းနဲ့ အင်မတန် ဆိုးပေတဲ့ ရွာသားတွေဟာ ဝတ်စုံအဖြူဝတ်၊ သက်သတ်လွတ်စား၊ အင်မတန် ယဉ်ကျေး သိမ်မွေ့ပြီး အများတကာ လေးစားရတဲ့ လူတွေ ဖြစ်လာပါတယ်။ အလံတရာ နယ်မြေဟာ လူတိုင်း အေးအတူ ပူအမျှ ဘုံစနစ် ကျင့်သုံးတဲ့ နေရာဖြစ်ပြီး ရာဇဝတ်မှု ကင်းရှင်းတဲ့ နယ်မြေ ဖြစ်ခဲ့ပါတယ်။
ဆရာတော်ဟာ ဘုရားတည်ရုံတင်မကဘဲ ရပ်ရွာလူထု အကျိုးအတွက် လူငယ်တွေကို ရန်ကုန်၊ မန္တလေး လွှတ်ပြီး ကား ဝပ်ရှော့ပညာ၊ ဘုရားထီး လုပ်တဲ့ပညာ၊ ဘုရားရွှေချပညာ၊ ပုံနှိပ်စက်ပညာ၊ ပန်းရံ-ပန်းဘဲ-ပန်းတည်းပညာတွေ သင်ခိုင်း ပါတယ်။ ပအိုဝ်း စာပေသစ် ဖော်ထုတ်တာလည်း လုပ်ပေးခဲ့ပါတယ်။
ဒုတိယအိုအေစစ်ဖြစ်တဲ့ သာမညတောင် ဘေးမဲ့နယ်မြေနဲ့ သာမည ဆရာတော် ပအိုဝ်းလူမျိုး ဦးးဝိနယ ကတော့ မဆလ ခေတ်အကုန်နဲ့ နဝတ - နအဖခေတ် အစမှာ အောက်ဗမာပြည် လူထုတွေရဲ့ အားကိုးခိုနားရာ စိတ်လုံခြုံမှု ပေးစရာ ဖြစ်ခဲ့ပါ တယ်။ စစ်ဒဏ်ခံ ကရင်၊ မွန်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားတွေကို အေးရိပ်ပေး၊ လာသမျှ ထမင်းကျွေးခဲ့ပါတယ်။ ကရင် စစ် ပြေးဒုက္ခသည် တသောင်း ဝန်းကျင်ကို လက်ခံ ထားခဲ့ပါတယ်။ ၁၉၈၁ ကနေ ၂၀၀၃ အထိ (၂၂) နှစ်တာကာလ အတွင်း ဘုရားစေတီ၊ ကျောင်းတိုက်၊ ဇရပ်၊ ဓမ္မာရုံစတဲ့ သာသနိက အဆောက်အအုံတွေ အမြောက်အမြား ဆောက်လုပ်ရုံတင် မက သာမညတောင် နယ်မြေကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် အမြင်ကျယ်ကျယ်နဲ့ လမ်းပန်း ဆက်သွယ်ရေးက အစ ရေ၊ မီးအထိ အပင်ပန်းခံ ကြိုးစား တည်ဆောက်ခဲ့ပါတယ်။
နအဖ အုပ်ချုပ်တဲ့ နယ်မြေက လမ်းတွေထက် အဆ များစွာသာတဲ့ လမ်း (၉၇) မိုင် ဖောက်နိုင်ခင်းနိုင်ပြီး တံတားပေါင်း (၉၀) တည်ဆောက် နိုင်ခဲ့ပါတယ်။ မိဘမဲ့ကလေး တွေကို ထိန်းသိမ်း ပေးရုံမက ပညာရေး အတွက် စာသင်ကျောင်းတွေလည်း ဆောက်လုပ် ပေးခဲ့ပါတယ်။
၁၉၈၀ ခုနှစ်များမှာ ဗမာပြည်တလွှား ထင်ရှား ကျော်ကြားလာပြီး လာဘ်ပါသကရွှင်ခဲ့ပေမယ့် ဝင်သမျှကို သာသနာနဲ့ ဒါယကာ ပြည်သူလူထုများ အတွက် စေတနာ အရင်းခံနဲ့ ပြန်လည်ပံ့ပိုးခဲ့တဲ့ ဆရာတော်ကြီးကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၁၉၉၅ နဲ့ ၂၀၀၂ ခုတို့မှာ လာရောက် ဖူးတွေ့ခဲ့ရပါတယ်။ ဆရာတော်ကြီး ကိုယ်တိုင်ကလည်း တောင်ခြေအထိ ဆင်းပြီး ကြိုခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့ ဆရာတော်ကြီးဟာ နအဖ စစ်ခေါင်းဆောင် ဗိုလ်ခင်ညွန့် လာတာကိုတော့ အရေးတယူ မလုပ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံ တွဲအရိုက် ခံပေမဲ့ ဗိုလ်ခင်ညွန့်နဲ့တော့ တွဲအရိုက် မခံခဲ့ပါဘူး။
တတိယမြောက် အိုအေစစ်ဖြစ်တဲ့ မဲဆောက်မြို့က မယ်တော်ဆေးခန်းနဲ့ ဒေါက်တာ စင်သီယာမောင်တို့ ကတော့ စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေး ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးရဲ့ လက်ထွက်တွေ ဖြစ်ပါတယ်။ ဒီမို ကရေစီ တိုက်ပွဲဝင် သမားလည်းဖြစ်၊ ဆေးဆရာလည်း ဖြစ်တဲ့ ကရင်လူမျိုး ဒေါက်တာစင်သီယာဟာ နယ်စပ်နှစ်ဘက် မှာရှိတဲ့ လူထု တွေကို ဖြစ်နိုင်တဲ့နေရာက အကျိုးပြုနိုင်ဖို့ မယ်တော်ဆေးခန်းကို ၁၉၈၉ မှာ စတည်ထောင်ခဲ့ပါတယ်။
အကူအညီ အထောက်အပံ့ မဆိုစလောက်လေးနဲ့ ရုန်းကန်ခဲ့ရတဲ့ ဒေါက်တာစင်သီယာတို့ အဖွဲ့ဟာ လက်အောက် ငယ်သားတွေနဲ့ အေးအတူပူအမျှ နေထိုင်စားသောက် အဆင်းရဲ အပင်ပန်းခံပြီး မယ်တော်ဆေးခန်းကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်ထိလည်း ဒေါက်တာ စင်သီယာဟာ နိုင်ငံခြားအလှူရှင် အထောက်အပံ့တွေ အများကြီး ရပေမယ့် ရိုးရိုးကုတ်ကုတ်ပဲ နေပြီး ဆေးခန်း စီမံခန့်ခွဲမှုကို ထက်ထက်မြက်မြက် လုပ်နေဆဲဖြစ်ပါတယ်။
အခုအခါ မယ်တော်ဆေးခန်းဟာ ထိုင်းနိုင်ငံ မဲဆောက်ဒေသရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး အတွက် မလွဲမသွေ အားကိုးရာ ဖြစ်နေရုံတင် မကဘဲ နအဖ စစ်အစိုးရ အောက်မှာ ကျန်းမာရေး အာမခံချက် မရှိရှာတဲ့ အောက်မြန်မာပြည် တလွှားက ပြည်သူလူထုတွေ အုံနဲ့ကျင်းနဲ့ လာရောက်ကုသခံ၊ စိတ်ဓာတ် အားပေးခံရာ နေရာ ဖြစ်နေပါတယ်။ မြန်မာပြည် ဘက်ကမ်းက နအဖ စစ်သားတွေက အစ လူမျိုးမခွဲ၊ ဘာသာမခွဲ၊ အယူအဆမခွဲဘဲ စောင့်ရှောက် ကုသပေးနေလို့ ပြည်တွင်းမှာ ပိုက်ဆံရှိတဲ့ လူတန်းစား တွေတောင် နအဖဆေးရုံတွေ၊ ငွေစားဖို့ပဲ သိတဲ့ ပုဂ္ဂလိ က ဆေးရုံတွေကို အားမကိုး တော့ဘဲ မြဝတီ တံတားကူးပြီး မယ်တော်ဆေးခန်းကို လာကြတယ်လို့ သိရပါတယ်။
အခုအခါ မယ်တော်ဆေးခန်းဟာ ကျန်းမာရေးတင်မက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးငယ်တွေ၊ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် ကလေးတွေ၊ နယ်စပ်ဒုက္ခသည် စခန်းက ကလေးတွေရဲ့ပညာရေး၊ မွေးစာရင်းရရှိရေး၊ အသက် မွေးဝမ်းကျောင်း ပညာများ သင်ကြားရေး တွေကိုပါ အကျိုးဆောင် နေပါတယ်။ ထောင်ဂဏန်းရှိတဲ့ ဆေးမှူးတွေ၊ ကျောင်းဆရာတွေ မွေးမြူဖော်ထုတ်ရေး အရည်အချင်း မြှင့်တင်ရေးက အစ နယ်လှည့် ကျောပိုးအိတ် ဆေးမှူး လုပ်ငန်းနဲ့ စွန့်ပစ်ခံ သို့မဟုတ် လူ ကုန်ကူးခံ သို့မဟုတ် မိဘမဲ့ ကလေးငယ် စောင့်ရှောက် ကယ်တင်ရေးတွေ အထိ ဦးစီး ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နယ် စပ်နှစ်ဘက်နေ မြန်မာပြည်သူ လူမျိုးစုံအတွက် မျှော်လင့်ချက် အလင်းမျှင်တမျှင် ဖြစ်နေပါတယ်။
ဒါကြောင့်လည်း နအဖဟာ လက်ကိုင်တုတ်ဒေါက်တိုင်တွေ လွှတ်ပြီး ဒေါက်တာစင်သီယာကို နအဖဆီ ပြန်လက်နက်ချအောင် ဆွဲဆောင်တာ ခြိမ်းချောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူ့ ဘက်တော်သား ပီသလှတဲ့ ဆရာမကြီး ဟာ နအဖရဲ့ ဆွယ်လုံးတွေကို နားမယောင်ခဲ့သလို ခြောက်လုံးတွေကိုလည်း မကြောက်ခဲ့ပါဘူး။ မိမိရဲ့ ပြည်သူ့ အကျိုးပြု လမ်းကြောင်းအတိုင်းပဲ တစိုက်မတ်မတ် ရဲရဲဝံ့ဝံ့ ဆက်လျှောက်ခဲ့ပါတယ်။ အိုအေစစ် ဆိုတဲ့အတိုင်း အယုတ် အလတ် အမြတ်မရွေး လက်ခံပြီး အေးရိပ်ပေးတာ ဖြစ်တဲ့အတွက် အဆိုးတွေ ဝင်လာတာကိုလည်း တွေ့ရမှာဖြစ်ပါ တယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် သက်တမ်း ရှည်ကြာလာတာနဲ့ အမျှ လူထု စားဝတ်နေရေး ကျဆင်းမှုနဲ့အတူ စာရိတ္တ ပျက်ယွင်းမှုတွေလည်း ကြီးထွား ပျံ့နှံ့လာလို့ သာမညတောင် နယ်မြေ၊ မယ်တော် ဆေးခန်းနယ်မြေ တို့ကိုလည်း ဂယက်ရိုက်ခတ် ကူးစက်တာတွေ နာမည်ပျက်တာတွေ ရှိပါတယ်။
သာမညတောင်နယ်မြေမှာ ရာဇဝတ်မှုကျူးလွန်ပြီး ပြေးလာတဲ့ လူဆိုး လူမိုက်တွေ၊ ရဟန်းတုတွေ လာခိုတာရှိသလို စီမံ ခန့်ခွဲရေး ပိုင်းထဲ အထိ ဝင်နေလို့ နာမည်ပျက်တာ အလွဲသုံးစား လုပ်တာတွေ ရှိခဲ့ပါတယ်။ အလားတူ မယ်တော်ဆေးခန်း မှာလည်း တတိယ နိုင်ငံထွက်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူလူထုအပေါ် တကယ် စေတနာမပါဘဲ (ဝတ်ကျေတန်းကျေ အဆင့်ထက် ပိုဆိုးတဲ့) ပြီး ပြီးရော လုပ်နေတဲ့ ဆေးမှူးတွေနဲ့ ဝန်ထမ်းတွေ၊ လူနာတွေရဲ့ ရပိုင်ခွင့်တွေ၊ ဘဝတူဝန်ထမ်းတွေ ရဲ့ ရပိုင်ခွင့်တွေကို ခိုးဝှက်ယူနေသူတွေ ရှိနေတာ စိတ်မကောင်း စရာပါဘဲ။ ဆေးခန်းနဲ့ မအပ်စပ်ဘဲ ပညာအမြင်ကျဉ်းတာ၊ လူမျိုးရေး အမြင်ကျဉ်းတာတို့ ကလည်း အိုအေစစ်ကို ပျက်စီး ဆုတ်ယုတ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အိုအေစစ်တွေဟာ ထိန်းသိမ်း စောင့်ရှောက်မှု မကောင်းရင် သို့မဟုတ် အသုံးချပုံ မူမမှန်ရင် သဲတွေဖုံးသွားပြီး ရေခန်းသွား တတ်ပါတယ်။
အိုအေစစ်သုံးခုကို ယှဉ်ကြည့်ရင် တူညီချက်တွေ အများကြီးတွေ့ရပါတယ်။ အလံတရာနဲ့ သာမည အိုအေစစ်တွေဟာ ဘာသာရေး အခြေခံတဲ့ အိုအေစစ်တွေ ဖြစ်ပြီး မယ်တော် ဆေးခန်းကတော့ ကျန်းမာရေးကို အခြေခံတဲ့ အိုအေစစ် ဖြစ်ပါတယ်။ ဒါပေမဲ့ မူလ ပထမ အခြေခံ ပေါ်မှာသာ ကန့်သတ်မနေဘဲ အဖိနှိပ်ခံ ပြည်သူတွေ၊ ဆင်းရဲ ဒုက္ခပေါင်းစုံ ခံနေရတဲ့ လူထုတွေ အတွက် ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံး အကျိုးပြု လှုပ်ရှားသွားတာ တွေ့ရပါတယ်။
နောက်တူညီချက်ကတော့ အိုအေစစ်ထူထောင်သူတွေဟာ နာမည်မရခင် ကာလမှာ ဆင်းရဲ ချို့တဲ့စွာနဲ့ အနစ်နာခံ ရုန်းကန် ခဲ့ကြတာ ဖြစ်တယ်။ ဒါပေမဲ့ နိမ့်ကျကာလမှာ ဖြစ်ဖြစ်၊ အမြင့်ကာလမှာ ဖြစ်ဖြစ် သူတို့ဟာ တသမတ်တည်း အရိုးခံ နေထိုင် ရပ်တည် သွားကြတာ တွေ့ရပါတယ်။ နိမ့်လို့လည်း စိတ်ဓာတ်မကျ၊ မြင့်လို့လည်း မြောက်တက် မသွားဘဲ သာ မန်ပြည်သူတွေ လက်အောက် ငယ်သားတွေနဲ့ အဆင့်အတန်း မခွဲ အခွင့်အရေး ပိုမယူဘဲ ဒိုးတူပေါင်ဖက် လက်တွဲ အလုပ် လုပ်သွားတာ ဖြစ်ပါတယ်။
အိုအေစစ်ထူထောင်သူတွေဟာ အလုပ်လုပ်ရာမှာ ဇွဲနပဲနဲ့ မနေမနား ပြင်းပြင်းထန်ထန် လုပ်ကြတာလည်း တူညီကြပါတယ်။ အလုပ်ကို တိုးတက်ဖို့ အမြဲစဉ်းစား ကြံဆ စူးစမ်း လေ့လာပြီး လက်တွေ့လုပ်ကိုင် ကြိုးစားကြသူတွေ ဖြစ်ကြပါ တယ်။ အပြောမဟုတ် အလုပ်နဲ့ သက်သေပြတယ်ဆိုတာ သူတို့ဖြစ်ပါတယ်။
အရေးအကြီးဆုံးတူညီချက်ကတော့ စစ်အာဏာရှင် စနစ်အောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူ တွေကို လူမျိုးမခွဲ၊ ဘာသာမခွဲ၊ လူတန်းစား မခွဲဘဲ တတ်နိုင်သမျှ စိတ်ချမ်းသာခွင့် ပေးဖို့၊ စိတ်လုံခြုံမှုပေးဖို့ အင်မတန်ကြီးမား ဖြူစင်တဲ့စေ တနာရှိတာပဲ ဖြစ်ပါတယ်။
ဂါမဏိ
မှတ်ချက် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်း (NCGUB အလုပ်သမားရေးရာဝန်ကြီး) ၏ မယ်တော်ဆေးခန်း အနှစ် (၂၀) အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းကို အခြေခံပါသည်။
Read More...
Collapse...
၁၃.၁၀.၂၀၀၉ နေ့စွဲထုတ် ကုန်းလမ်းပို့ဆောင်ရေးဌာန အမိန့်ကြော်ငြာစာတွင် တောင်ပေါ်သား လက်မှတ် ရှိသူများနှင့်အတူ ထောရော ၃၈/၁ (နေထိုင်ခွင့်လက်မှတ်) ရှိသော ရွှေ့ပြောင်း အလုပ်သမားများ သည်လည်း မိမိတို့ ကိုယ်ပိုင် အမည်ဖြင့် ဆိုင်ကယ် ၀ယ်ခြင်း၊ ပိုင်ရှင် အမည်ပြောင်းခြင်း စသည်တို့ လုပ်ခွင့်ရပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ လုပ်လိုသူများသည် မိမိတို့၏ ထောရော ၃၈/၁ (နေထိုင်ခွင့်လက်မှတ်) မူရင်းနှင့် မိတ္တူကို ယူဆောင်၍ ကုန်းလမ်း ပို့ဆောင်ရေးဌာန (ခွန်းစုံ) တွင် သွားရောက် လျှောက်ထား လုပ်ယူနိုင်ပါသည်။
ယာဉ်မောင်းလိုင်စင်အတွက် ယခုအခါ စဉ်းမျဉ်းစည်းကမ်းများ ရေးဆွဲနေဆဲ ဖြစ်ပြီး နောက်ပိုင်းတွင် အတည်ပြုချက် အမိန့်ကို ဆက်လက် ထုတ်ပြန်ပေးမည် ဖြစ်သည်။
Read More...
Collapse...
■ ဒေါ်အောင်ဆန်းစုကြည်ပေးစာ ထားဝယ် NLD ထောက်ခံ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲနှင့် မီဒီယာအခန်းကဏ္ဍ သတင်း
■ မဲဆောက်မြို့တွင် တေးဂီတဖျော်ဖြေပွဲ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ သတင်း
■ တရားမ၀င် ငါးဖမ်းသမားတွေကို တရားစွဲလိုက်ပြီ သတင်း
■ မုန်တိုင်းကြောင့် မိဘမဲ့သူတွေအတွက် ရန်ပုံငွေပွဲ သတင်း
■ အိန္ဒိယရောက် မြန်မာအမျိုးသမီးတွေ နှောက်ယှက်တာ ပိုပြီးကြုံတွေ့နေရ သတင်း
■ ရန်ကုန်ရှုခင်း ၊ ဒီဇင်ဘာ ပထမပတ် သတင်း
■ အစိုးရဆန့်ကျင်ရေး အီရန်ကျောင်းသားဆန္ဒပြပွဲအတွက် နှစ်ဘက် စိုင်းပြင်း သတင်း
■ အီရတ်ရွေးကောက်ပွဲဥပဒေ အတည်ပြုပြီ သတင်း
■ လိင်တူစိတ်ဝင်စားသူ နောက်တဦးကို ဂိုဏ်းအုပ်ခန့် သတင်း
■ ဘင်လာဒင်သတင်း အမေရိကန်တို့ မသိနိုင် သတင်း
■ ရာသီဥတုဆိုင်ရာ စာချုပ်သစ် အကောင်အထည်ဖော်ရေး ဒေါ်လာ သန်း (၃၀,၀၀၀) လိုအပ်နေ သတင်း
■ ရာသီဥတု ညီလာခံ စဖို့ ပြင်ဆင် သတင်း
Read More...
Collapse...
၃.၁၁.၂၀၀၉ ရက်နေ့ ၀န်ကြီးများ အစည်းအဝေးတွင် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ခွင့် လက်မှတ် လျှောက်ထား ပြုလုပ်ခြင်းကို အချိန်ကာလ ထပ်မံ တိုးမြှင့် ပေးရန် ဆုံးဖြတ်ချက်ချ မှတ်လိုက်ပါသည်။ အကြောင်းမှာ စာရင်း ပေးသွင်းထားသော်လည်း အုပ်ချုပ်ရေး ရုံးတွင် ဓါတ်ပုံ ရိုက်ပြီး ထောရော ၃၈/၁ (ဟောင်းဘတ်) လုပ်ရန် ကျန်နေသော လူဦးရေ ၉၀၀၀ ကျော်ရှိနေပြီး ထောရာ ၃၈/၁ (ဟောင်း ဘတ်) လုပ်ပြီးသော်လည်း ကျန်းမာရေး စစ်ရန် ကျန်နေသေးသူ ၁၅၂၉၈၂ ဦး စုစုပေါင်း ၁၆၁ ၉၈၂ ဦး တို့ ကျန်ရှိနေပါသည်။ ထို့ကြောင့် သတ်မှတ်ထားသော အချိန်ကာလတွင် သက်ဆိုင်ရာ ဌာနတို့မှ အချိန်မမီ၍ မလုပ်ပေး နိုင်ခဲ့ခြင်းကို ဖြေရှင်းရန်နှင့် မှန်ကန်သော အလုပ် ငှားရမ်းမှု ဖြစ်စေရန် အောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။
၁။ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ရေးအချက်လက် မှတ်တမ်းတင်၍ ထောရော ၃၈/၁ (ဟောင်းဘတ်) လုပ်ခြင်းကို ၄.၁၁.၀၉ မှ ၁၈.၁၁.၀၉ အထိ ၁၅ရက် အတွင်း လုပ်ဆောင်ရန်။
၂။ ကျန်းမာရေးဌာနတွင် ကျန်းမာရေး စစ်ဆေးခြင်းကို ၄.၁၁.၀၉ မှ ၂.၁.၁၀ ထိ ရက် ၆၀ အ တွင်း လုပ်ဆောင်ရန်။
၃။ အလုပ်ရှာဖွေရေးဌာနတွင် အလုပ်လုပ်ခွင့် လက်မှတ် လျှောက်ထားခြင်းကို ၄.၁၁.၀၉ မှ ၁.၂.၁၀ ထိ ရက်ပေါင်း ၉၀ အတွင်း လုပ်ဆောင်ရန် ထုတ်ပြန် လိုက်ပါသည်။
ရွှေ့ပြောင်းအလုပ်သမားတို့၏ မှီခိုသူ သားသမီးများ နေထိုင်ခွင့် အတွက် ၀န်ကြီးများ အစည်းအဝေး က နေထိုင်ခွင့် လက်မှတ် ပြုလုပ်ပေးရန် သဘောတူ အမိန့် ချမှတ်လိုက်ပါသည်။ ရွှေ့ပြောင်း အလုပ်သမားတို့၏ သားသမီးများသည် မြို့နယ် အုပ်ချုပ်ရေးရုံးတွင် ၁၉.၁၁.၀၉ မှ ၂.၁.၁၀ အထိ ရက်ပေါင်း ၄၅ရက် အတွင်းတွင် နေထိုင်ခွင့် လက်မှတ် လာရောက် ပြုလုပ်ကြရန် ကြေငြာထားပါသည်။
အလုပ်သမားများ အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) လုပ်ခြင်း ကိစ္စကို အလုပ် ရှာဖွေရေး ဌာနက တာဝန်ယူ၍ အလုပ်ရှင်များထံ အကြောင်းကြားရမည် ဖြစ်ပါသည်။
Read More...
Collapse...
ဘိုဘိုလန်းစင်
Tuesday, 01 December 2009
(၁)
“လူရဲ့ အမွန်မြတ်ဆုံး လုပ်ဆောင်မှုက ကိုယ်ကျိုးစွန့်ပြီး မေတ္တာ စေတနာနဲ့ သူများအကျိုးကို ရွက်ဆောင် ပေးခြင်းပဲ ဖြစ်တယ်။ ငါ့သားလူဖြစ်ရကျိုး နပ်အောင် တစ်ခုခုတော့ လုပ်နိုင်စေချင်တယ်။ ဘာလုပ်သင့်တယ်၊ ဘာကို လုပ်မယ်ဆိုတာ သားဘာသာ စဉ်းစားဆုံးဖြတ်ပေါ့။ …

ဘိုဘို့မှာ အသိပညာတွေ လုံလောက်အောင် စုဆောင်းမိမှာကို အဘွား သံသယ မရှိဘူး၊ အဲဒီ အသိတွေနဲ့ လူနဲ့လူချင်းအတွက် ဘိုဘိုက အနစ်နာခံ ဆောင်ရွက်ပေးတဲ့ မွန်မြတ်တဲ့ လူသားတစ်ဦး ဖြစ်လာစေချင်တယ်။ စာအုပ်တွေနဲ့အတူ၊ သက်ရှိလူတွေကိုလည်း ဘိုဘို စိတ်ဝင်စား စေချင်သေးတယ်။ ဘိုဘို့ ဦးနှောက်ထဲမှာ ရှိတဲ့ ပညာတွေ၊ အသိတရားတွေကို တခြားလူတွေ အတွက် အသုံးချပေးနိုင်တဲ့ မြေးကလေး ဖြစ်လာပါစေလို့ အဘွား ဆန္ဒပြုပါတယ်။ …”
၇ တန်းနှစ်မှစ၍ မွေးနေ့တိုင်းဤသို့ အမှတ်တရ စာလေးများရေးပေးလေ့ ရှိသည်မှာ နောက်ပိတ်ဆုံး ကျနော်ဘွဲ့ရသည့် ၂၀၀၆ ဖေဖော်ဝါရီလ အထိပင်တည်း။ အတူနေမြေး ၅ ယောက်စလုံးကို အစဉ်ပြောဆို ဆုံးမခဲ့ရုံသာမက မှတ်မှတ်သားသားဖြစ်အောင် စာကလေးတွေရေး ဆုံးမခဲ့ခြင်း၏ တန်ဖိုးကို အဘွားမရှိမှ ကောင်းကောင်းသိပါပြီ။
သို့ပေမယ့် တနိုင်ငံလုံးနှင့် ကမ္ဘာအရပ်ရပ်က မြန်မာစာဖတ် လူငယ်များအတွက် ရည်စူး ရေးသားခဲ့သည့် အမေ့ရှေးစကား ဆောင်းပါးများ ရေးစက အဘွားက ဘာလို့ အဘွားကြီးလေနဲ့ အမေ၊ အမေဆိုပြီး ရေးရပါလိမ့်၊ တသက်လုံး ကျမလို့ ရေးလာတာပဲဟု စလုံးစခု ဖြစ်မိပါသေးသည်။ ထိုစဉ်ကပင် ၈၀ နားကပ်နေသည့် ကိုယ့်အဘွားကို နောက်နှစ်တွေ အကြာကြီး နေဦးမည်ဟု ထင်နေခဲ့သည်ကိုး။
(၂)
အဘွားနှင့် လူချင်းမတွေ့ဘူးလိုက်သူများက သူ့ကို အင်မတန့် သိက္ခာကြီးနှင့် ဧရာမ အာဇာနည် မိန်းမကြီးလို ခန့်ခန့်ကြီး နေလိမ့်မည်ဟု တွေးကြောက်သည်ကို တွေ့ဖူးပါ၏။ အသက် ၈၀ ကျော်ထိ တအိမ်လုံးက လူ ၁၅ ယောက်လောက်စာ ဈေးဝယ်ပြီး ဆိုက္ကားစီးပြန်သည့် အဘွား အကြောင်းပြောပြကာ ကိန်းကြီး ခန်းကြီး မနိုင်ရပါကြောင်း ရှင်းပြရသည်။
မမြရင်သီချင်းများ၊ ညွန့်ညွန့်စိန်၏ မှန်ကြိုက်သူ သီချင်းစသည်တို့ကို လိုက်ညည်း နေတတ်သည့်၊ ဟာသတွေ အရွှန်းတွေ ဖောက်ရင်း ပြုံးနေတတ်သည့် သူ့ရုပ်ပုံကို မျက်စိထဲက ဖျောက်မရပေ။ စာရေးဆရာမ ဆိုပြီး အိမ်မှုကိစ္စတွင် ရှော်သည့် (အဘွားစကားနှင့် ရှော်လကွီး ဂွီး) ဆိုသည့် အစားထဲကလည်း မဟုတ်ပါ။ မန္တလေးပုံစံ အစားအသောက်ကို စုံစုံကောင်းကောင်းနှင့် ရှာရှာဖွေဖွေ စီမံစားတတ်ပြီး အဆီအအိမ့်၊ ဘိုစာ၊ တရုတ်စာတွေထက် တောစာ၊ တောငှက်၊ တောအရွက်တွေကို ခုံခုံမင်မင် ရှိလှသည်ကို အောက်မေ့လှပါ၏။
လူကြီးဆိုပြီး သူ့အတွက်သီးသန့်ပြင်ပေးသည့် အစားအသောက် ဟူသမျှကိုလည်း “ဟေ့…. မင်း စားပါကွ…။ ငါမကြိုက်လို့..” ဆိုပြီး မြေးတွေပန်းကန်ထဲ ထည့်ပေးတတ်သည့် မြန်မာအဘွားတယောက်သာ ဖြစ်ပါသည်။
သူနှင့်နေရသူအားလုံးစိတ်တွင် ဘယ့်အတွက်မှ စနိုးစနောင့်မဖြစ်အောင် စဉ်းစားလေ့ရှိပါ၏။ အဆာကျယ် ခြောက်စထောင်သည့် လူကြီးလူကျယ်အပေါက်မျိုး ချိုးသည်ကို ဘယ်အခါမှ သူ့တွင်မတွေ့စဖူး၊ သူ မကျေနပ်လျှင် မကျေနပ်ကြောင်း ပြောပြီးသည့်နောက် ရန်ငြိုးအကြွေး ထားတတ်သည့်အလေ့ကို အဘွားတွင်မတွေ့ရ။ ကွန်မြူနစ်ဖော်ကောင်ဘခက်နှင့် သခင်တင်မြတို့ လက်နက်ချတသိုက်ပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရေးမည်၊ ကျနော့်ကို ဝင်ကူပေးပါဆိုသည့် တခါကသာ သူ မကျေနပ် လွန်းလှသဖြင့် ဒီလူတွေရေးမည့်စာအုပ်သည် ဘယ်လိုမှ ကောင်းမည့်စာအုပ်မဟုတ်ကြောင်း ဝင်မပါရန် ပြောဖူးပါသည်။
အဘွားစကား နားထောင်သည့်အနေနှင့် အဘ သခင်တင်မြနှင့် လူချင်းခင်သော်လည်း ထိုကိစ္စဝင်မပါခဲ့မိပါ။ နောက်ပိုင်း သခင်တင်မြ ပရမ်းပတာတွေ ရေးနေသည်ကိုတွေ့မှ လူကြီးများ တယ်မြင်တတ်ပါလား အောက်မေ့မိပါသည်။
အယ်ဒီတာ စာအုပ်တိုက်ရှင် တယောက်ပြောဖူးသလို ဒေါ်အမာသည် သူ့ဆီ နည်းမျိုးစုံဖြင့် ချဉ်းကပ်လာသူ ဟူသမျှ တပြေးညီ ကောင်းမွန်စွာ ဧည့်ခံသည်ဆိုသည့်စကားကို အမှတ်ရပါသည်။ စာပေ၊နိုင်ငံရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ ထိတွေ့ခဲ့ရသူများတွင် ကူလီကူမာ အမြတ်ထုတ်မည့်သူများလည်း မနည်းခဲ့ပါ။
သိပင်သိသော်ငြား ထိုသူများအားလုံးကို လူကြီးပီပီ တည်တည်တံ့တံ့ ဆက်ဆံတတ်ပါ၏။ တခါက မေမြို့တွင် အပူရှောင်နေသော အဘွားဆီ သွားလည်ပြီး မန္တလေးအဆင်းလမ်းတွင် ဗိသုကာအယ်ဒီတာ ကိုမော်လင်း ပြောခဲ့ဖူးသော “ဒေါ်အမာ အသက်ရှည်တာ ခေတ်အဆက်ဆက် မျိုးဆက်သစ် လူတော်၊ လူကျော်တွေနဲ့ ထိစပ်နေခဲ့ပြီး ဘဝမှာ စိတ်ဝင်စားစရာ အသစ်အသစ်တွေ တွေ့နေနိုင်လို့ပဲ” ဟူသည့် စကားကိုလည်း ခုတိုင် သတိရမိတော့၏။
ကာတွန်းဘက်ကဆို ဦးဘဂျမ်း၊ ဦးဟိန်စွန်းမှသည် အော်ပီကျယ်၊ ကိုဇော်မောင်အထိ၊ စာပေမှာကား ဂန္ထလောကခေတ်မှ အင်တာနက်မီဒီယာခေတ်၊ နိုင်ငံရေးသမားဆိုလျှင် ၂၁ ဦး အညာသားပါတီခေတ်မှ ကျောင်းသားမျိုးဆက် အဆက်ဆက်ထိ။ ဂီတ…လူမှုရေး၊ ပညာရေး၊ အရာရှိ၊ သူဌေး၊ ဘုန်းကြီး စသည့် နယ်ပယ်စုံတွင် ဒေါ်အမာ၏ မိတ်သင်္ဂဟဆိုသူများမှာ ဦးလှမရှိသည့်နောက်တွင်ပင် ယုတ်လျော့မသွားဘဲ တိုးလို့သာ လာသည်ကို သတိပြုမိပါ၏။ မန္တလေးက လက်ဝဲအုပ်စုတွေဆိုပြီး ဘာသိဘာသာ နေခဲ့ကြ သူများပင် ယခုကာလ ဖိနှိပ်ဆုတ်ယုတ်မှုများကြောင့် သံဝေဂရပြီး အဝင်အထွက်လုပ်လာသည်ကို တွေ့ရသည်။
(၃)
“ဒေါ်အမာဆိုတာ ကွန်မြူနစ်မကြီးပါ” ဟု တိုးတိုး (ဝါ) ပေါ်တင်စော်ကားကြသည်ကိုလည်း (နိုင်ငံရေးအုပ်စုထဲကပင်) ကြုံရဖူးပါ၏။ အထူးသဖြင့် စစ်အစိုးရ အဆက်ဆက် ဝါဒမှိုင်းအောက်တွင် လူဖြစ်ကြသူများအဖို့ “ကွန်မြူနစ်ဆိုတာ ဝါးရင်းတုတ်နဲ့ လည်မျိုဆော်တဲ့ဘီလူးတွေ” ဟုသာ ခပ်ဝါးဝါးသိထားကြရာ သူတို့ နှစ်ခြိုက်သည့် စာရေးဆရာမကြီးက ကွန်မြူနစ်အမေ၊ ကွန်မြူနစ်ဟု လက်ခံချင်ကြပုံမရ။
ကျနော်လည်း ဟိုစဉ်က အဘွားတို့၊ ဦးစိန်ဝင်းတို့ အမေရိကန် မကောင်းကြောင်းပြောလျှင် သိပ်မကြေလည်လှ။ ဂျွန်ဝက်ဘ်စတန့်လေးတွေမြင်မှ ရှေးသတင်းစာဆရာတွေ တယ်ပါးတာပဲ၊ ငါတို့တွေ သိပ်အတာပဲဟုသာ သက်မချမိတော့သည်။
“လူမဆန်တဲ့ အရင်းရှင်စနစ်ကို ငါ ခုထိ လက်မခံနိုင်ဘူး” ဟု အဘွား ပြောခဲ့စဉ်က ရီဆက်ရှင်းမလာသေးပါ၊ ဗမာပြည်တွင် ဓာတ်ငွေ့လိုင်းတွေ ဖြတ်မဖောက်သေးပါ။ အဘွားမွေးနေ့တိုင်း လာနေကျ လူထုက စင်တင်ပေးလိုက်သည့် ရဲဘော်ကြီးက အိုင်ဒီယော်လော်ဂျီခေတ်ကုန်ပြီ၊ စစ်တပ်ကို မလှန်နဲ့တော့ ဆိုပြီး နိုင်ငံရေးပြည့်တန်ဆာ ဝါဒသစ်တရပ် ထူထောင်နေသည်ကို ဖတ်ရလေသော် အဘွားသုံးတတ်သည့် ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါမည်၊ ဗြိဇုံနဲ့ ဗြုံဇိ စသည့် အလုံးလေးများက ခေါင်းထဲပေါ်လာပါသည်။
အဘွားဖြတ်သန်းခဲ့ရာဘဝကို ပြန်စဉ်းစားလိုက်သော် ၁၉၃၆ သပိတ်ခေတ်မှစ၍ နိုင်ငံရေးနယ်ထဲ ကျွံမဝင်မိအောင် တတ်နိုင်သလောက် အလှမ်းခွာထားတတ်သည်ကို သတိပြုမိပါ၏။ သူ့ဘဝတွင် ပဲ့ကိုင်ရှင် သတင်းစာ ဆရာကောင်းတယောက်နှင့် လက်ထပ်ခဲ့ခြင်းကြောင့် တချို့စာရေးဆရာမ၊ ပညာရှင် အမျိုးသမီးများလို လိမ့်လိမ့်လဲလဲဘဝမျိုး နိုင်ငံရေးသိက္ခာကျ လူအရင်နာမည်သေသည့် အဖြစ်မျိုးနှင့် မကြုံခဲ့ရပေ။
သူ့ဘဝကို သတင်းစာမှတဆင့် အထက်ဗမာပြည်၊ နောက် တနိုင်ငံလုံးက စာဖတ်ပရိသတ်သို့ ကမ္ဘာ့ရေးရာသုံးသပ်ချက်များပေးပြီး စစ်အေးအန္တရာယ်ကို မီးမောင်းထိုးပြခြင်း၊ လူငယ်မျိုးဆက်သစ် သတင်းနှင့် အနုပညာသည်များ မြေတောင်မြှောက်ပေးခြင်း၊ သတင်းစာမရှိသည့်နောက် မြန်မာမှု အနုပညာသမိုင်းထုပ္ပတ်ကို ထိန်းသိမ်းဖော်ထုတ်ခြင်း၊ လူမှုစရိုက် ပညာပေးဆောင်းပါးများ ရေးခြင်းတွင် မြှုပ်နှံသွားခဲ့ပါ၏။
ထိုသို့ နယ်ပယ်စုံတွင် ကလောင်မြူးနိုင်သည့် အားသာချက်ကြောင့် သာမန် လက်ဝဲသတင်းစာဆရာများ ကြားတွင် စာပေပညာရှင် လူမှုသမိုင်းဆရာတယောက်အဖြစ် တင်ကျန်ခဲ့ပါသည်။ သို့ငြား တိုင်းပြည်တွင် အရေးကြီးလာပြီဆိုက ရှောင်သွေမလွှဲဘဲ နောက်က တိတ်တဆိတ်ပါတတ်ပါသေးသည်။
၁၉၈၈ က မန္တလေးထုတ် ၈ လေးလုံးသတင်းစာတွင် ခေါင်းကြီးရေး တည်းဖြတ်လုပ်ခဲ့သူဟု ဒေါ်အမာစာစု စာရင်းများတွင် တွေ့ရမည်မဟုတ်ပါ။ အခြေအနေ ဆိုးရွားလာချိန်တွင် မင်းကွန်းဆရာတော်ဆီ လူလွှတ်ပြီး ကြားဝင်ထိန်းပေးဖို့ ပြောခဲ့ပါသေးသည်။ သို့သော် ဆရာတော်က နိုင်ငံရေးနားမလည်ဟု ဆိုကာ လက်ရှောင် နေခဲ့သဖြင့် မနီလာပုံစံ နိုင်ငံရေးအပြောင်းအလဲကို မကြုံခဲ့ရပါ။
ဒေါ်ခင်ကြည် ဈာပနတွင် ဗိုလ်ချုပ်ကြီးတင်ဦးက “ဒေါ်ဒေါ် ကျနော်တို့အတွက် ဝင်အရွေးခံရမယ်နော်” ဟု စကားစသည်ကို ပြုံးနေခဲ့သဖြင့် ဆရာမင်းသုဝဏ်ကြုံရသော ဆင်းရဲဒုက္ခမျိုးမှ ကင်းဝေးခဲ့ရုံသာမက သူငယ်ချင်း အမ်အေဒေါ်အုန်းကဲ့သို့ အောင်ကြီးပါတီမှ ဝင်အရွေးခံမိ၍ အရှက်ကွဲရသည့်အဖြစ်ကိုလည်း မကြုံခဲ့ရ။ လွတ်လပ်သည့် နိုင်ငံရေးသတင်းစာဆရာအနေနှင့် ပညာရှိနှိပ်စက်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်း သိက္ခာရှိသည့် ဒီမိုကရေစီထွန်းကားရေးကို နောက်ဆုံးအချိန်ထိ ခိုင်ခိုင်မာမာ အားပေးသွားခဲ့သည်။
(၄)
ဆင်းရဲသော ဓားမနောက်ပိတ်ခွေးတိုင်းပြည်တွင် လူဖြစ်မိသော ကျနော်တို့တွင် ကံကောင်းလွန်းလှစွာ ကာလကြာရှည် အတူနေထိုင်ခဲ့ရသော အဘွား၏ လူ့သက်တမ်းကို မှတ်မှတ်ရရဖြစ်စရာဟု ဗီဒီယို မှတ်တမ်းများများ ရိုက်မထားနိုင်၊ မစုနိုင်ခဲ့ပါ။ သို့တွက် သူ့လက်ရေး လက်သား စာအုပ်၊ စာတမ်းတွေ့သမျှ အဝေးရောက် ကျနော်တို့အတွက် အမှတ်တရဖြစ်ရသည်။
များမကြာခင်က စင်္ကာပူနေ သမိုင်းပါမောက္ခတယောက်ဆီမှ ၁၉၃၆ မြန်မာ့အလင်း သင်္ကြန်စာစောင်တွင် မအမာ၊ တက္ကသိုလ် ဆိုပြီးရေးသည့် ဆောင်းပါးလေး တပုဒ်ရတော့ အင်မတန်မှ သူ့ကို အောက်မေ့ရသည်။ ငါရေးခဲ့လားတောင် မမှတ်မိတော့ပါဘူးဟုဆိုကာ ပြုံးနေမည့် သူ့မျက်နှာကိုလည်း မြင်ယောင်မိပါ၏။
သူရေးပြီးသားထဲမှ အဖြတ်အတောက်ခံပြီး စာအုပ်ဖြစ်မလာသေးသည့် စာများစွာ ကျန်နေပါသေးသည်။ အထူးသဖြင့် ကိုကိုးကျွန်းပို့ခံရသည့်သားအတွက် ခံစားချက် ကြုံတွေ့ရပုံအစုံကို ပြန်လွတ်ချိန်ထိ မှတ်တမ်းတင်ထားချက်များမှာ သမိုင်းတန်ဖိုး ကြီးလှပါသည်။ ပြန်လွှတ်မည့်အကြောင်း မေမြို့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ခေါ်ပြောပြီး အိမ်အပြန်တွင် မည်မျှ စိတ်တုန်လှုပ်ခံစားရပုံကို မှတ်သားထားသည်မှာ ဝတ္ထုရေးဆရာများပင် အတုယူလောက်ပါ၏။
ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေရင်း ဗြိတိသျှစာကြည့်တိုက်မှ ပက်ထရစ်ရှာ ဟားဗတ်ရေးသကဲ့သို့ ဒေါ်အမာကွယ်လွန်ခြင်းသည် ခေတ်ကြီးတခေတ်၏ အဆုံးသတ်ဖြစ်ပါသည်။ အမျိုးသားရေးစိတ်ဖြင့် လူ့ဘောင်သစ်တရပ် ထူထောင်မည်ဟူသော စိတ်ကူးကို အကောင်အထည် မဖော်နိုင်ခဲ့သည့် မျိုးဆက်၏ နိဂုံးလည်း ဖြစ်ပါသည်။ ထိုမျိုးဆက်၏ အလုပ်အမွေကို ပြီးမြောက်အောင် ဆောင်ရွက်မည့် လူချွန် လူကောင်း များများ ပေါ်ထွက်လာပါစေ၊ မြေတောင်မြှောက်ပေးနိုင်ကြပါစေဟုသာ မျှော်လင့်ရပါ၏။
နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သော လူထု ဒေါ်အမာ၏ မွေးနေ့အထိမ်းအမှတ် ဆောင်းပါး။
Ref: ဧရာဝတီ်
Read More...
Collapse...
■ အီးယူ ဒဏ်ခတ်မှုကြောင့် ဗိုလ်ချုပ်မှူးကြီး သမက် မာစီးဒီးကား ၀ယ်မရ သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မုန်တိုင်းသင့်ဒေသတွေကို ကွင်းဆင်း သတင်း
■ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် အလှူပွဲကျင်းပ သတင်း
■ လွှတ်ရက်စေ့ မြန်မာ့အကျဉ်းသား (၄၇) ဦး ပြည်တော်မပြန်နိုင် သတင်း
■ ကိုးကန့်အဖွဲ့ကို အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်း သတင်း
■ စစ်တွေတွင် ကျောင်းကားတစီး တိမ်းမှောက်၍ ကျောင်းသားတချို့ ဒဏ်ရာပြင်းထန်စွာရရှိ သတင်း
■ တရားမ၀င်သော နည်းလမ်းဖြင့် တရုတ်ဆိုင်ကယ် နေ့စဉ် တင်သွင်း သတင်း
■ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဟာ ဘယ်လိုဆက်စပ်နေပါသလဲ သတင်း
■ ရုရှား ညကပွဲရုံ မီးလောင်မှု လူ (၁၀၀) ကျော် သေဆုံး သတင်း
■ ရာသီဥတု ပြောင်းလဲမှု သိပ္ပံပညာရှင်တွေကို ကုလထောက်ခံ သတင်း
■ ကိုပင်ဟေဂင်ညီလာခံမှာ ရာသီဥတုဆိုင်ရာ မူဝါဒတွေ ချမှတ်ရေး တောင်းဆိုဆန္ဒပြ သတင်း
■ ကမ္ဘာဖလားဘောလုံးပွဲစဉ် အုပ်စုများခွဲပြီ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ လိုချင်သည့် ပုံစံလုပ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီး ယုံထားလား သတင်း
■ တိုက်ပွဲကြောင့် နယ်စပ်ဖြတ်ကျော်မှု ဒီကေဘီအေ ပိတ်ပင် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် သက်ဆိုင်ရာက ပြင်ဆင်ခွင့်ပေး သတင်း
■ ယုံကြည်မှုတည်ဆောက်ရေး မျှော်လင့်ချက်ဖြင့် ဘီဒီအာရ်တပ်မှူး မြန်မာသို့ သွားမည် သတင်း
■ ရခိုင်ပြည်နယ်မှ ရေအားလျှပ်စစ် ရခိုင်ပြည်သူများအတွက် မဟုတ်ပါ သတင်း
■ ဘေးဧရိယာက မြန်မာများက မြန်မာပြည်ကို ကူညီကြမည် သတင်း
■ မြန်မာကျပ်ငွေ ခိုင်နေမှုအပေါ် ဝေဖန်သုံးသပ်ခြင်း (ဆောင်းပါး)
Read More...
Collapse...
၁၅ နှစ်အောက် ကလေးများ နေထိုင်ခွင့် လက်မှတ် (ထောရော ၃၈/၁) လုပ်နိုင်ပြီ
အသက်၁၅ နှစ်အောက် ငယ်သော ရွှေ့ပြောင်းအလုပ်သမား တို့၏ သားသမီး ငယ်များသည် နေထိုင်ခွင့် လက်မှတ် (ထောရော၃၈/၁) ကို သွားရောက် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။ ထိုင်းဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွှေ့ပြောင်း အလုပ်သမားတို့၏ ၁၅ နှစ်အောက် ကလေးများကို ၁၉.၁၁.၂၀၀၉ နေ့ရက်မှ ၂.၁.၂၀၁၀ နေ့ရက် အထိ (၄၅ရက် အတွင်း) နေထိုင်ခွင့် လက်မှတ်ကို သွားရောက် လုပ်ဆောင်နိုင်ပါသည်။ ကုန်ကျငွေမှာ (၈၀) ဘတ်ဖြစ်ပြီး လုပ်ဆောင်ပုံ အဆင့်ဆင့်မှာ-
- အသက် ၁၅ နှစ် အောက် သား၊ သမီး ဖြစ်ရမည်။
- မြို့နယ် အုပ်ချုပ်ရေးရုံး(အမ်ဖေရုံး)နှင့် စည်ပင်သာယာရုံး (ထေ့စဘန်- ရေပန်းကုန်တိုက်နှင့် မျက်နှာချင်းဆိုင်) တို့တွင် သွားရောက် လုပ်ဆောင်ရမည်။
- ကုန်ကျငွေ ၈၀ ဘတ် (ဓါတ်ပုံခ၊ စာရင်းသွင်းခ ဘတ်၆၀၊ စာရွက်ထုတ်ခ ဘတ်၂၀)
- အဖေ၊ အမေ တို့၏ သက်တမ်း မကုန်သေးသော နေထိုင်ခွင့် လက်မှတ် (ထောရော ၃၈/၁) နှင့် လျှောက်လွှာ ထောတော ၁ နမူနာ ပုံပြထားသည့် အတိုင်း ဖြည့်ရမည်။
- ကလေးငယ်၏ အမည်ကို မြန်မာအမည်၊ ထိုင်းအမည် ကြိုက်ရာ ပေးနိုင်ပါသည်။
- အကယ်၍ ကလေးငယ်၏ နံပါတ်၁၃လုံး ပါသော မွေးစာရင်း ရှိပါက တပါတည်း ယူဆောင်လာရမည်။
- ကလေးတွင် ပညာရေး ဌာနမှ ထုတ်ထားသော ၁၀နှစ်ဘတ် (ပုံစံ၈၉) ရှိပါက ယူဆောင်လာရမည်။
- 1 လက္မ ဓါတ်ပုံ နှစ်ပုံနှင့် ဖေါင်ဖြည့်ရမည်။ ကလေး၏ အဖေ(သို့) အမေ ကိုယ်တိုင် သွားလျှင် ရပါသည်။
ကုန်ကျစားရိတ် ၈၀ ဘတ်သာ ကုန်ကျမည် သတိပြုပါ။ အသေးစိတ် မေးမြန်းလိုလျှင် ၀၈၃-၀၁၃၉ ၇၃၆

(ထောရော ၃၈/၁) နှင့် လျှောက်လွှာ
Read More...
Collapse...
■ ဒေါ်အောင်ဆန်းစုကြည်ပေးစာ တွေ့ဆုံဆွေးနွေးရေးလမ်းစ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်လက်ခံရေး ဗဟိုတရားရုံး စဉ်းစားမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု ကားကြော်ငြာ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ထောင် (၂) နှစ် ချမှတ်ခံရ သတင်း
■ လျှို့ဝှက်ချက်ပေါက်ကြားမှု တပ်မတော်အရာရှိဟောင်းကို ရုံးတင်စစ်ဆေးနေ သတင်း
■ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီး၏ ကြေညာချက် သတင်း
■ မြင်းခြံက နိုင်ငံရေးအကျဉ်းသား (၉) ဦးအတွက် ရှေ့နေ (၃) ဦး လိုက်မည် သတင်း
■ ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာ သတင်း
■ မြန်မာနဲ့ ဆွေးနွေးဖို့ အီးယူ ကမ်းလှမ်း သတင်း
■ တိုင်းရင်းသားအဖွဲ့တွေ မူးယစ်ဆေးဝါး ကင်းရှင်း သတင်း
■ DKBA နှင့် KNU တို့ကြား တိုက်ပွဲများ နှစ်လကြာ ရပ်ဆိုင်းနေ သတင်း
■ အန်ဒီအက်ဖ်က ကြေညာချက်ထုတ်ပြန် သတင်း
■ ရွေးကောက်ပွဲအတွက် ကချင်ပြည်တိုးတက်ရေးပါတီ၏ ပြင်ဆင်မှုများ သတင်း
■ မြန်မာနိုင်ငံမှာ လူနာတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေ သတင်း
■ မီဒီယာများကြောင့် မခိုင်ရွှန်းလဲ့ရည် သေဆုံးရမှု အရေးယူခြင်းဖြစ်သည် သတင်း
■ ပျဉ်းမနားမြို့က ရွှေဆိုင်တွင် သိန်းလေးထောင်ကျော်ဖိုး ပျောက်ဆုံး သတင်း
■ ကလေး-တမူးကားလမ်းတွင် ဂိတ်သစ်တခုဖွင့်၍ ငွေကောက်ခံ သတင်း
■ ကျပ်ငွေတက်သဖြင့် ပို့ကုန်ကုမ္ပဏီတချို့ တွက်ချေမကိုက် သတင်း
■ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆိုင်ကယ်ဝယ်ခွင့်နှင့် လိုင်စင်လုပ်ခွင့် ရပြီ သတင်း
■ ဆီးဂိမ်းတွင် မြန်မာအသင်း ဗိုလ်စွဲလျှင် ကျပ်သိန်း (၆၀၀၀) ထက်မနည်း ရရှိမည် သတင်း
■ နေတိုးနဲ့ အာဖဂန်တပ်ဖွဲ့ တာလီဘန်အပေါ် ထိုးစစ်သစ် ဆင်နွှဲ သတင်း
■ နအဖတပ်တွင်း သတင်းလုံခြုံရေး တင်းကြပ်ထားဟု ဆို သတင်း
■ အပစ်ရပ် မြောက်ပိုင်း SSA ဆက်တိုက် ဖိအားပေးခံနေရ သတင်း
■ စစ်အစိုးရနှင့် ပူးပေါင်းခဲ့သော မွန်တပ်ဖွဲ့အချင်းချင်း ပူးပေါင်းလိုခြင်းကြောင့် ခေါင်းဆောင် အထိန်းသိမ်းခံရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလက်ခံရေး ဗဟိုတရားရုံးက ကြားနာမည် သတင်း
■ လင်းလက်ကြယ် အပါအ၀င် ဂျာနယ်အယ်ဒီတာများ လွတ်ပြီ သတင်း
■ သရက်ထောင်က လယ်သမား (၁၂) ဦးအတွက် အယူခံဝင်မည် သတင်း
■ မူးယစ်ဆေးဝါးနှင့် မပတ်သက်ဟု မဒတ ရှင်းလင်းချက်ထုတ် သတင်း
■ ‘တစညပါတီ အလိုမရှိ’ ပိုစတာကပ်သူများ အဖမ်းခံရ သတင်း
■ ရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီ ဥပေဒလွတ် စည်းရုံးရေးဆင်း သတင်း
■ တပ်ရိက္ခာအတွက် စပါးဝယ်ရာတွင် လယ်သမားများ နစ်နာ သတင်း
■ စပါးထွက်နှုန်း လျော့နည်း၊ လယ်သမားများ စားဝတ်နေရေး ခက်ခဲနိုင် သတင်း
■ ရုရှားက မြန်မာကို လေယာဉ်ပေးမည် သတင်း
■ မခမ်းသော မျက်ရည် (ဆောင်းပါး)
■ ထိုင်းဘုရင်မွေးနေ့အတွက် မြန်မာအလုပ်သမားများလည်း လှူဒါန်း သတင်း
■ ဒူဘိုင်းရောက် မြန်မာလုပ်သားများ ဆက်လက်ရုန်းကန်ကြဦးမည် သတင်း
■ မြစ်ငယ်မြစ်ရေ ပေ (၂၀) ကျော် နိမ့်ကျ သတင်း
■ ငွေဆောင်တွင် ဆိုင်ကယ်မစီးရအမိန့် မထိရောက် သတင်း
■ အခွန်ဂိတ်များလာ၍ ဘုရားသုံးဆူလိုင်း ကားပြေးဆွဲသူ နည်းပါး သတင်း
■ အလှဖန်တီးရှင်များကို မြန်မာ့လူမှုဝန်းကျင်က လက်ခံလာပြီလား သတင်း
■ ဒရမ်မာထက် ဟာသကား ရိုက်ကူးမှု ပိုများလာ သတင်း
Read More...
Collapse...
ရဲဘော်ဖိုးသံချောင်း
၎ ဒီဇင်ဘာ ၂၀၀၉
၂ဝဝ၉ ခုနှစ်ရဲ့နောက်ဆုံးပိုင်းကို ရောက်လာလို့ ၂ဝ၁ဝ ကို မကြာခင် ရောက်တော့မယ်။ ဒါပေမယ့် နအဖ စစ်အစိုးရဟာ သူတို့ လမ်းပြမြေပုံရဲ့ ခြေလှမ်း နံပါတ် (၅) ဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်လည်း မဖွဲ့နိုင်သေး၊ ဥပဒေလည်း မကြေညာ နိုင်သေးဘူး။ ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ အာပေါင်အာရင်း သံလှတဲ့ မီဒီယာတွေ ထဲမှာလည်း မောင်းခတ်သံ၊ လော်စပီကာ သံတွေ မကြားရသေးဘဲ အလိုတော်ရိ မျိုးစုံရဲ့ တောခြောက်သံနဲ့ သင်္ကြန်အမြောက် သံတွေသာ ကြားနေရပါတယ်။ ရွေးကောက်ပွဲ ဆင်မည်းကြီးဟာ အမြီးမပြောနဲ့ ကိုယ်လုံးတောင် မရောက်သေး၊ ခေါင်းအလျှိုမှာတင် တစ်နေပါတယ်။
အာဏာရထားပါလျက်နဲ့ နအဖရဲ့ အခက်အခဲတွေက မသေးပါကလားလို့သာ မှတ်ချက် ချရပါတော့မယ်။
နအဖအနေနဲ့ ရွေးကောက်ပွဲကိုမြန်မြန်လုပ်၊ မြန်မြန်ပြီး၊ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံး အကောင်အထည် ပေါ်သွားတာကို မြင်ချင်လှတယ် ဆိုတာ ဘာမှသံသယ ရှိစရာမလိုပါ။ ဖွဲ့စည်းပုံ ဥပဒေ နောက်ခံရှိတယ် ဆိုတဲ့ လွှတ်တော် ပေါ်ထွက်ရင် နိုင်ငံတကာ အလယ်မှာ သူတို့အတွက် ဘယ့်ကလောက် အဓိပ္ပာယ်ရှိတယ် ဆိုတာ သူတို့သိပါတယ်။ နောက်ပြီး အမေရိကန်၊ အီးယူတို့နဲ့လည်း “မြူမှောင်ဝေကင်း” ဆက်ဆံနိုင်တော့မယ်လို့ သူတို့ တွက်ပါတယ်။ ဒီတော့ နအဖအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မဖြစ်မနေ မုချကို လုပ်ရတော့မယ့် ကိစ္စ ဖြစ်ပါတယ်။
ဒါပေမယ့် ပြဿနာက နအဖမှာ ထုတ်ပြောလို့မရတဲ့ အကျပ်အတည်းတွေ ရှိပါတယ်။ အဲဒါက (၄) သိန်း အင်အား တပ်ကြီးနဲ့လည်း ဖြေရှင်းလို့ မရတဲ့ အကျပ်အတည်း ဖြစ်ပါတယ်။
အဲဒီအထဲက တခုကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲမှာ ဝင်ပါအောင် လုပ်လို့ မရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် ရာခိုင်နှုန်း (၈ဝ) ကျော် (၉ဝ) ရဲ့ မဲတွေရထားတဲ့ ပါတီကြီးက ဝင်မပြိုင်ဘူး ဆိုရင် အတော်ကို အဓိပ္ပာယ် မဲ့သွားမယ်ဆိုတာ သူတို့ သိပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အမြင်မှာ ပြောစရာ ဖြစ်မှာပါ။ နအဖရဲ့ လက်သုံးတော် စာရေးဆရာ များကတော့ ဒီချုပ်မပါလည်း ဂရုစိုက်စရာ မလိုဘူးလို့ ပြောကောင်းပြော၊ ရေးကောင်း ရေးကြမှာပါ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်တဲ့ ရွေးကောက်ပွဲဟာ ဘရာဇီး မပါတဲ့ ကမ္ဘာ့ဖလားပွဲထက် အများကြီး ပိုမပြည့်စုံဘူးလို့ ပြောနိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တင်းခံနေတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ ဖြစ်နေတော့ နအဖ အစိုးရအဖို့ တပြားသားမှ လျှော့မပေးနိုင်တဲ့ ကိစ္စ ဖြစ်နေပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဘက်က ကြည့်ရင်လည်း ဒါလောက်လေးမှ တင်းမခံရင် သူတို့ပါတီရော၊ ဗမာပြည်ရဲ့အနာဂတ်ရော ရေစုံ မျောပြီဆိုတာ ရှင်းနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာချက်ကို ဆုပ်ကိုင်ထားသရွေ့ ရွေးကောက်ပွဲထဲကို ကျုံးသွင်းလို့ မရဘူးဆိုတာ ရှင်းနေပါတယ်။ တဖက်မှာတော့ အဖွဲ့ချုပ်ကလည်း ဒီကြေညာချက် အပေါ်မှာပဲ ခံတပ်ကို ခိုင်မာအောင် တည်ဆောက်နေတဲ့ သဘော တွေ့ရပါတယ်။ ခံတပ်တခုဟာ အတွင်းမှာ စည်းလုံး ညီညွတ်ကြမှ ခိုင်မာ တောင့်တင်းတယ် ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ နားလည်တယ်လို့ ယုံကြည်ပါတယ်။
ဘာပဲပြောပြော အခုတော့ ရွှေဂုံတိုင်ကြေညာချက်ဟာ နှစ်ဖက်နယ်ခြားမှတ်တိုင်လို ဖြစ်နေပါပြီ။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီတာဝန်ကို ထောင်ထဲမှာ စွန့်လွှတ်ခဲ့တဲ့ မောင်စူးစမ်းလို လူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဈေးဆစ်နိုင်တဲ့ အင်အားမရှိဘဲ ဈေးမဆစ်နဲ့လို့ ခြိမ်းခြောက် နေပါတယ်။ ဒါကြောင့် တချိန်က လက်နက်နဲ့ ဒီမိုကရေစီလဲရေး စာတမ်း ရေးခဲ့သူကြီးဟာ အခုတော့ လက်နက်မရှိရင် နိုင်ငံရေး ဈေးဆစ် အားမရှိဘူးလို့ ပြောနေပါ ကလားလို့သာ မှတ်ချက်ချမိပါတယ်။ တကယ်ကျတော့ အထက်မှာ ပြောခဲ့သလို နအဖမှာ အခက်အခဲတွေ တွေ့ရလေလေ ဒီလိုလူတွေက အတိုက်အခံတွေ အပေါ် မာန်ဖီပြလေ ဖြစ်နေတာပါ။
နောက်ပြဿနာတခုက အပစ်ရပ် အဖွဲ့အစည်းတွေ ကိစ္စ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ နအဖထင်သလောက် မီးမသေတာတော့ ရှင်းနေပါပြီ။ ကိုးကန့်ကို နှိပ်ကွပ် ပြလိုက်လို့လည်း ပြဿနာက မပြေလည်ပါဘူး။ စကားအားဖြင့် နယ်ခြားစောင့်တပ် ဘဝကို လက်ခံတယ်လို့ ပြောနေကြပေမယ့် ဈေးဆစ် နေကြပါတယ်။ ချုပ်လိုက်ရင် သူတို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာပါပဲ။ ညောင်နှစ်ပင် ညီလာခံတုန်းက အညစ်ခံထားရတာကို အပစ်ရပ် အဖွဲ့တွေ အနေနဲ့ အဲဒီတုန်းက ပြန်ပြောခွင့်မသာလို့ ငုံ့ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး အဆင့်မှာတော့ သူတို့လည်း အမောက်ထောင် ပြကြရတော့တာပါပဲ။
ဒီအထဲမှာ ပိုပြီးအခရာကျတဲ့ ပြဿနာတခုကတော့ နအဖ ထိပ်သီးပိုင်း အတွင်း ပြဿနာပါ။ သူတို့ထိပ်ပိုင်းမှာ ကျန်းမာရေး အရရော၊ အသက်အရွယ် အရပါ အပြောင်းအလဲတွေ လုပ်ကို လုပ်ရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ အနေနဲ့ ရွေးကောက်ပွဲ အကြောင်းပြပြီး ထွက်ပေးလိုက်ရင် ကောင်းမလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ ပြီးအောင်အထိ စောင့်ကြည့်ပြီးမှ ထွက်ပေးကြမလား ဆုံးဖြတ်ရ ခက်နေကြပါတယ်။ စစ်အုပ်စုတွေရဲ့ထုံးစံအတိုင်း တပ်နဲ့ ကင်းကွာသွားမှာကို သူတို့ အားလုံး လန့်ကြပါတယ်။ ဘာကောင်ကြီး ဖြစ်နေနေ တပ်နဲ့ ကင်းကွာလို့ကတော့ သုညဘဝ ရောက်တာပဲဆိုတာ သူတို့ အသိဆုံးပါ။ ဦးနေဝင်း သေပန်း မလှခဲ့တာကို သူတို့ မမေ့ပါဘူး။ သူတို့သာ လက်ရှိ ရာထူးတွေကို စွန့်လွှတ်လိုက်ရရင် လက်ရှိ စည်းစိမ်တွေဟာလည်း ရေပွက်ပမာ ဖြစ်လိမ့်မယ် ဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်ပါတယ်။ ခက်တာက ရွေးကောက်ပွဲ ဆိုတာကြီး ပြီးသွားလို့မှ တိုင်းပြည် ခေါင်းဆောင်ဆိုတဲ့ ထိပ်ပိုင်းမှာ ဒီမျက်ခွက်ကြီးတွေပဲ ပြန်တွေ့နေရရင် လူရီစရာ ဖြစ်မယ် ဆိုတာကိုလည်း ဒီဗိုလ်ချုပ်တွေ မစဉ်းစားလို့ မဖြစ်ပါဘူး။
ဒါဖြင့် ငါလည်းထွက်မယ်၊ မင်းလည်းထွက်ဆိုပြီး ဥပမာ ဗိုလ်ရွှေမန်းလိုလူကို အာဏာ လွှဲပေးလိုက် ရင်ရော သူတို့ထဲမှာ တည်တည် ငြိမ်ငြိမ် ရှိပါ့မလား။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလောက် သူတို့ တပ်ထဲမှာ သြဇာ မရှိတာတော့ အမှန်ပါ (ဒါကြောင့်လည်း အခု သူတို့ အထဲမှာ ဗိုလ်သန်းရွှေ ဖြစ်စေချင်သလို ဖြစ်အောင် လုပ်လို့ မရသေးတာ ဖြစ်ပါတယ်)။ ဒါပေမယ့် နောက်လူတွေက သူ့လောက်မှ မီးမသေရင် ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်နိုင်ပါတယ်။ အလွယ်ဆုံး ပြောရရင် ဗိုလ်ရွှေမန်းဟာ ဦးအောင်သောင်းကို အာ…မခံအောင် လုပ်နိုင်ပါ့မလား။ တခြားလည်း သူတို့ထဲမှာ အဲဒီလို တယောက်အပေါ် တယောက် နိုင်ပေါက်ကိုကိုင်ပြီး ပခုံးချင်း တိုင်းနေကြတာတွေ အများကြီး ရှိပါတယ်။
ဒီလိုအခြေအနေမျိုးတွေကြားမှာ နအဖစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း မကြေညာနိုင်၊ ရွေးကောက်ပွဲ ဥပေဒဆိုတာလည်း ထုတ်မပြောနိုင် ဖြစ်နေတော့ ဒီချုပ်အခက် ဒို့အကွက်ဆိုပြီး ရွေးကောက်ပွဲ ဝင်ဖို့ ခဲထားသူတွေ၊ ဗမာပြည်သားတွေကို ရွေးကောက်ပွဲမှာ မဲပေးနည်း သင်တန်းပေးမယ်လို့ အားခဲထားသူတွေ၊ ဒီရွေးကောက်ပွဲကနေ ပေါ်လာတဲ့ “စပေ့စ်” ထဲမှာ မျောက်က…ကရမယ်လို့ တရားဟောနေသူတွေ အားလုံးပဲ စိတ်မရှည်နိုင်အောင် ဖြစ်လာကြပါတယ်။ နောက်ပြီး သူတို့မှာ ပြောစရာတွေကလည်း ကုန်လာတယ်ဆိုတော့ စောင့်ရုံမှတပါး အခြားမရှိလို ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တချို့ကတော့ နအဖကိုတောင် စောင်းပါး ရိပ်ခြည်၊ ချိတ်ပြီး ဝေဖန်တာတွေ တွေ့လာရပါတယ်။
ပြန်ချုပ်ပါ့မယ်။ အခက်အခဲဟာ တဖက်တည်းမှာ ရှိနေတာ မဟုတ်ပါဘူး။ အားလုံးမှာ ရှိနေတာပါ။ အတိုက်အခံတွေမှာချည့် အခက်အခဲ တွေ့နေရတယ်၊ အမေရိကန်ရဲ့ ယက်တော သံတမန်ရေးကြောင့် ဗမာပြည် နိုင်ငံရေး ပြောင်းသွားပြီဆိုပြီး ကိုယ့်နိုင်ငံရေး ဘဝတခုလုံးကို ရွေးကောက်ပွဲထဲမှာ ပုံအောလိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။
၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရင် ဒီမိုက်ရေစီ ပိုဝေးသွားမယ်လို့ တချို့က ဆိုနေပါတယ်။ အဲဒီလို ပြောနေသူတွေ ထဲမှာ ရွေးကောက်ပွဲ မလုပ်ဘဲ နအဖ ဆက်မင်းမူနေရင် ဒီမိုကရေစီနဲ့ ပိုဝေးလိမ့်မယ်လို့ စေတနာကောင်းနဲ့ စိုးရိမ်သူများလည်း ပါပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေနဲ့ ဒီမိုကရေစီကို ရယူမယ်ဆိုတာက ပေါက်နေတဲ့ ရေဘူးနဲ့ ရေပါအောင် ယူမယ် ဆိုတာထက်တောင် ဆိုးပါတယ်။ ‘ထိုင်နေအကောင်းသား’ မုချဖြစ်မှာပါ။
Ref: ခေတ်ပြိုင်
Read More...
Collapse...
■ ပြည်သူတွေ၊ တပ်မတော်သားတွေ စည်းလုံးဖို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မှာကြား သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အိမ်လုံခြုံရေးအတွက် ပြုပြင် သတင်း
■ အမေရိကန် ဓာတ်ပုံသတင်းထောက်ကို ပြည်ဝင်ခွင့်မပေး သတင်း
■ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ဖယ်ရှားသင့်မသင့် ဆွေးနွေးပွဲ လန်ဒန်မှာ ကျင်းပ သတင်း
■ စီးပွားရေးနိုဘဲလ်ဆုရှင် နေပြည်တော် စီးပွားရေးနှီးနှောပွဲ အကြံပေးမည် သတင်း
■ EU ခေါင်းဆောင်တွေ စစ်အစိုးရ၀န်ကြီးချုပ်နဲ့ တွေ့မည် သတင်း
■ ရွေးကောက်ပွဲအပြီး နိုင်ငံတကာဆက်ဆံရေး ပိုကောင်းမည်ဟု မြန်မာသံအမတ် ပြော သတင်း
■ မြန်မာ့ဒီမိုကရေစီရေးကို အိန္ဒိယထောက်ခံသင့်ဟု နာမည်ကြီး အိန္ဒိယစာရေးဆရာ ပြောဆို (ရုပ်သံ)
■ လူမှောင်ခိုနှင့် ကလေးငယ်ခိုးမှု တရုတ်-မြန်မာနယ်စပ်မှာ ပြန်လည်ခေါင်းထောင်လာ သတင်း
■ လူနာသေဆုံးမှု ဆရာဝန် ဆမ (၅) နှစ် သိမ်း သတင်း
■ ဗီဒီယိုပြသခွင့်လိုင်စင်ကြောင့် ရန်ကုန်လက်ဖက်ရည်ဆိုင်များ တီဗီဖြုတ်သိမ်း သတင်း
■ ဆားလုပ်ငန်းရှင်များ အစိုးရချေးငွေ ပြန်မဆပ်နိုင် သတင်း
■ ဈေးပြောင်းရွှေ့ခိုင်းမှုကြောင့် ထောင်ချီသည့် ဈေးသည်များ အခက်တွေ့ သတင်း
■ ထိုင်းဘုရင့်မွေးနေ့ပွဲတွင် သီဆိုဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင် ပြောဆို သတင်း
■ စစ်အစိုးရ၏ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဗြိတိန်အမတ်များ တောင်းဆို သတင်း
■ တန်းတူအခွင့်အရေးရှိသည့် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မည်ဟု ကချင်ပါတီ ပြော သတင်း
■ မြန်မာ့အရေးမအောင်မြင်သော ဂန်ဘာရီ ဒါဖာအရေးဘက် ပြောင်းမည် သတင်း
■ နာဂအဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက် သတင်း
■ တောင်ငူဒေသတွင်း လုပ်အားခိုင်းစေမှု ပိုများလာ သတင်း
■ KPF ဥက္ကဌ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေ သတင်း
■ ကလလတ နယ်ခြားစောင့်တပ်ပြောင်းလဲမှု ပြည်သူများ ပိုမို၍ အခက်ကြုံနိုင်ဟု ကေအဲန်ပီပီ ပြော သတင်း
■ ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်ရှောင်အား အရှေ့တောင်တိုင်းမှ ခေါ်ယူတွေ့ဆုံ သတင်း
■ ၅၀၀၀ ကျပ်တန် အတုလုပ်သူတချို့ ဖမ်းဆီးရမိဟု ဆို သတင်း
■ ချင်းပြည်နယ် စားနပ်ရိက္ခာပြဿနာ ပိုဆိုးလာ သတင်း
■ ထောင်အတွင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကူးစက် သတင်း
■ အမေရိကန်စင်တာတွင် စာသင်သည့် နိုင်ငံခြားသူ ပြည်နှင်ဒဏ်ပေးခံရ သတင်း
■ တရုတ်-မြန်မာ ကုန်စည်ပြပွဲ ဖွင့်လှစ်၊ ဗိုလ်ချုပ်မှူးကြီး သမက် တက်ရောက် သတင်း
■ အလှဖန်တီးရှင်များ၏ ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ပြိုင်ပွဲ ရွှေ့ဆိုင်းရ သတင်း
■ စာမေးပွဲနီးချိန် မီးမမှန်၍ ဆယ်တန်းကျောင်းသားများ အခက်တွေ့နေ သတင်း
■ ရန်ကုန်လျှပ်စစ်မီး ခွဲတမ်းစနစ် ပြန်ဖြစ်ပြီ သတင်း
■ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီ သတင်း
■ စတစ်ဂ်လစ်ရဲ့ မြန်မာပြည်ခရီးစဉ် (ဆောင်းပါး)
■ ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ (ဆောင်းပါး)
■ အကယ်၍များ … ကျနော်နှင့် ကင်ဆာ (ဆောင်းပါး)
Read More...
Collapse...
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဖုန်းမက်ဆေ့များ ပျံ့နှံ့နေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်မှုကို လိုချင်တယ်ဆိုတဲ့ ဆောင်းပါးကို လူငယ်တွေကြား ဖြန့်နေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက် မြို့နယ်အဖွဲ့ချုပ်များ ထောက်ခံ သတင်း
■ ဂမ်ဘာရီ မြန်မာ့အရေးမှာ အောင်မြင်မှုမရခဲ့ သတင်း
■ မြန်မာစစ်အစိုးရမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုချိန် ထုတ်ပြန် သတင်း
■ အောက်တိုဘာလက ဖမ်းဆီးခံရသူ လူငယ် (၂၀) ဦးခန့် ပြန်လည်လွတ်မြောက် သတင်း
■ တောင်သူ (၁၂) ဦးရဲ့ အယူခံ သတင်း
■ လတ်တလောအဖြစ်ကြောင့် ကုသမှု မှားယွင်းမှုများ ထပ်မံသိရှိလာရ သတင်း
■ နာဂစ် (၁) နှစ်ခွဲ့ပြည့်၊ အဓိက စိုက်ပျိုးရေးအတွက် အကူအညီ လိုအပ်နေဆဲ သတင်း
■ နာဂစ်မုန်တိုင်းဒဏ်သင့်သူများ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးဆဲ သတင်း
■ မြန်မာဒုက္ခသည် အများအပြား မလေးရှား UNHCR အသိအမှတ်ပြု သတင်း
■ စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်ရရေး လောလောဆယ် မလွယ်သေး သတင်း
■ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများ တရားဝင် တည်ထောင်ခွင့် ထိုင်းအစိုးရ ကြေညာဖွယ်ရှိ သတင်း
■ မွန်ပညာရေးကျောင်းများ ဘဏ္ဍာရေး အခက်ကြုံ သတင်း
■ မြန်မာနှင့် မဲခေါင်ဒေသ သတင်းသမားများ ထိုင်းတွင် တွေ့ကြမည် သတင်း
■ (၉) ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကျင်းပ သတင်း
■ သုံးဆယ်ရေကာတာ နွေစပါးအတွက် ဆည်ရေလွှတ်ရန် အခက်အခဲဖြစ်နေ သတင်း
■ မြစ်ဆုံရေကာတာလုပ်ငန်း ပြန်လည်စတင်တော့မည် သတင်း
■ “သံလွင်ဟာ ငါတို့ဘဝ” ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ် သတင်း
■ လှေလမ်းကြောင်းပိတ်ပွဲကို ချောင်းဆုံနှင့် ကျွန်းချောင်းတွင် နှစ်နေရာ ကျင်းပ သတင်း
■ မော်လမြိုင် အောက်ဈေးကြီး ပြန်ဖွင့် သတင်း
■ ရန်ကုန် အမှိုက်ပုံ၊ အမှိုက်ကန်များတွင် အမှိုက်ကောက်ခွင့် မပြုတော့ သတင်း
■ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ မဲဆောက်မြို့တွင် ကျင်းပ သတင်း
■ အမေရိကန်စစ်သား ၃၀,၀၀၀ အာဖဂန်ကို ထပ်မံစေလွှတ်မည် သတင်း
Read More...
Collapse...
■ စစ်တပ်အတွင်း အပြောင်းအလဲများ စတင် သတင်း
■ မြန်မာပြည် အေအိုင်ဒီအက်စ် ရောဂါသည်နဲ့ ဆေး မမျှသေး သတင်း
■ NLD အေအိုင်ဒီအက်စ်နေ့ အခမ်းအနား သတင်း
■ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ထိုင်း-မြန်မာနယ်စပ်နဲ့ လိုင်ဇာမြို့မှာ ပြုလုပ် သတင်း
■ ခုခံအားကျဆင်းမှုတိုက်ဖျက်ရေး လွတ်လပ်စွာ ဆောင်ရွက်ခွင့်မရသေး သတင်း
■ HIV/AIDS ပညာပေးလုပ်ငန်းများ တိုးမြှင့်ရန် လှုပ်ရှားနေသူများ ပြောဆို သတင်း
■ အိမ်မှာနေရင်းကို ဒီရောဂါ ကူးစက်နေတာ (မဖြူဖြူသင်းနှင့် အင်တာဗျူး)
■ အတိုက်အခံ အမျိုးသမီး (၄) ဦးကို စွဲချက်တင် သတင်း
■ နှစ်ဘက်အကြား ညှိနှိုင်းဖြေရှင်းမည်ဟု SSA နှင့် PNLO ပြောဆို သတင်း
■ ကျောင်းသားတပ်မတော် ကျဆုံးရဲဘော်များအတွက် စောထဖောင်ဒေးရှင်း ဖွဲ့ သတင်း
■ ရဲတိုင်းမှူးသစ်လက်ထက် ရန်ကုန်မြို့လုံခြုံရေး ပိုမိုတင်းကျပ်လာ သတင်း
■ မွန်ပြည်သစ်ပါတီခရီးစဉ်ကို မသိရှိသည့်အတွက် ဂိတ်တာဝန်ခံ ဗိုလ်ကြီးတဦး ပြောင်းရွှေ့ခံရ သတင်း
■ တောတွင်းခရီးကြမ်း အပြေးပြိုင်ပွဲတွင် မပါဝင်၍ လုံထိန်းတပ်ရင်း (၂) ရင်းမှ ကျပ်ငွေ တသိန်းစီ ဒဏ်တပ်ခံရ သတင်း
■ စီးပွားရေးနိုဗဲလ်ဆုရှင်တဦး မြန်မာနိုင်ငံသို့ သွားရောက် အကြံပေးမည် သတင်း
■ မလေးရှား UNHCR မှ မွန်ဒုက္ခသည် တထောင့်ငါးရာကျော်ကို အသိအမှတ်ပြုပေး သတင်း
■ ရန်ကုန်ဝန်ထမ်းများ မော်တော်ဆိုင်ကယ် စီးနင်းခွင့် မရှိတော့ သတင်း
■ အောင်လံတောင်သူများ သီးနှံရင့်မှည့်ပေမယ့် မရိတ်သိမ်းနိုင် သတင်း
■ တင်ပို့မှုများ၍ ဘင်္ဂလာဒေ့ရှ်ဈေးကွက်တွင် မြန်မာသစ်များ ဈေးကျ သတင်း
■ အမည်မသိ လက်နက်ကိုင်တစု ပင်လုံမြို့ ရာအိမ်မှူးတဦးအား ပြန်ပေးဆွဲ သတင်း
■ တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားသို့ WLB တက်ရောက် သတင်း
■ ၂၀၁၂ ကမ္ဘာပျက်မည့် ရုပ်ရှင်ကား မြန်မာပရိသတ်အကြား ရေပန်းစား သတင်း
■ လူထုဒေါ်အမာ (သို့မဟုတ်) ပြည်သူချစ်သော ကလောင်ရှင် (ဆောင်းပါး)
■ အဖေနဲ့ ဂျက်ကိုး ဦးအောင်ဖြိုး (ဆောင်းပါး)
■ အများအတွက် အသက်ရှင်လိုသူ (ဆောင်းပါး)
■ ဒုတိယတလှမ်း (ဆောင်းပါး)
■ ဒီမိုကရေစီအာဘော် မီဒီယာခေတ်ပြိုင် (ဆောင်းပါး)
■ သတင်းမှားများနှင့် လူ့အဖွဲ့အစည်း (ဆောင်းပါး)
Read More...
Collapse...
အောင်သက်ဝိုင်း
Tuesday, 01 December 2009 16:19
ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး သေဆုံး ခဲ့ရခြင်းနှင့် ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များက အကျယ်တ၀င့် ရေးသား ဖော်ပြပြီးနောက် သက်ဆိုင်ရာ ဆေးခန်းနှင့် အထူးကု ဆရာဝန်ကြီး တို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ဆေးကောင်စီက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။
ယင်းသို့ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် ဆေးခန်းနှင့် ဆရာဝန်တို့၏ လုပ်ရပ်သည် တာဝန်မဲ့သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာသည့်အတွက် ထိုသို့ စုံစမ်း စစ်ဆေးမှုများ စတင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီလ၂၆ ရက်နေ့မှာ အထူးအစည်းအဝေး ခေါ်ပြီး ဖွဲ့တယ်၊ စစ်ဆေးမှုတွေ စလုပ်ပြီ”ဟု ၎င်းက ဆိုသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဆေးပညာ ဆိုင်ရာ အငြိမ်းစား ပါမောက္ခ၊ ဌာနမှူးများနှင့် လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဆရာဝန်ကြီး များပါဝင်ကာ စုံစမ်းစစ်ဆေးမှုများကို သီတင်းတပတ် ပြုလုပ်မည်ဟုလည်း သိရှိရသည်။
အကယ်၍ မခိုင်ရွှန်းလဲ့ရည်အမှုတွင် ဆေးကုသမှုမှားယွင်းကြောင်း စစ်ဆေး တွေ့ရှိပါက လူနာကို ကုသပေးခဲ့သော အထူးကု ဆရာဝန်ကြီး၏ ဆေးကုသခွင့် လိုင်စင် အသိမ်းခံရမည် ဖြစ်ပြီး ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) သည် တရားဝင် ၀န်ချ တောင်းပန်မှု ပြုလုပ်ကာ လူနာရှင်ကို လျော်ကြေး ပေးရဖွယ် ရှိကြောင်း ဆေးကောင်စီ တာဝန်ရှိသူက ဆိုသည်။
“တကယ်ပဲ ဆေးကုသမှု မှားယွင်းတယ်ဆိုရင်တော့ အထူးကု ဆရာဝန် (ဆမ) အသိမ်းခံရပြီး ဆေးခန်းကလည်း လူနာရှင်ကို လျော်ကြေး ပေးရတာမျိုး ဖြစ်နိုင်တယ်၊ စုံစမ်းလို့ရတဲ့ ရလဒ် အပေါ် မူတည်ပြီး ဘယ်လို အရေးယူမလဲ ဆိုတာ အစည်းအဝေးခေါ် ဆုံးဖြတ်မယ်” ဟု ၄င်းကပြောသည်။
အဆိုပါ အသက် ၁၅ နှစ်အရွယ် ၉တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင် ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ် အထူးကု ဆရာဝန်ကြီးက အူအတက်ရောင် ရောဂါ ဖြစ်နေသည်ဟု ပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မခိုင်ရွှန်းလဲ့ရည်ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အစိုးရ၏ ညံ့ဖျင်းသော ပြည်သူ့ ကျန်းမာရေး စီမံခန့်ခွဲမှုများ ရှိနေသည်ကို မီးမောင်း ထိုးပြသော ဖြစ်စဉ်တခု ဖြစ်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည် ကဲ့သို့သော ဖြစ်ရပ်မျိုး တွေ့ကြုံ ခံစားရမှုများ ပုဂ္ဂလိက ဆေးရုံများနှင့် အစိုးရ ဆေးရုံများတွင် နှစ်ပေါင်းများစွာ ကပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး ယခုမှ ပြည်တွင်း သတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် လူအများ သိရှိခြင်း ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍတွင် ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း အငြိမ်းစား ကျန်းမာရေး ၀န်ထမ်းတဦးက ဝေဖန် ပြောဆိုသည်။
ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိဆေးရုံ၊ ဆေးခန်းများ အားလုံး ၂၀၀၇ ခုနှစ် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ဥပဒေအရ တရားဝင် လိုင်စင် ပြန်လည် လျှောက်ထားရမည် ဖြစ်ပြီး မခိုင်ရွှန်းလဲ့ရည် ကဲ့သို့သော ဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက ကုသသည့် ဆေးခန်းနှင့် ဆရာဝန်များကို တရားစွဲဆို၍ ဥပဒေအရ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
Ref: ဧရာဝတီ်
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88