Tuesday, January 25, 2011

Uncensored Burma - Daily News ( 2011 Jan 24)

Uncensored Burma

Read More...

NLD တရားဝင် ရပ်တည်ခွင့် နောက်ဆုံး လျှောက်လဲချက် ပြီးပြီ

ဦးဇော်ဝင်းလှိုင် တနင်္လာ, 24 ဇန်နဝါရီ 2011။ ။


NLD ပါတီ တရားဝင် ရပ်တည်ခွင့် ရှိရေးအတွက် တရား ရုံးချုပ်မှာ အထူးအယူခံ ၀င်ထားတဲ့ အမှုကို ဒီကနေ့ နေပြည်တော် တရားရုံးချုပ်မှာ နှစ်ဘက် ရှေ့နေတွေက နောက်ဆုံး လျှောက်လဲချက် တင်သွင်း ခဲ့ကြပါတယ်။ နောက်ဆုံး စီရင်ချက် ဘယ်တော့ ချမယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ဒီကိစ္စဟာ ဥပဒေ လမ်းကြောင်းအရ မှန်ကန်နေတဲ့အမှု ဖြစ်တာကြောင့် ဒီအမှုကို ပယ်မယ့်အစား လက်ခံမယ်လို့ သူတို့အနေနဲ့ မျှော်လင့်ကြောင်း အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုဖို့ NLD ပါတီက ဆုံးဖြတ် ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ထုတ်ပြန် ထားတဲ့ ဥပဒေတွေအရ ပါတီအနေနဲ့ နိုင်ငံရေး ပါတီ အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သလို ဖြစ်သွားခဲ့တဲ့ နောက်ပိုင်း ပါတီ တရားဝင် ရပ်တည်ပိုင်ခွင့် ရရေးအတွက် တရားစွဲဆို ထားခဲ့တာပါ။

အရင် စွဲဆိုချက်တွေကို တရားရုံးချုပ်က ပလပ်လိုက်ပေမဲ့ အခုနောက်ဆုံး နေပြည်တော် တရား ရုံးချုပ်မှာ တင်သွင်း ထားတဲ့ လျှောက်လဲချက်နဲ့ ပတ်သက် လို့တော့ ဒီကနေ့ နေပြည်တော် တရားရုံးချုပ်က နှစ်ဘက် ရှေ့နေတွေရဲ့ လျှောက်လဲ ချက်တွေကို ကြားနာခဲ့တဲ့ အကြောင်း NLD ပါတီ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်၊ ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင် ရှေ့နေ တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒီနေ့မနက် ၁၀ နာရီမှာ နှစ်ဘက်ပေါ့၊ ကျနော်တို့ တဘက်ရယ်၊ အစိုးရဘက်က ရှေ့နေချုပ်ရုံးရယ်၊ လျှောက်လဲချက် ပေးပါတယ်။ ၁၂ နာရီဝန်းကျင်မှာ ပြီးပါတယ်။ ကျနော်တို့ဘက်ကတော့ ဆရာ ဦးကြည်ဝင်း ကိုယ်တိုင် လျှောက်လဲချက် ပေးပါတယ်။ အဲဒါကို အမိန့်ကျဖို့ရက် မရသေးပါဘူး။ ကျနော်ကတော့ Order Result ပေါ့၊ အမိန့်ချမှတ်ရန် သီးသန့်ထားသည်ဆိုတော့ ကျနော်တို့ အဲဒါ အမိန့် စောင့်ရဦးမယ်။ လျှောက်လဲချက်ပေးတဲ့ အဆင့်ပါပဲ။ ကိုယ့်ဘက်က လျှောက်လဲချက် ပေးတယ်၊ ဟိုဘက်က လျှောက်လဲချက် ပေးတယ်၊ အဲဒါပါပဲ။”

အစိုးရရှေ့နေတွေဘက်ကတော့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေသစ်တွေကို ကိုးကားပြီး တင်ပြခဲ့တဲ့ အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြော ပြပါတယ်။

“သူတို့ကတော့ ဒီဥစ္စာ မှန်တယ်ပေါ့။ ဥပဒေအသစ် ထွက်နေပြီ၊ ဥပဒေအတိုင်းပဲ ဘာညာပေါ့ဗျာ။ ကျနော်တို့ ကတော့ အသေးစိတ် ပြောပါတယ်။ ကျနော်တို့ ပြောတဲ့ အသေးစိတ်ကိုလည်း ဟိုဘက်က အသေးစိတ်တော့ မတုံ့ပြန်ဘူး။ မတုံ့ပြန်ဘူးဆိုတာ သူတို့ Ready မဖြစ်တာလည်း ပါမှာပေါ့ဗျာ။ အကြမ်းဖျင်းအားဖြင့်တော့ အစိုးရဘက်က ဒါ မှန်တယ်လို့ ပြောတာပေါ့။ ကျနော်တို့ကတော့ လုံးဝ လွဲမှားနေတဲ့ အကြောင်း ဥပဒေ အထောက် အထားနဲ့ ပြောတာပါ။”

အခု သူတို့ဘက်က လျှောက်လဲချက်ဟာ ဥပဒေလမ်းကြောင်းအရ မှန်ကန်တဲ့ လျှောက်လဲချက် ဖြစ်တာကြောင့် လျှောက်ထားချက် အပေါ် တရားရုံးက လက်ခံမယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့ အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော့်အနေနဲ့တော့ ဥပဒေကြောင်းအရ ကောင်းတဲ့အတွက် ပယ်လိုက်တယ် ဆိုတဲ့အစား လက်ခံလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် တရားရုံးက NLD ပါတီ တရားဝင် ရပ်တည်ခွင့် ရှိရေးအတွက် လက်ခံပြီး ဆုံးဖြတ်ချက် ချပေးလိုက်ရင် ပါတီ အနေနဲ့ တရားဝင် နိုင်ငံရေး ပါတီ အဖြစ် ရပ်တည်ခွင့်ရှိမှာ ဖြစ်ပေမဲ့ တရားရုံးက ပယ်လိုက်ရင်တော့ NLD ပါတီဟာ တရားဝင် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ခဲ့တဲ့ NLD ပါတီ အနေနဲ့ အဲဒီ ဥပဒေတွေနဲ့ ငြိစွန်းပြီး တရားဝင် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် မရတော့သလို ဖြစ်ခဲ့ပေမဲ့ NLD ကတော့ အရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တရားဝင် မှတ်ပုံတင်ထားပြီး ဖြစ်တဲ့အတွက် မှတ်ပုံ ထပ်တင်စရာ မလိုတော့ဘူးလို့ အစောပိုင်းက ပြောထားခဲ့ဖူးပါတယ်။

Ref: VOA News

Read More...

Monday, January 24, 2011

ကံ ဆိုတာ '' အလုပ် '' ပါပဲ

စနေနေ့၊ ဇန်နဝါရီလ ၂၂၊ ၂၀၁၁

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် NEWSWEEK သတင်းထောက်တို့ အင်တာဗျုး


မြန်မာပြည် တပ်မတော် အစိုးရ ၏ ထိန်းသိမ်းမှု အောက်တွင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မှ စီးပွားရေး ပိတ်ဆို့မှုများ၊ ကံကံ၏ အကျိုး နှင့် နောင် အနာဂတ် အကြောင်းများကို NEWSWEEK သတင်းထောက် DANIELLE BERNASTEIN နင့် အင်တာဗျုးတွင် ပြောကြားခဲ့ ပါသည် ။

နေအိမ် အကျယ် ချုပ် ချထားခဲ့တာကြောင့် ခငိဗျားရဲ့ အချိန် တော်တော် များများ ကို ရေဒီယို နားထောင်ရင် ကုန်ဆုံး ခဲ့ရတယ်ဆိုတော့ ဘာတွေ ကို ခင်ဗျား နားထောင် ဖြစ်ပါ သလဲ ?

နိုင်ငံရေး အကြောင်းနဲ့ ပတ်သတ်တဲ့ အစီအစဉ်တွေ ကတော့ တာဝန်တစ်ရပ် အနေနဲ့ နားထောင် ဖြစ်ပါတယ်။ အလုပ် တစ်ခု ပဲပေါ့လေ။ ဒါပေ့မယ့်လို့ ယဉ်ကျေးမှု ဆိုင်ရာ အစီအစဉ် တွေကတော့ ကျမ အကြိုက်ပါပဲ။ ကျမက ဘီဘီစီ အသံလွင့် အစီအစဉ် တော်တော် များများ ကို နားထောင် ဖြစ်ပါတယ်။ ဒါပေမယ့် ကြည့်ရတာ သူတို့မှာ တေးဂီတ အစီအစဉ်တွေ အတွက် အချိန် သိပ်မပေးနိုင်တာ ကိုတွေ့ရပါတယ်။ ကျမ နားထောင်တဲ့ အချိန် ကလည်း ဘီဘီစီ မြန်မာဘာသာ အစီအစဉ်နဲ့ လွတ်လပ်သော အာရှအသံ လာတဲ့ အချိန် မို့လို့လဲ ဖြစ်နိုင်ပါတယ်။

တစ်နေ့ကို အနည်းဆုံး ခြောက်နာရီ လောက်တော့ နားထောင် ဖြစ်ပါတယ် ။ အချိန် တိုင်းမှာလဲ ကြောက်စရာ တုန်လှုပ်စရာ သတင်းတွေချည်း ကြားနေရတယ်။ ကြည့်ရတာ ကတော့ ရာသီဥတု ဖေါက်ပြန် ပြောင်းလဲတာ၊ အကြမ်းဖက် တိုက်ခိုကတာ တွေဟာ မြန်မာပြည်မှာတင် မဟုတ်ပဲ ကမ္ဘာ တစ်ဝှမ်း လုံးမှာ ဖြစ်ပွားနေတယ် လို့ ထင်ပါတယ်။ မြန်မာပြည်ထဲ မှာ တင်မက ပါဘူး ရေးလွမ်းမိုးမှု တွေ၊ ငလျင်လှုပ် ခတ်မှုတွေ၊ ဆိုင်ကလုံး မှုန်တိုင်း တွေ စတာတွေပေါ့။

ဒါဆိုရင် ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု ( မြန်မာပြည် စစ်အစိုးရ ကို ဆန့်ကျင် ရှုံချမှု ) ပေါ့လေ .. ဒီသတင်းကို ကြားရတော့ ခင်ဗျား ဘယ်လို ခံစားရပါသလဲ ?

ကျမ စဖြစ်ကတည်း ကသိလိုက် တယ်၊ အဲဒါက အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်ဘူးလို့။ ကျမ အရမ်း ၀မ်းနည်းရပါတယ်။ ဒါပေမယ့် ဒီ ဖြစ်စဉ်ဟာ လူတော်တော် များများ ရဲ့ စိတ်ကို ပြောင်းလဲအောင်တော့ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါဟာ အရမ်း အရေးကြီးတဲ့ အချက်ပါပဲ ။ ကျမ ထင်တာပေါ့လေ ..လူတော်တော် များများ က နိုင်ငံရေး ဆိုတာ သူတို့ စိုးရိမ်စရာ ကိစ္စမဟုတ်ဘူး လို့ ထင်နေတာ သံဃာတွေ တွေ အပေါ်မှာ ပြုမှု လိုက်တဲ့ အခါ ကျတော့ ဒီနိုင်ငံ မှာ ဖြစ်နေတဲ့ ကိစ္စတွေ ကို လုံးလုံး လစ်လျု ရှု လို့ရပါလား လို့ နက်နက်ရှိုင်းရှိုင်း သိသွား ကြပါတယ်။

ခင်ဗျား ဟာ စီးပွားရေးပိတ်ဆို့ထားမှု အပေါ်မှာ ခေါင်းမာမာနဲ့ (မြန်မာစစ်အစိုးရ၏ ဖိနှိုပ် လွမ်းမိုး အုပ်ချုပ်ထားမှုများအား ဆန့်ကျင်၍) ရပ်တည် နေမှုကြောင့် ဝေဖန်ခံ နေရတယ် နော် ?

အချို့ လူတွေ ကတော့ စီးပွားရေးပိတ်ဆို့မှု ကို နိုင်ငံတွင်း စီးပွားရေး ဖွဲ့စည်းပုံ ပျက်နေရတာ ဒါကြောင့် ဆို ပြီး ဆင်ခြေ ဆင်လက် ပေးကြပါတယ်။ ဒါပေမယ့် စီးပွားရေးဆိုင်ရာ ပညာရှင်တွေက တော့ အဓိက ပြသာနာကြီးက လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ လိုအပ်ချက်တွေ ကြောင့် လို့ထင်ကြတယ်၊ ပြီးတော့လည်း IMF (နိုင်ငံ တကာ ငွေကြေးရန်ပုံငွေ အဖွဲ့ ) ပြောနေတာကလည်း စီးပွားရေး ပညာရှင်တွေ နဲ့ အတူတူ ပါပဲ။

ဒါဆို သူတို့ ဘာလို့ မပြောင်းတာလဲ ?

ဘာလို့လဲ ဆိုတော့ တစ်ချို့လူတွေ က ဒီစီးပွားရေး ပိတ်ဆို့မှု ရှိနေလည်း အပြင်ကနေ ကောင်းကောင်း လုပ်နိုင်တာပဲလေ ဒီလို ပါဝါသုံးပြီး ပိတ်ထားလည်း တစ်ဦးချင်း အလိုက် တစ်ယောက်ချင်း အလိုက် အနည်းစု အတွက် ကိုတော့ ပြောင်းလဲ ချင်အောင် စွမ်းဆောင် မထားနိုင်ပါဘူး ။

ခင်ဗျားတို့ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေ က အသက်ကြီးနေပြီ ဆိုတော့ ဒီ လစ်ဟာနေတဲ့ အပေါက်ကို ဘယ်လို ဖာထေး မှာပါလဲ ?

ဒီနိုင်ငံထဲမှာ နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ သင်ယူ လေ့လာနေတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ သူတို့နဲ့ အပြိုင် နိုင်ငံ ရပ်ခြားကို ရောက်ရှိနေလို့ သိပ်မသိကြသေးတဲ့ လူငယ်တွေလည်း ရှိပါတယ် ။သူတို့လဲ သင်ယူ လေ့လာ နေကြတာပါပဲ။ ဒီနိုင်ငံ ကနေ ထွက်ခွာပြီး ပညာရေး စနစ် ကောင်းကောင်း နဲ့ ပညာ သင်ယူနေတဲ့ လူငယ်တွေကို ကျမတို့နဲ့ အလုပ်လုပ် ဖို့  ဒီနိုင်ငံကို ပြန်လာ စေချင်ပါတယ်။ ဒါဟာ လစ်ဟ သွားတယ်လို့ မခေါ်ပါဘူး ။ ကျမတို့ ဆန္ဒရှိနေတာ ထက် နည်းနည်းလေး နည်းတယ်ဆိုယုံပဲ။

တကယ်လို့ ဆက်နေဖို့ ရွေးချယ် လိုက်တဲ့ သူတွေ အနေနဲ့ရော ဘယ်လို အခက်အခဲ တွေနဲ့ ရင်ဆိုင် ရနိုင်ပါလဲ ?

အခက်အခဲ အတားအဆီးတွေက အများကြီးပါပဲ ။ ဒါတွေ ကိုတစ်ခုခြင်း လိုက်ပြီး ရေတွက် မနေနိုင်ပါဘူး ကျမ စဉ်းစားနေတာ '' အခက်အခဲ အတားအဆီး '' ဆိုတာထက် ပို ထိရောက်တဲ့ စကားများရှိ ဦးမလားလို့ပါ။

သူတို့အဖေ တွေ ရဲ့ ခြေရာကို နင်းနိုင်ပြီး နိုင်ငံ အတွက် အလုပ်လုပ်ပေးမယ့် အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တွေ က နည်းနည်းလေးပဲ ရှိတယ်နော်။ အဲဒါ ခင်ဗျား အတွက်ဆို မှန်ပါမလား ?

ကျမ အဖေ( မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း ) ဟာ ကျမ အတွက်တော့ စံပြပါပဲ။ ကျမရဲ့ ဖခင် လည်း ဖြစ်သလို ကျမရဲ့ ခေါင်းဆောင် လည်း ဖြစ်တယ်။ ကျမလုံးဝ ဥသုံ ယုံကြည်တဲ့ ပုဂ္ဂိုလ် ဘာကြောင့်လဲ ဆိုတော့ ကျမက သူရဲ့ ဘ၀ သူရဲ့ အလုပ် နဲ့ သူရဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို လေ့လာခဲ့ လို့ပါ။

ဒါခင်ဗျားရဲ့ ဘ၀ပေး ကံ အကြောင်းတရားပဲ လို့ထင်ပါသလား ?

ဒါကျမရဲ့ ကံ အကျိုးပေး လို့ကျမ မထင်ပါဘူး။ မြန်မာတွေ ဟာ ကံ ကံ ၏ အကျိုးနဲ့ ပတ်သတ်ပြီး ပြောတတ် ကြတဲ့ စကား တစ်ခွန်း ရှိပါတယ် ကျမလည်းပဲ လူတွေ ပြောကြတာကို လက်ခံပါတယ် ကံ ဆိုတာ အကျိုးရှိလို့ အကြောင်း ရှိတာ .. ကံ ဆိုတာ '' အလုပ် '' ပါပဲ...

ရှင် အစေ့ချခဲ့ တဲ့ အပင် ကို ရှင်ပြန်လည် ရိတ်သိမ်းခူးဆွတ် ရမှာပဲလေ။ ရှင် ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ ရှင် ရဲ့ အလုပ် ကြောင့် ရှင်ရဲ့ ကံကြမ္မာ ဖြစ်ပေါ် လာတာပဲလေ။ ရှင်ကိုယ်တိုင် လုပ်ခဲ့တဲ့ အကျိုးကို ရှင် ပြန်ခံစားရမှာပဲ ။ ကျမက တော့ ကံကြမ္မာ ကို ဘ၀ပေးကြောင့်တို့၊ ဘုရားသခင်ရဲ့ အလိုတော် အတိုင်းတို့ စသည် ပုံစံမျိုး မယူဆပါဘူး ။

ခင်ဗျား ခံစားခဲ့ရတဲ့ ခက်ခဲတဲ့ အချိန်တွေကို ဟာသ တစ်ခုလို့ ဖေါ်ပြချင်တာလား ?

အဲ့ ဒီ အတိုင်းပါပဲ ။

Ref: ဒေါင်းမာန်ဟုန်

Read More...

စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၁)

ရော်နီညိမ်း
စနေ, 22 ဇန်နဝါရီ 2011

တပ်မှူးတပ်သား ပြောစကား (၀၄၄)

ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့ အမိန့်နာခံမှု အကြောင်းကို မြန်မာ့ တပ်မတော်ရဲ့အမိန့်နာခံမှုနဲ့ ယှဉ်တွဲပြီး၊ ဒီ သီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၁)” ခေါင်းစဉ်နဲ့ စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ကမ္ဘာပေါ်က စစ်တပ်တိုင်းမှာ မရှိမဖြစ် လိုအပ်ချက် တစ်ခုကတော့ အထက်က ပေးအပ်တဲ့ အမိန့်ကို နာခံလိုက်နာ ဆောင်ရွက်ခြင်းပါ။ ရန်သူနဲ့ ရင်ဆိုင် တိုက်ခိုက် နေကြချိန်မှာ ဘယ်လောက်ပဲ ရန်သူရဲ့ ကျည်ဆံ မိုးတွေ ရွာသွန်း နေပါစေ၊ စစ်သည်တွေဟာ အထက်က အမိန့်အတိုင်း ရန်သူ့ တောင်ကုန်းကို လှံစွပ် တက်ထိုးဆို တက်ထိုး ကြပါတယ်။ ရန်သူရဲ့ ပစ်ကွင်းထဲကို အတင်းဝင် ရန်သူနဲ့ လုံးထွေး တိုက်ခိုက် ကြပါတယ်။ ရန်သူရဲ့ သင်္ဘောကြီးပေါ်ကို မိမိရဲ့ တိုက်လေယာဉ်နဲ့ ဦးစိုက်ထိုးချ တိုက်ခိုက်ခဲ့ကြတဲ့ ခါမိခဇဲ (Kamikaze) ခေါ် အသေခံ ဂျပန် တိုက်လေယာဉ်မှူး တွေလည်း ဒုတိယ ကမ္ဘာစစ်မှာ ပေါ်ထွက် လာခဲ့ပါတယ်။ ဒါဟာ စစ်မြေပြင်မှာ အထက်က အမိန့်ကို တသွေမတိမ်း နာခံပြီး တိုက်ကြ ခိုက်ကြရတဲ့ စစ်သားဘ၀ရဲ့ လေ့ကျင့်ထားတဲ့ ပြုမူ ဆောင်ရွက် ချက်တွေပါ။ ရန်သူနဲ့ သူသေ ကိုယ်သေ တိုက်ခိုက် နေရတယ် ဆိုတဲ့ အခြေအနေ ပေါ်မှာ အနိုင်မခံ အရှုံးမပေး လိုတဲ့ စိတ်ဓါတ်၊ ငါ့တပ်မတော် ငါ့တိုင်းပြည်အတွက် ငါ့ အသက်ကို စွန့်လွှတ်မယ် ဆိုတဲ့ စိတ်ဓါတ်၊ အဲဒီ စိတ်ဓါတ်တွေနဲ့ အထက်က အမိန့်ကို နာခံပြီး အသက်ကို စွန့်လွှတ် အသေခံ လုပ်ကိုင် ဆောင်ရွက် သွားကြတဲ့ အစဉ်အလာတွေ ကမ္ဘာ့ နိုင်ငံအသီး သီးက တပ်မတော်တွေမှာ ရှိကြပါတယ်။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲ တိုက်ခိုက်ခံရမှု အတွက် မြောက်ကိုရီးယား သူလျှိုတွေကို လက်ရ ဖမ်းဆီးစဉ်က သေမယ်ဆိုတာ သိလျှက်နဲ့၊ အမိန့်ကို တသွေမတိမ်း လိုက်နာပြီး အသက်စွန့်လွှတ် လုပ်ဆောင် သွားကြတဲ့ မြန်မာ့ တပ်မတော်သား တွေရဲ့ လုပ်ရပ်ကို အဲဒီဖြစ်စဉ်မှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ သံလျင်မြို့ ခလရ(၉၀)က တပ်သားဟောင်း ဦးထွန်းလင်းက ၂၀၁၀ ခုနှစ် ဗီအိုအေ မြန်မာပိုင်းရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍတစ်ခုမှာ အခုလို ပြောပြခဲ့ပါတယ်။

ဦးထွန်းလင်း။ ။ ကျနော်တို့ကို တခါထဲ သူတို့ မှတ်ပုံတင် စာအုပ်ခေါ်မယ် ထင်ပါတယ်၊ စာအုပ်ကြီး အကြီးကြီး ပေါ့ဗျာ၊ အဲဒီအထဲမှာ ကျနော်တို့ ကိုယ်ပိုင် နံပါတ်တွေ၊ နံမည်တွေ၊ နေရပ် လိပ်စာတွေ အဖေအမေ နံမည်တွေ၊ သွေးအမျိုးအစားတွေ၊ တကယ်လို့ ကျဆုံးခဲ့ရင် အမွေစား အမွေခံအတွက် ဘယ်သူ့ကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး ဘာ ညာ ..အဲဒါတွေ ဖြည့်တယ်ပေါ့ဗျာ။ ဖြည့်ပြီးတော့မှ briefing ပေးတာ။ “အခု မင်းတို့ ရန်သူ သွားရှာရမယ်။ ရှာတဲ့အခါ မှာ ဆူးတွေ့လည်း နင်း၊ ကျားတွေ့လည်း တိုး၊ မြေကြီး တစ်လက္မ မကျန်အောင် နင်းရှာ။ တွေ့လို့ရှိရင် အရှင်ရအောင် ဖမ်း၊ တို့တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့ အသက်နဲ့ စတေးသင့်ရင် စတေးရမယ်။ ဒါပေမယ့် ရန်သူ ဒဏ်ရာရတာ မလိုချင်ဘူး” တဲ့။ “ရန်သူကို အရှင်ဖမ်းရမယ်”တဲ့။ အဲဒီလို အမိန့် အပြတ် ပေးတယ်။ အမိန့် ပေးပြီးတာနဲ့ သူတို့က တစ်စီး၊ ကျနော် တို့က တစ်စီးပေါ့ဗျာ၊ ရဟတ်ယာဉ်ပေါ်ကို တက်တယ်။ တက်ပြီးတော့ ကျနော်တို့ကို ရွှေတိဂုံဘုရားကို သုံးပတ် ပတ်ပြီး ပျံပေးတယ်။ ကျနော် တို့ကို အမှန်ကတော့ သရဏဂုံ တင်တဲ့ သဘောပေါ့။ နောက် အမိန့်က ဘာပြန်လာလဲ ဆိုတော့ “မရဘူး လူကြီးတွေ စိတ်ဝင်စားတယ်။ အခု လောလောဆယ် စက်နဲ့ကို ထိုင်ပြီး လူကြီးတွေ စောင့်နေကြတယ်။ ၀င်ဖမ်းပါ၊ ၀င်လုံးပါ။” အရှင် ၀င်လုံးခိုင်းတာ။ အဲဒီအချိန်တုန်းက service အရင့်ဆုံး ရဲဘော်ကြီးက ပေါ့ဗျာ ..နော်။ “ဘယ်အစွန်က သုံးယောက် အသင့်ပြင်”လို့ သူက အမိန့်ပေးတယ်ဗျ။ အဲဒီအချိန်မှာ ဘယ်ဘက် အစွန်မှာ ရှိနေတဲ့ သုံးယောက်က သေနတ်ကို ဘေးချပြီးတော့၊ ရှေ့ကို တစ်ယောက် တစ်လှမ်းစီ တိုးလိုက်တယ်။ အဲဒါ ကို ကျနော်တို့ လှမ်းတွေ့လိုက် တယ်။

အဲဒီအချိန်မှာ သူကနေ လက်ခုပ်တီးပြီး “စ” လို့ အမိန့်ပေးလိုက်တဲ့ အချိန်မှာ ရဲဘော် သုံးယောက်က “ကျား” ဆိုပြီး အော်တဲ့ အသံနဲ့ ပြေးသွားတယ်။ နောက် “ ဂျိမ်း” ဆိုတဲ့ ပေါက်ကွဲသံ ထွက်လာတယ်။ နောက် မီးခိုးလုံးကြီးနဲ့ အဲဒီ မြင်ကွင်း တခုလုံးကို ဖုံးသွားတယ်။ ကျနော်တို့ဆီက သုံးယောက်က အဲဒီမှာ ဖရိုဖရဲ လဲနေပြီပေါ့ဗျာ၊ အဲဒီမှာ နောက်သုံးယောက် အဆင်သင့်ပြင် ဆိုတော့ ကျနော်တို့ သုံးယောက် အဲဒီလိုပဲ သေနတ် ချပြီးတော့ ရှေ့တစ်လှမ်း တက်ပေါ့ ဗျာ။ နောက် သူက အမိန့်ပေးတော့ ကျနော်တို့က “ကျား” ဆိုပြီး ၀င်လုံးတာပေါ့။ ဒါပေမယ့် ကံကောင်းချင် တော့ အဲဒီအချိန်မှာ သူ ပစ်လိုက်တဲ့ လက်ပစ်ဗုံးက သူကိုယ်တိုင်လည်း ထိထားတော၊့ အဲဒီ ကင်မင်ချူး (ဗိုလ်ကြီးအဆင့်ရှိ မြောက်ကိုးရီးယား သူလျှို) က သူ ကျနော်တို့ကို ပစ်စရာ လက်ထဲမှာ ဘာမှ မရှိတော့ဘူး ပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့ ၀င်လုံးတော့ မိပြီပေါ့ဗျာ။ သုံးယောက်က ကျ သွားတာပေါ့နော်။ ဒီ ရဲဘော်တွေ ကျတာတော့ ဒါကတော့ ထုံးစံကတော့ ကျနော်တို့ အမြဲတမ်း ရှေ့တန်းမှာလည်း ဒီလိုပဲ ကျနေကြတာပါ ပဲ။ ဒါပေမယ့် မတူတာ တစ်ခုကတော့၊ လက်နက်ရှိတဲ့ ရန်သူကို ကိုယ့်လက်နက်ကို ဘေးချပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုး အတွက် အမိန့်ကို ကျနော်တို့က ဦးထိပ် ထားပြီးတော့ ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတာ ဖြစ်တဲ့ အတွက်ကြောင့်မို့၊ အရမ်း စိတ်ထဲမှာတာ့ မကောင်းဘူးပေါ့ နော်။ အဲဒီ အချိန်မှာတော့ ကျနော်တို့ တော်တော်ကို ခံစားရပါတယ်။ ကျနော်တို့က ဖြေပါတယ်။ ပြန်ဖြေပါတယ်။ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာအဓိဌာန် (၄)ချက်ကို ဆိုရတယ်ဗျ။

“ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် ကျဆုံးလေပြီးသော ရဲဘော်တို့၏ သစ္စာကို စောင့်သိ ရိုသေ ပါမည်။ ငါ့အား အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန် ပြုပါ၏။ ”

ဆိုပြီးတော့ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာ ဆိုရတယ်။ ကျနော်တို့ ဒီသစ္စာကို စောင့်ပြီးတော့ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုး အတွက် ကျနော်တို့ တပ်မတော်အတွက် ကျနော်တို့ အသက်တွေပေး ကျနော်တို့ ခန္ဓာကိုယ်တွေ စတေး၊ ဘ၀တွေ စတေးပြီး လုပ်ခဲ့တာပါ။ ကျနော်တို့က အဲဒီအချိန်မှာ ကိုယ့်ရဲဘော် ကျဆုံးတာတော့ စိတ်ထဲ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ သိလိုက်တာက ကိုယ့်နိုင်ငံကို လာတဲ့ ဧည့်သည်ကို လာပြီးတာ့ စော်ကားတဲ့၊ ကိုယ့်နိုင်ငံကို လာပြီး သိက္ခာကျအောင် လုပ်တဲ့ လူတွေကို ကျနော်တို့ ကိုယ့်အသက်နဲ့ လဲပြီး တော့ ဒီကောင်တွေကို ရအောင် ဖမ်းလိုက်တယ် ဆိုတာတော့ ကျနော်တို့ ဂုဏ်ယူတယ်ပေါ့၊ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ စိတ်ထဲမှာ အဲဒီလိုတော့ ရှိတယ်ပေါ့ နော်။

You’re beautiful သီချင်း။ ။ My life is brilliant. My love is pure. I saw an angel. Of that I'm sure.

She smiled me on the subway. She was with another man. But I won't lose any sleep on that, 'cause I've got a plan.

You're beautiful, you’re beautiful; you’re beautiful, it's true. ……………

ဦးရော်နီညိမ်း။ ။ You're beautiful ဆိုတဲ့ ဒီကမ္ဘာကျော် သီချင်းကလေးကိုတော့ ဒီနေ့ခေတ် လူငယ်လူလတ်တွေ သိကြမှာပါ။ You're beautiful အပါအ၀င် သီချင်းများစွာနဲ့ ကမ္ဘာ့ ဂီတလောကမှာ ထင်ရှား ကျော်ကြားလာခဲ့သူ ဗြိတိသျှ အဆိုတော် James Blunt ဟာ အဆိုတော် မဖြစ်မီက ဗြိတိသျှ တပ်မတော်(ကြည်း)မှာ တာဝန် ထမ်းဆောင်ခဲ့ သူပါ။ အင်္ဂလန် Bristol တက္ကသိုလ်မှာ လူမှုဗေဒ Sociology ဘာသာရပ်နဲ့ သိပ္ပံ (ဂုဏ်ထူး) ဘွဲ့ ရယူခဲ့တဲ့ James Blunt ဟာ ဗြိတိသျှ တပ်မတော်မှာလည်း လေးနှစ် စစ်မှုထမ်းဖို့ အတွက် တော်ဝင် Sandhurst စစ်တက္ကသိုလ် (RMAS - The Royal Military Academy Sandhurst) မှာ ဗိုလ်သင်တန်း တက်ခဲ့ပါတယ်။ သူဟာ စစ်မှုထမ်း ဘ၀မှာ ကျရာနေရာကို သွားရောက် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ အရှေ့ ဥရောပ ယူဂိုဆလားဗီးယား နိုင်ငံထဲက ကိုဆိုဗို ဒေသမှာ ဒေသ ခံ အယ်(လ်)ဘေးနီးယား တိုင်းရင်းသားတွေကို ဆားဗီးယား စစ်တပ်က ဖိနှိပ် ညှင်းပန်း သတ်ဖြတ် နေတာကြောင့် မြောက်အတ္တ လန္တိတ်စစ်စာချုပ် NATO(North Atlantic Treaty Organization) တပ်ဖွဲ့ ၀င်တွေက ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေ အဖြစ် ကိုဆိုဗိုအယ်(လ်) ဘေးနီးယား ဒေသခံတွေကို အကာအကွယ် ပေးနေသလို ရုရှ တပ်မတော်ရဲ့ တပ်ဖွဲ့တွေကလည်း ရှေးရိုး အစဉ်အလာ မဟာမိတ် ဖြစ်တဲ့ ယူဂိုဆလား ဗီးယားနိုင်ငံထဲက ဆားဗီးယား စစ်တပ်ကို NATO တပ်တွေရဲ့ ချေမှုန်းခြင်း မခံရအောင် အကာအကွယ် ပေးဖို့ ကုလသမဂ္ဂရဲ့ သဘောတူညီချက်နဲ့ ကိုဆိုဗိုကို ရောက်ရှိ နေခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်က ကိုဆိုဗိုဒေသ NATO သံချပ်ကာရှေ့ပြေး ကင်းထောက် တပ်ဖွဲ့ရဲ့ တပ်မှူး ငယ် အသက်(၂၅) နှစ်ပဲ ရှိသေးတဲ့ ဗိုလ်ကြီး James Blunt ရဲ့ တပ်ဟာ အင်အား (၃၀၀၀၀) ရှိတဲ့ NATO တပ်ဖွဲ့တွေရဲ့ ရှေ့ကနေ ကိုဆိုဗိုဒေသ ပရစ္စတီးနား (Pristina) မြို့တော်ကို ချီတက် နေပါတယ်။ တပ်ဦးက ဗိုလ်ကြီးJames Blunt ရဲ့ တပ်ဖွဲ့ Pristina မြို့ကို မရောက်သေးခင်မှာ ရုရှား တပ်ဖွဲ့တွေက Pristina နိုင်ငံတကာ လေဆိပ်ကို ကြိုတင် ရောက်ရှိ သိမ်းပိုက် ထားကြပါတယ်။ အဲဒီအချိန်မှာ ရှေ့ဆုံးက point တပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်ကြီး James Blunt ဆီကို ရေဒီယို ဆက်သွယ်ရေး စက်က တဆင့် NATO တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ကြယ်လေးပွင့်ရ အမေရိကန် ဗိုလ်ချုပ်ကြီး Wesley Clerk ဆီကနေ တိုက်ရိုက် ပေးအပ်တဲ့ အမိန့်တစ်ရပ် ရောက်ရှိ လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Wesley Clerk ဆီက သူရရှိ ခဲ့တဲ့ အမိန့်ကို အခုအခါမှာတော့ အဆိုတော် James Blunt က ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ ၁၄ ရက်နေ့ ဘီဘီစီ ရေဒီယို Channel 5 (Live) နိုင်ငံရေးကဏ္ဍ အစီအစဉ် တင်ဆက်တဲ့ John Pienaar နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောပြခဲ့ပါတယ်။

James Blunt ။ ။ ကျနော့်ရဲ့တပ်က Pristina နိုင်ငံတကာ လေဆိပ်က အင်အား(၂၀၀) လောက် ရှိတဲ့ ရုရှတပ်ကို အနိုင် တိုက်ပြီး လေယာဉ်ကွင်းကို သိမ်းယူဖို့ ဗိုလ်ချုပ်ကြီး Wesley Clark ရဲ့ တိုက်ရိုက် အမိန့်ကို ကျနော် ရခဲ့ပါတယ်။ “ရုရှတွေကို ချေမှုန်းပစ်” ဆိုတဲ့ သူ့ရဲ့ အမိန့် က ရေဒီယို ဆက်သွယ်ရေး စက်ထဲကနေ ထွက်လာ ခဲ့ပါတယ်။ ကျနော့်ရဲ့ ရှေ့ပြေး point တပ်ဖွဲ့ရဲ့နောက်မှာ ကပ်နေတာက လေထီးတပ်ရင်း တစ်ရင်း ပါ။ အဲဒီ နောက်မှာတော့ သံချပ်ကာကားတွေ၊ တင့်ကားတွေ၊ စစ်ကား အမျိုးမျိုးတွေနဲ့ ကျနော်တို့ ချီတက်လာခဲ့တဲ့ လမ်းမကြီး တလျှောက် နောက် ကိုပြန်ကြည့်လိုက်ရင်၊ လက်နက် အပြည့်အစုံနဲ့ NATO တပ်တွေ အင်အား (၃၀၀၀၀) လောက် သူ့တပ် အမျိုးအစားနဲ့ သူ၊ တမျှော်တခေါ်ကြီး ရှိနေ ပါတယ်။ တပ်ဦးကတော့ ကျနော့်ရဲ့ တပ်ပေါ့၊ သွေးရိုးသားရိုး မဟုတ်တဲ့ စစ်မိန့်ကို ကျနော်ရခဲ့တာပါ။ ကျိန်းသေပေါက် တတိယ ကမ္ဘာစစ်ကြီး ဖြစ်သွားနိုင်တဲ့ အမိန့်ပါ။ ဒီလေယာဉ်ကွင်းကို သိမ်းပြီး ရုရှတွေအပေါ် အပေါ်စည်းရယူဖို့ ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ပေးတဲ့ အမိန့်ပါ။

ဦးရော်နီညိမ်း။ ။ ဒီအမိန့်ကို မနာခံရင် စစ်ခုံရုံးကို ရောက်သွားနိုင်တာကို သူ သိရှိပြီးတော့၊ ဒီအမိန့်အတိုင်း နာခံပြီး လိုက်နာ ဆောင်ရွက် ခဲ့ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ သူ ဘယ်လို တွေးတော ဆင်ခြင်ခဲ့ပါသလဲလို့ James Blunt ကို မေးတဲ့ အခါမှာတော့ သူက အခုလို ဖြေဆိုခဲ့ ပါတယ်။

James Blunt ။ ။ ပြောရမယ်ဆိုရင် အခြေအနေတွေကတော့ ရှုပ်ထွေးနေတာပေါ့ ဗျာ၊ ကျနော့်ရဲ့ တပ်က၊ တိုက်ချင် ခိုက်ချင်နေကြတဲ့ ရုရှစစ်သား (၂၀၀) လောက်ရဲ့ သေနတ် ပြောင်းဝအောက် ရောက်နေတဲ့ အနေအထားပါ။ ဒီ လေယာဉ်ကွင်းကို ရရင် NATO တပ်တွေ Pristina မှာ လက်မထောင်ပြီး ဇိမ်ကျကျ တပ်ချ ထားနိုင်ပြီပေါ့ ဗျာ။ ဒီလို နိုင်ငံရေး အမြတ်ထုတ် နိုင်အောင် တပ်ဦးက ကျနော့်ရဲ့ တပ်က ပေးအပ်လာတဲ့ အမိန့်အတိုင်း အကောင်အထည် ဖော်ရမယ်ပေါ့။ လက်တွေ့မှာ ဒီအမိန့်အတိုင်း လိုက်လုပ်လိုက်လို့ ကတော့ တတိယ ကမ္ဘာစစ်ကြီး ဖြစ်သွားနိုင် တယ်လို့ ကျနော်တွေးမိတယ်။ ဒါကြောင့်လည်း အမေရိကန် ဗိုလ်ချုပ်ကြီးက ပေးအပ်လာတဲ့ အမိန့်တာဝန်ကို ကျနော်တို့ စောဒက တက်ခဲ့ရတာ ပေါ့။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက်သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” ကဏ္ဍမှာ “စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၂)” ကို ဆက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ် စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

Ref: VOA News

Read More...

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၂)

January 20, 2011

တင်ကျော်ကျော်စိုး။ ။


တူနီးရှား နိုင်ငံ၏ သမိုင်းကြောင်း

နိုင်ငံကာတွင် နာမည် သိပ်မကြီး လှသော်လည်း ကမ္ဘာကျော် Star Wars ရုပ်ရှင် ဇာတ်ကားများ၊ English Patient၊ Sahara စသည့် ဇာတ်ကားများ မှာ တူနီးရှား နိုင်ငံတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အာဖရိက နှင့် အာရပ်ကမ္ဘာ မှ လွဲ၍ အခြား နိုင်ငံများ တွင် မူ တူနီးရှား နိုင်ငံ သည် လူသိများခြင်း သိပ်မရှိသည့် မြောက်အာဖရိက နိုင်ငံတစ်ခု ဖြစ်သည်။ ကာသေ့ ယဉ်ကျေးမှု ၏ ဘူမိနက်သန် နေရာ ဖြစ်သောကြောင့် ယခုတိုင် ကာသေ့ မြို့ပြ နိုင်ငံ၏ ယဉ်ကျေးမှု အမွေ အနှစ် များကို ယူနက် စကို၏ စောင့်ရှောက်မှုဖြင့် တွေ့ရှိနိုင်သည်။ နိုင်ငံသာ ငယ်သော်လည်း ကာသေ့ မြို့ပြ ယဉ်ကျေးမှု အမွေ အနှစ် များကို ရှုမျှော်မဆုံး တွေ့နိုင်သည်။

ဘီစီ ၁၁၀၀ တွင် ဖိုနီးရှန်း လူမျိုး တို့  အာဖရိက မြောက် ပိုင်း တွင် အခြေချ ခဲ့ရာမှ ကာသေ့ မြို့ပြ နိုင်ငံများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဘီစီ ၁၄၆ တွင် ရောမတို့ ကျူးကျော် ခံရပြီးနောက် နာမည်ကျော် တတိယ ပြူးနစ် စစ်ပွဲ (Battle of Carthage ၁၄၉ ဘီစီ ) ဖြစ်ပွားပြီးနောက် ကာသေ့ တို့၏ အဆောက်အဦများ ယဉ်ကျေးမှု များမှာ ရောမ အင်ပါယာ လက်အောက် ကျရောက်ကာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။


ရောမခေတ် မတိုင်မှီက နိုင်းမြစ်ဝှမ်း နှင့် မြေထဲပင် လယ်အကြား နေထိုင်ပြီး အာဖရိက မြောက်ပိုင်းတွင် ကျင်လည် ကျက်စားသည့် ဘာဘာလူမျိုး တို့သည် ယခု တူနီရှန်း တို့၏ ဘိုးဘေး ဘီဘင်များ ဖြစ်သည်။ (ပြင်သစ်ဘောလုံးသမား ဇီဒန်း သည် ဘာဘာ လူမျိုး ဖြစ်သည်)

ခရစ် သက္ကရာဇ် ၆၀၀ တွင် အာရပ် တို့  တူနီးရှားကို သိမ်းသွင်း ပြီး နောက် ဘာဘာတို့ ကစဥ့်ကလျှား ဖြစ်သွားခဲ့ရ ပြန်သည်။ ၁၆၀၀ တွင် အော်တိုမန် အင်ပါယာ လက်အောက်သို့ ကျရောက် သွားခဲ့သည်။

၁၈၈၃ ခုနှစ် တွင် ပြင်သစ် တို့က တူနီရှား နိုင်ငံကို သိမ်းပိုက် ခဲ့သည်။ ၁၉၃၄ ခုနှစ် တွင် ဟာဘစ် ဘိုဂီဘာက နီယို ဒေါ်စတာ ပါတီကို တည်ထောင်ပြီး တူနီးရှား နိုင်ငံအား ပြင်သစ် လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်း ခဲ့သည်။

၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် တူနီရှား နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။ လွှတ်လပ်ရေး ကြိုးပမ်းမှု၏ ခေါင်းဆောင် ဟာဘစ် ဘိုဂီ ဘာက ၀န်ကြီးချုပ် အဖြစ် တာဝန်ယူသည် ။ နောက် တစ်နှစ်တွင် ဘုရင် စနစ်ကို ဖျက်သိမ်း ပြီးနောက် ဘိုဂီဘာ သမ္မတ ဖြစ်လာသည်။]

၁၉၈၀ ပြည့်လွန် နှစ် များ တွင် PLO အပါအ၀င် ပါလက် စတိုင်း လွတ်မြောက်ရေး အဖွဲ့အစည်း များကို ပါလက်စတိုင်းတွင် အခြေစိုက်ခွင့် ပေးသည်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရဖတ်သည် တူနီးရှားတွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည်။

၁၉၈၅ တွင် အစ္စရေး ကွန်မန် ဒို များက မြို့တော် တူနစ်ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ (PLO) ဌာနချုပ်ကို ၀င်ရောက် စီးနင်းရာ လူခြောက်ဆယ်ကျော် သေဆုံး ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် ၀န်ကြီးချုပ် ဘင်အလီ က သမ္မတ ဖြစ်သူ ဟာဘစ် ဘိုဂါဘီသည် နိုင်ငံကို အုပ်ချုပ် နိုင်စွမ်း မရှိတော့ဟု အကြောင်းပြကာ အာဏာ သိမ်းယူခဲ့သည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အမေရိကန် ၏ အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲဉ် အမေရိကန် လေယာဉ်များ ဆင်းသက်ခွင့်ကို တူနီရှား နိုင်ငံတွင် ခွင့်ပြုထားပြီး အမေရိကန် နှင့် ဆက်ဆံရေး ကောင်းခဲ့သည်။

တူနီရှား အစိုးရသည် သတင်းစာ ဆရာ တော်ဖစ် ဘန် ဘရခ် အပါအ၀င် သတင်းစာ ဆရာ ရှစ်ဦး ခန့်ကို ထောင်သွင်း အကျဉ်း ချထားခဲ့သည်။ တူနီရှား အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှု များနှင့် အစိုးရက အကျင့်ပျက် ချစားခြင်း ကို အမေရိကန်က လစ်လျူရှု ထားသည် ဟု ဝေဖန် မှုများ ရှိခဲ့သည်။

၂၀၀၉ ခုနှစ် တွင် ဘင်အလီ သည် ငါးကြိမ်မြောက် သမ္မတ အဖြစ် အရွေးခံရပြီးနောက် ပြည်သူတို့၏ မကျေနပ်မှုများ စတင်ခဲ့သည်။

တူနီးရှား နိုင်ငံ၏ ယဉ်ကျေးမှု

အနောက်ယဉ်ကျေးမှု ကို နိုင်ငံတွင်း ခွင့်ပြုထားသည် တစ်ခုတည်းသော အာရပ် နိုင်ငံဖြစ်သည့် တူနီရှားတွင် အမျိုးသမီးများ မှ အစ္စလာမ် ဘာသာဝင်တို့၏ ဓလေ့ဖြစ်သည့် ဘာကာ ခေါ် မျက်နှာဖုံးများ တပ်ဆင်ရခြင်း မရှိပါ။ မြေထဲ ပင်လယ် ကမ်းခြေ အာဖရိက နိုင်ငံ ငယ်လေးသည် ဥရောပ နိုင်ငံများနှင့် မခြား လူမှုရေး လွတ်လပ်မှု ရှိသည်။ ပြင်သစ် ဘောလုံး အကျော်အမော် ဘားသက်ဇ် ၊ ဖက်ရှင် အကျော်အမော် ဒိုနာ တယ်လာဗက်ဆက်ချီ တို့၏ ဇိမ်ခံအိမ် အကောင်းစားများလည်း တူနီရှားတွင် ရှိသည်။

သို့သော် …….နိုင်ငံရေး၊ စီးပွားရေး များကတော့ လွတ်လပ်မှုမရှိ ၊ နိုင်ငံ အာဏာကို ၁၉၈၇ ခုနှစ် ကတည်းက အာဏာသိမ်းပြီး ရယူလာသည့် သမ္မတ ဇင်အယ် အဘီဒင်း ဘင်အလီ က အုပ်ချုပ်သည်။ ဘင်အလီသည် တူနီရှား နိုင်ငံကို ပြင်သစ် ကိုလိုနီ လက်အောက်မှ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့သူ သမ္မတ ဟာဘစ်ဘော်ဂီဘာ ကို ဖြုတ်ချပြီး အာဏာသိမ်း ခဲ့သူ ဖြစ်သည်။ အာဏာရပြီး နောက်တွင် ၎င်း၏ အာဏာကို တည်မြဲအောင် လုပ်ပြီး အတိုက်အခံများ ကို ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်သည်။ နောက်ပိုင်းတွင် သတင်းစာ ဆရာများ ၊ဘလောက်ဂါများ၊ ပညာရှင်များ ကိုပါ ဖမ်းဆီး ထောင်ချခဲ့သည်။

၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတွင်း လွတ်လပ်စွာပြောဆိုခွင့်များ ကို ပိုမို ချုပ်ချယ်ကန့်သတ် လာသည်။ ဘလောက်ဂါ များ ကို ဖမ်းဆီးထောင် ချခဲ့ပြီး နှိပ်စက် ညှင်းပန်း မှုများ ပြုလာခဲ့သည်။ တူနီရှား အစိုးရ အဖွဲ့သည် လာဘ်စားမှု များမှ ပိုမို ဆိုးရွားလာပြီး ၂၀၀၉ ခုနှစ်တွင် ဘင်အလီ ၏ ဇနီးဖြစ်သူ လိုင်လာ ဘင်အလီက ဆွစ်ဘဏ် နှင့် ဂျာမဏီဘဏ် တို့တွင် ဒေါ်လာ သိန်း ၈၀၀ ကျော် အပ်နှံခဲ့သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

တူနီရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက် က တူနီရှား သမ္မတ ဘင်အလီ ၏ ဆွေမျိုး မိသားစု ကို “ကွေဇိုင်း မာဖီးယား” ဟု ခေါ်ဆို ခဲ့သည်။ ဘင်အလီ ၏ ပထမ အိမ်ထောင် မှ သားသမီး များသည် တူနီရှား နိုင်ငံ၏ ပင်လယ် ကမ်းခြေ များတွင် ဟိုတယ် နှင့် ရီဆော့ များကို ပိုင်ဆိုင်သည်။ ၎င်း၏ ယောက်ဖ ဆခ်ခါ မာတာရီသည် ဇိုင်တိုနာ ရေဒီယို နှင့် ရုပ်သံကို ပိုင်သည်။ ဘင်အလီ ၏ ဆွေမျိုးများသည် တူနီးရှား နိုင်ငံတွင် အဖိုးတန် အိမ်များ အလုံး ၁၀၀ ထက်မနည်း ပိုင်ဆိုင်ပြီး နိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်း ကို လက်ဝယ်ကြီး လုပ်ထား သည်။ မြို့တော် တူနစ် ရှိ ကာသေ့ နိုင်ငံတကာ ကျောင်း ကို ဘယ်(လ)ဂျီယန် ကုမ္ပဏီ တစ်ခုသို့  ဒေါ်လာ တစ်သန်းခွဲဖြင့် ရောင်းချသည်။

ဘင်အလီ၏ ယောက်ဖ တစ်ဦးသည် ဗဟိုဘဏ်၏ ရှယ်ယာ အများစုကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်ဘဏ် တစ်ခု ရှိကာ ဆွစ်ဇာလန် နိုင်ငံ ရိုဒူဟွန်တွင် ဒေါ်လာ လေးသန်းကျော်တန် အိမ်နှင့် ကိုယ်ပိုင် ပြင်သစ်လုပ် Falcon 9000 Jet လေယာဉ် တစ်စီးရှိသည်။

တူနီရှား ပြည်သူများ မှာ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွားပျက်ကပ် ဂယက်ကြောင့် အလုပ်အကိုင်များ ရှားပါး လာပြီး ပို၍ ဆင်းရဲတွင်း နက်လာကြသည်။ တိုင်းသူ ပြည်သား များမှာ ဆင်းရဲတွင်း နက်သော်လည်း ဘင်အလီ နှင့် မိသားစုက အနောက်တိုင်း သံတမန်များကို ပြင်သစ် နိုင်ငံမှ မှာယူထားသည့် ၀ိုင် အကောင်းစား များဖြင့် တည်ခင်း ဧည့်ခံသည်။ သံအမတ် များကလည်း အလွန် သဘောကျသည် ပြင်သစ် နိုင်ငံခြားရေး ၀န်ထမ်းများ ဆိုလျှင် တူနီရှား နိုင်ငံတွင် သံဝန်ထမ်း အဖြစ် စေလွှတ်ခြင်း ခံရလျှင် အလွန် သဘောကျသည်။

အုံကြွှမှု ၏ နိဒါန်း

၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၁၇ ရက်နေ့တွင် အသက် ၂၆ နှစ် အရွယ် မိုဟာမက် ဘူဇာဇီ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသည့် ပြည်သူတို့၏ ဒေါသသည် ဘူဇာဇီ၏ ကိုယ်ပေါ်မှ မီးတောက် ကဲ့သို့ ဟုန်းကနဲ တောက်လောင်သည်။

ထိုနေ့တွင် ပင် ဘူဇာဇီ မီးရှို့ ဆန္ဒပြသည့် ဓာတ်ပုံများ ၊ ဗီဒီယို များအား တူနီရှန်း ဘလောက်များတွင် ဖော်ပြ ထားသောကြောင့် အခြား မြို့များ တွင်လည်း ပြည်သူများ က မော်တော်ကား တာယာများကို မီးရှို့ ပြီး ဆန္ဒပြကြသည်။

မီးရှို့ ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက် ဆစ်ဒီ ဘိုဇီ မြို့ငယ်လေးတွင် လူ ၄၀ ကျော်မှ စတင်ကာ လမ်းပေါ်ထွက် ဆန္ဒပြမှု စတင်ပြီး နောက် အခြား မြို့များသို့ ကူးစက် သွားခဲ့သည်။

ပြည်သူ တို့၏ တောင်းဆိုမှု မှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဖြစ်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် အစိုးရ အဖွဲ့ မှ ဖွံ့ဖြိုးရေး ၀န်ကြီးက ဆစ်ဒီ ဘိုဇီ မြို့ငယ်သို့ သွားရောက်၍ အလုပ်အကိုင် နေရာများ အတွက် ဒေါ်လာ ၁၀ သန်း အကုန် အကျခံကာ ဖန်တီးပေးမည် ဟု စီစဉ် ခဲ့သော်လည်း ဆန္ဒပြမှုများမှာ အခြား တူနီးရှား မြို့များ ဆီသို့ ကူးစက် သွားသည်။

ဒီဇင်ဘာ လ ၂၁ ရက်နေ့ တွင် အသက် ၂၂ အရွယ်ရှိ လူငယ် တစ်ဦးက မိမိ ကိုယ်ကို သတ်သေ ဆန္ဒပြမှု ထပ်မံ ပေါ်ပေါက် ခဲ့ပြီးနောက်တွင် တူနီးရှား တောင်ပိုင်း မြို့များ သို့ပါ ဆန္ဒပြမှု စတင် ကူးစက်သည်။

နိုင်ငံအလယ် ပိုင်း ရှိ မြို့တစ် ခု ဖြစ်သော မန်ဇယ် ဘိုဇီယန်း တွင် အသက် ၁၈ နှစ် အရွယ် ဆန္ဒပြသူ မိုဟာမက် အာမာရီ ကို ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့ပြီး အသက် ၄၄ နှစ် အရွယ်ရှိ ချောကီ အယ်ဟာဇီ ကိုလည်း ပစ်သတ် ခဲ့သည်။

အစိုးရ၊ လုံခြုံရေး အဖွဲ့များ နှင့် ဒေသခံ အာဏာပိုင် များက ဆန္ဒပြသူများသည် တိုင်းပြည် စီးပွားရေးကို အထိနာ အောင် လုပ်သူများ ဖြစ်သောကြောင့် ဖြို ခွဲမှုများ ပြုလုပ်မည်ဟု သတိပေးကာ ပစ်ခတ်မှုများ ပြုလုပ်သော်လည်း ကျောင်းသားများ၊ ရှေ့နေ များနှင့် အတိုက်အခံ ခေါင်းဆောင် များက ဦးဆောင်ပြီး ဆန္ဒပြ သောကြောင့် ပြည်သူများ ပါဝင်လာရာ လူထု အုံကြွှမှု အသွင် ဆောင်လာခဲ့သည်။

ခရစ္စမတ် နေ့တွင် တူနီးရှား နိုင်ငံ၏ အကြီးဆုံးသော အတိုက် အခံ ပါတီ ဖြစ်သည့် Progressive Democratic Party မှ ခေါင်းဆောင် များက ဦးဆောင်ပြီး လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြရာ ပြည်သူများ က အားတက် လာပြီး ဆစ်ဖစ် မြို့တွင် ဆန္ဒပြသူများက ရဲများ ၏ သေနတ်များ ကို ၀င်ရောက် လုကြသည်။

အခြား မြို့ငယ်များ တွင်မူ စစ်တပ် နှင့် လုံခြုံရေး အဖွဲ့များ ကို ပြန်လည် ပစ်ခတ်ကြရာ လက်နက်ကိုင် အဖွဲ့များက ပြန်လည် ပစ်ခတ်သော် လည်း ဆန္ဒပြမှု များက နေ့ရော ညပါ အားကောင်းလာသည်။

နာမည်ကျော် တူနီးရှား ရှေ့နေ Abderrahman Ayedi ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး နှိပ်စက် ညှင်းပန်းသည့် သတင်း ထွက်လာသည့် အခါ ပြည်သူများက ရဲစခန်းကို ၀ိုင်းပြီး အေဒီကို ကယ်ဆယ်ခဲ့သည်။

အယ်(လ) ဂျီးယား နှင့် နယ်စပ်ခြင်း ကပ်နေသည့် မြို့တော် တာလာတွင် ဆန္ဒပြမှု ဖြစ်ပွားပြီး နောက်တွင် ရဲတပ်ဖွဲ့က သက်ကြီးရွယ်အို အမျိုးသမီး နှစ်ဦးကို ပစ်သတ်သည့် အခါ အုံကြွှမှုမှာ မြို့တော်တူနစ် သို့ပါ ကူးစက် သွားသည်။

ဇန်န၀ါရီ လ ၄ ရက်နေ့တွင် တူနီးရှား ရှေ့နေများ ကောင်စီ၊ အတိုက်အခံ ပါတီနှင့် ကျောင်းသားများ က အထွေထွေ သပိတ် တိုက်ပွဲ ဆင်နွှဲရန် ကြေငြာပြီး နောက် မြို့တော် တူနစ် တွင် ပြည်သူများက လမ်းပေါ် ထွက်၍ ဆန္ဒပြကြသည်။

တူနစ် အပါအ၀င် တူနီရှား နိုင်ငံ တစ်ခု လုံး ဘင်အလီ ကို အုံကြွှ တွန်းလှန် ရာတွင် စီးပွားရေး လုပ်ငန်းရှင် များက ထောက်ပံ့ကူညီမှု များ ပြုလုပ်ခဲ့သည်။

၂၀၁၁ ခုနှစ် နှစ်သစ်ကူးနေ့ ဇန်န၀ါရီလ ၁ရက်နေ့ အထိ ဆန္ဒပြသူ ၅၀ ကျော်ခန့် အသက် ဆုံးရှုံးခဲ့ပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီး ထားသည်။ ဆန္ဒပြသူများ ကို စစ်တပ် နှင့် ရဲတပ်ဖွဲ့များ က ပစ်ခတ် ခဲ့သော်လည်း မြို့တော် တူနီးရှား တွင် နေ့ရော ညပါ ဆက်လက် ဆန္ဒ ပြခဲ့ကြသည်။

ဇန်န၀ါရီလ ၄ ရက်နေ့တွင် တူနီရှား ကွန်ပြုတာ ကျွမ်းကျင်သူများက အစိုးရ ၀ဘ်ဆိုတ် များကို တိုက်ခိုက် မှုများ စတင် ပြုလုပ်ခဲ့သဖြင့် အစိုးရ ၀ဘ်ဆိုတ် လေးဆယ်ကျော် ပိတ်လိုက်ရသည်။

တူနီးရှား ပုဂ္ဂလိက ရုပ်သံ Nessma TV က အစိုးရ အမိန့် ကို ငြင်းဆန်ပြီး ပြည်သူများ ၏ ဆန္ဒပြမှု များကို အချိန်ပြည့် ထုတ်လွှင့် ခဲ့ရာ ဆန္ဒပြမှု မှာပိုမို အားကောင်းလာပြီး ကမ္ဘာ က သိလာခဲ့သည်။

ကိုးကား၊ အယ်(လ)ဂျာဇီးယား၊ ဘီဘီစီ၊ ဂါဒီးယန်း၊ ၀ီကီပီဒီးယား ၊ ၀ီကီလိခ် ၊ အာရပ်နှင့် တူနီးရှား ဘလောက်များ။

Ref: Freedom News Group

Read More...

မြန်မာဘုန်းတော်ကြီးများကို ထိုင်းအာဏာပိုင်တို့က ဖိနှိပ်ပုံ

ဥိးသူရိယ

ဇန်န၀ါရီ ၂၂၊ ၂၀၁၁

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာသံဃာတော်အချို့ ဖမ်းဆီး ပြန်ပို့ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ကိုယ်တွေ့ ကြုံခဲ့ရသည့် သံဃာတော် အရှင် ဦးသူရိယ၏ ပြန်လည် ပြောကြား အကြံပြုချက်

ဇန်န၀ါရီလ ၂၀ ရက်နေ့ အာရုဏ်ဆွမ်း ဆွမ်းခံနေချိန် နံနက် ၆ နာရီလောက်မှာ ဦးဇင်း အပါအင် မြန်မာ သံဃာတော် ၁၀ ပါး လောက်ကို နေထိုင်ခွင့် လက်မှတ် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းခံရတယ်။ မြို့လယ်က ၀ပ်ချန်ဖုန်း ဆိုတဲ့ ဘုန်းကြီး ကျောင်းကို ကားနဲ့ တင်ခေါ်သွားတယ်။ ကျန်တဲ့ သံဃာတော်တွေက သူ့တို့ ကျောင်းတွေက လာပြန်ရွေးသွားလို့ ပြန်လွှတ်ပေး လိုက်ပေမယ့် ဦးဇင်း အပါအ၀င် သံဃာ ၅ ပါးကိုတော့ လက်မှတ် မရှိဘူးဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ ချက်ခြင်း သိက္ခာချ လူဝတ်လဲဖို့ လုပ်တယ်။

အာဏာပိုင် အဖွဲ့အစည်းလား (လ၀က ထင်တယ်) အဲဒီလူတွေက အတင်း သင်္ကန်းတွေ အတင်း ဆွဲချွတ်ကြတယ်။
ဦးဇင်းကတော့ သိက္ခာချတာကို ရိပ်မိလို့ လိုက်လည်း မဆိုသလို လူဝတ်လည်း အလဲ မခံတော့ နောက်ဆုံး သင်္ကန်းဝတ်နဲ့ပဲ ကျန်တဲ့ လူဝတ်လဲခံရတဲ့ (၄) ပါးနဲ့ အတူ အဲဒီ မနက်ပိုင်းမှာပဲ မြန်မာထိုင်း နယ်စပ် တံတားနားက လ၀က ရုံးကို ပို့လိုက်တယ်။

လ၀က ရုံးရောက်တော့ ဦးဇင်းကို သင်္ကန်း အတင်းချွတ်ပြီး ကျန်တဲ့ ကိုယ်တော်တွေနဲ့အတူ အချုပ်ခန်းထဲ ထည့်လိုက်တယ်။ ညနေ ၅ နာရီ အထိ နေခဲ့ရသမျှ ဘာ အစားအစာ၊ ရေတောင် အကပ် မခံရဘူး။ နားလည်မှုရှိတဲ့ ကိုအောင်ထွန်းမြင့် ဆိုတဲ့ တကာ တယောက်က ဆွမ်းလာကပ်လို့သာ ဆွမ်းမငတ် ခဲ့ရတာပေါ့။

ညနေ ၅ နာရီလောက်ကျတော့ မြန်မာဖက်ခြမ်းကို အပို့ခံရတယ်။ အားလုံး ယောင်္ကျား၊ မိန်းမ လူစုံ အယောက် ၅၀ လောက် ရှိမယ်။ တဖက်ကမ်းက နယ်ခြားစောင့် ခေါ်မလား၊ ဒီကေဘီအေလား ဘာလား အဲဒီ လက်ထဲ အပ်တယ်။ ဗိုလ်ချစ်သူတို့ အဖွဲ့လား ဘာလား သေချာတော့ ဦးဇင်းမသိဘူး။

အဲဒီဖက်ရောက်တော့ တာဝန်ယူလက်ခံတဲ့သူက အမျိုးသမီး။ လူကြီးကတော်လား ဘာလားတော့ မသိဘူး။ သြဇာ အာဏာတော့ ရှိတယ်။ သူက လူဝတ်လဲ ခံထားရတဲ့ သံဃာတော်တွေ ပါလာမှန်းလည်း သိတယ်။ ဒါပေမယ့် ဘာသာရေးအရ အရိုအသေတွေ မရှိသလို ဘာအကူအညီမှ မရတဲ့အပြင် လူမျိုးအလိုက် ခွဲပြီး ခေါ်ထုတ်တယ်။ ကရင်က သပ်သပ်၊ မွန်ကသပ်သပ်၊ ဗမာက သပ်သပ်ပေါ့။ ဦးဇင်းလည်း ကရင်လူမျိုးပါ။ ဒါပေမယ့် ကရင်စကား မတတ်တော့ ဗမာ အုပ်စုတွေနဲ့ အတူ နေရပြီး အများနည်းတူ နေခဲ့ရတယ်။ ဦးဇင်းငယ် ၂ ပါးကတော့ ဘယ်လို အခြေအနေကြောင့် မသိဘူး။ ခေါ်ထုတ် သွားတယ်။ နောက်တပါးကိုလည်း သူ့တကာ တချို့က လာရွေးသွားလို့ ဦးဇင်းတို့ ၂ ပါးပဲ ည ၉ နာရီ အထိ ဒုက္ခခံနေရတယ်။

မဲဆောက်ကျောင်းကြီးကျောင်းက ဦးပညာသီဟနဲ့ တကာ ကိုအောင်ထွန်းမြင့် တို့က ဒီအကြောင်း သိတော့ မဲဆောက်ကနေ မြ၀တီဂိတ် အထိ လာပြီး ဦးဇင်းနဲ့ ဦးဇင်း မိတ်ဆွေ နောက်တပါးကို ည ၉ နာရီလောက်မှာ ငွေပေးပြီး လာရွေးတော့မှပဲ ပြန်လွှတ် ပေးလိုက်တယ်။ လာရွေးတဲ့ သူက သင်္ကန်း ၂ စုံပါ ယူခဲ့ ပေးတာကြောင့် ဦးဇင်းတို့ သင်္ကန်း ပြန်ဝတ်ပြီး မြ၀တီက ဘုန်းကြီးကျောင်းမှာ သွားတည်းခဲ့ရတယ်။ အဖြစ်အပျက်က တော့ ဒါပဲ…။

ဒီအဖြစ်အပျက်အပေါ် ဦးဇင်းအဓိက ပြောချင်တဲ့အချက် တချို့ရှိတယ်။ ပထမ တချက်က ထိုင်းဖက်က ကိုင်တွယ် ဖြေရှင်းမှု ပေါ့။ တကယ်ဆိုရင် ဆွမ်းခံ ထွက်နေတဲ့ အခါမျိုးမှာ ဒါမျိုး ပြုမူဖို့ မသင့်ဘူး။ ဖမ်းဆီး ခံရတော့လည်း တကယ်ဆို ဘာသာရေး အရ တာဝန်ရှိတဲ့ သံဃာတော်တွေပဲ သေချာ မေးမြန်း စစ်ဆေးပြီးမှ ဆောင်ရွက်သင့်တယ်။ အခုတော့ ထိုင်း သံဃာတော်ကလည်း ဘာမှ သေချာ စုံစမ်း မေးမြန်းတာ မရှိပဲ အတင်း လူဝတ် လဲစေတယ်။ ဒါမျိုးဟာ ဖြစ်သင့် မသင့်ကို ဆင်ခြင် စေချင်တယ်။ ဒုတိယ အချက်ကတော့ မြန်မာ ဖက်ပိုင်းက တာဝန်ယူ ဆောင်ရွက်သူတွေဟာ ဗုဒ္ဓဘာသာ အဖြစ် ခံယူထားသူတွေ၊ ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ အဖွဲ့ အစည်း ဖြစ်ပေမယ့် လူဝတ်လဲ ခံထားရတဲ့ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေ ပါလားလို့ တစက်ကလေးမှ ငဲ့ကွက်မှု၊ အလေးဂရုဓမ္ဓ ပြုမှု မရှိတဲ့အပြင် ဘာသာတရား အရ ရှိသင့်တဲ့ စိတ်ဓါတ်မျိုး လုံးလုံး မတွေ့ရတာ အတော်လေး စိတ်မကောင်းစရာ ဖြစ်ပါတယ်။

နောက်.. ဦးဇင်းတို့ဟာ တခြား ဘာဥပဒေမှ ချိုးဖေါက်တာ မရှိသလို ရာဇ၀တ်မှု ကျူးလွန်တဲ့ သူတွေ မဟုတ်ပါဘူး။ သာသနာရေး ကိစ္စ၊ ဘာသာရေး ကိစ္စ ဆောင်ရွက် နေသူတွေဖြစ်ပါတယ်။ ထိုင်းတာဝန်ရှိသူ အာဏာပိုင်တွေ အနေနဲ့ အမှန်တကယ် ဘာသာ သာသနာ အတွက် ဆောင်ရွက်နေသူတွေ၊ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ၀ါဆို ၀ါကပ်တော်မူကြတဲ့ သံဃာတော်တွေကို စိစစ်ပြီး သင့်တော်တဲ့ နေထိုင်ခွင့် တခုခု ဖန်တီး ပေးစေချင်တယ်။ ထိုင်းဘာသာ အရေးအပြော သင်တန်း ပေးပြီး သာသနာ ပြုခွင့် ရှိစေချင်တယ်။ အခုလို ငွေပေးလိုက် ပြန်လွှတ်လိုက် သံသရာ လည်တာမျိုး မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။

မြန်မာ ဒကာ ဒကာမတွေအတွက် ပြောရရင်လည်း သူတို့ဟာ ရာဇ၀တ်မှု ကျူးလွန်ဖို့ လာကြသူတွေ မဟုတ်ပဲ ကိုယ့်နိုင်ငံ အခြေ အနေအရ ရေကြည်ရာ မြက်နုရာမှာ လာရောက်ပြီး ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားကြရရှာတာမို့ ထိုင်း လူမျိုးတွေ အနေနဲ့ နိုင်ငံကြီးသား ပီပီ ကိုယ့်အရိပ်ကို လာခိုသူတွေကို မေတ္တာရှေ့ထား ဖေမပြီး သင့်တော်တဲ့ အကူအညီတွေ ပေးစေချင်ပါတယ်။

ဦးဇင်းပြောချင်တာက အခုအဖြစ်အပျက်ဟာ ကျောင်းကျိုးတရားတွေပဲလို့ ဦးဇင်းတို့ နှလုံးသွင်းပါတယ်။ ဘယ်သူ့ ကိုမှလည်း အပြစ်တင်လို၊ နစ်နာစေလိုတဲ့ သဘော မရှိပါဘူး။ ဒါပေမယ့် နောက်နောင်လည်း ဒီလို ပြဿနာ အဖြစ်အပျက်တွေ ရှိလာနိုင်တာ မို့ ဆင်ခြင် နှလုံးသွင်း ဖြေရှင်း ဆောင်ရွက် နိုင်ကြစေဖို့ပဲ ရည်ရွယ် ပါတယ်။

ဦးသူရိယ

Read More...

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်


လူထုစိန်ဝင်း


လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထ မဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်း ဂျာနယ်ပေါင်း ၆၀ လောက် ရှိတယ်။

အခါမလပ်စောင့်ကြည့်
သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထ မဏ္ဍိုင်ထဲ ထည့်သွင်းမထား ဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထ မဏ္ဍိုင်ထဲ ပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရား စီရင်ရေး ဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ လုပ်ရပ်တွေကို နေ့စဉ် အခါမလပ် စောင့်ကြပ် ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံ တင်ပြတဲ့ တာဝန်ကို ထမ်းဆောင် နေရတဲ့ အတွက်ဖြစ်တယ်။ ဒါကြောင့် သတင်းစာနဲ့ သတင်း မီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာ ဖြစ်တယ်။

ဘ၀ချင်းမတူ
စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမ၀င်ဘူးလို့ဆိုတဲ့ အတွက် ကျန်တဲ့ဟာတွေက အလကားပဲ အသုံး မကျဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း အတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစား ကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်း လိုအပ်တယ်။ ဒါပေမယ့် အဲဒီကဏ္ဍများရဲ့ သဘာဝက အဓိက မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြပ် ကြည့်ရှုတဲ့ ‘watch dog’ သဘာဝ မဟုတ်ဘူး။ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံ တင်ပြတဲ့ အလုပ်ကို လုပ်တာဖြစ်လို့ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်တာဖြစ်တယ်။

လူသူတော်ကောင်းကြီးတွေ
စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကို တာဝန် ကြီးတယ်။ နိုင်ငံသားတိုင်း လိုက်နာ ကျင့်ကြံရတဲ့ နိုင်ငံသား ကျင့်ဝတ်အပြင် အင်မတန် တင်းကြပ်တဲ့ သတင်းသမား ကျင့်ဝတ် တွေကိုလည်း လိုက်နာ စောင့်ထိန်းရတယ်။ သတင်းသမား ကျင့်ဝတ်တွေကို အတိအကျ အမှန်အကန် လိုက်နာ စောင့်ထိန်းနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန် ဖြူစင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ သတ်မှတ် နိုင်ပါလိမ့်မယ်။ ဆရာ ဂျာနယ်ကျော် ဦးချစ်မောင်လို၊ ဆရာ လူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန် ရှားတဲ့ လူသူတော်ကောင်းကြီးတွေပါ။ အင်မတန် ထူးချွန် ထက်မြက်တဲ့ သတင်းစာ ဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာ ရှားတယ်။ ကမ္ဘာမှာကို ရှားတာ။ တော်သူတွေ ပေါပါတယ်။ တော်လည်းတော်ပြီး လူ သူတော်ကောင်း ကြီးတွေလို့လည်း ခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့ တွေ့ဖို့ မလွယ်ပါဘူး။

လူတော်ဆိုတာ
လူတော်လူကောင်းလို့ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီး ပြောဖို့ နည်းနည်းတော့ လိုအပ်တယ်။ လူတော် ဆိုတာနဲ့ ပတ်သက်လို့ ကတော့ ပြောစရာ မရှိပါဘူး။ ပညာရပ် နယ်ပယ် တစ်ခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင် တတ်မြောက် ထားသူကို လူတော်လို့ ခေါ်ကြတာပါပဲ။ နိုင်ငံ လူမျိုး ကွဲပြားခြားနားမှု မရှိ၊ စံနှုန်း တစ်ခုတည်းပါပဲ။ တောင်အာဖရိက နိုင်ငံသား နှလုံး အစားထိုး ခွဲစိတ်ကုသမှု လုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန် ရောက်တော့လည်း နှလုံးခွဲစိတ်ကုသ ဆရာဝန်ကြီး အဖြစ် အသိအမှတ် ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာ တစ်ခုလုံးကလည်းတွေး ခေါ်ပညာရှင်ကြီး အဖြစ် လေးစားကြပါတယ်။

လူကောင်းဆိုတာ
လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်း ရှိလာတယ်။ ဘာကြောင့်လဲ ဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့ နှုန်းစံက လူမျိုး တစ်မျိုးနဲ့ တစ်မျိုး၊ နိုင်ငံ တစ်ခုနဲ့တစ်ခု မတူကြလို့ ဖြစ်တယ်။ အလွယ်ဆုံး ဥပမာပေးရရင် အရက်ကိစ္စကို ပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့ လူမျိုးတိုင်းလိုလိုက အပြစ်ကြီး တစ်ခုလို့ မယူဆကြတော့ဘူး။ အရက် သောက်တတ်လို့ လူကောင်း မဟုတ်ဘူးလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာ လက်ခံကျင့်သုံးတဲ့ မြန်မာ လူမျိုးတွေကတော့ အရက် သောက်တာကို အပြစ်ကြီး တစ်ခု၊ သီလ ပျက်ယွင်းမှု တစ်ခုလို့ သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပက ရွေးရင် တခြား စာရိတ္တပိုင်းမှာ ဘယ်လောက်ပဲ ကောင်းကောင်း၊ အရက်သေစာ သောက်စားသူ ဆိုရင် ၀င်ရောက် အရွေးခံခွင့်တောင် မရှိပါဘူး။ ဂေါပက အဖွဲ့တိုင်းရဲ့ စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြ ထားကြတယ်။

တောင်ပေါ်မြေပြန့်ခြားနားမှု
ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့မြေပြန့် မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့် သားတွေက အရက် သောက်တာကို သီလ ပျက်ယွင်းမှု အဖြစ် ရှုမြင်ပေမယ့် အလွန် ချမ်းအေးတဲ့ တောင်ပေါ် ဒေသတွေမှာတော့ ဒီလို မမြင်တော့ဘူး။ အအေးဒဏ်ကို ကာကွယ်ဖို့ လူကြီး လူငယ် ကျားမ မရွေး အရက်သောက်ကြတယ်။ အနောက် နိုင်ငံတွေမှာလည်း ဒီလို ကွဲပြားမှုတွေ ရှိကြတာပဲ ဖြစ်တယ်။ အင်္ဂလိပ် ဘောလုံး သမားတွေ အိမ်ထောင်ဖက် အပေါ် သစ္စာ မစောင့်မှုကြောင့် ပြဿနာ ဖြစ်ရတဲ့ သတင်းတွေ အမြဲမပြတ် သတင်းစာတွေမှာ ဖတ်နေရတယ်။ အင်္ဂလိပ်တွေက ဒီကိစ္စကို တော်တော် ရေးကြီးခွင်ကျယ် သဘောထားတယ်။ ပြင်သစ် ဘောလုံး လောကမှာတော့ ဒါမျိုးတွေကို သတင်းစာတွေက ရေးကြီးခွင်ကျယ် လုပ်ပြီး ရေးလေ့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက် အပြင် ချစ်သူ(Lover) ထားတာမျိုးက မဆန်းတော့တဲ့ ကိစ္စအဖြစ် သဘောထားကြလို့ ဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။

မတားပါဘူး
အတိအကျ အခိုင်အမာပြောချင်တာ တစ်ခုတော့ရှိတယ်။ မြန်မာလူမျိုး အဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှ ကာလ ပတ်လုံး မြန်မာ လူမျိုးတို့ရဲ့ ရိုးရာ အစဉ်အလာ ဓလေ့ ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ် ဆိုတဲ့ အချက်ဖြစ်တယ်။

မျက်စိရှက်လို့
အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင် ကိစ္စမှာလည်း နိုင်ငံနဲ့ လူမျိုး အလိုက် ကွဲပြား ခြားနားတဲ့ နှုန်းစံတွေ ရှိကြတယ်။ သတင်းသမား ဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျ အမှန်အကန် ရေးသား တင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှု အလိုက် ခြားနားချက်တော့ ရှိကြတယ်။ မှုခင်း သတင်းတစ် ပုဒ်ကို ဖော်ပြရာမှာ အနောက် နိုင်ငံများ က မှုခင်း ကျူးလွန်သူရော၊ ကျူးလွန် ခံရသူကိုပါ နာမည် လိပ်စာ အတိအကျ ဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်း မီဒီယာ အများစုက နာမည်နဲ့ လိပ်စာနေရာမှာ ကွက်လပ်ထား ဖော်ပြကြတယ်။ အနောက်နိုင်ငံ သတင်းစာတွေမှာ မျက်နှာဖုံး သတင်း အဖြစ် အသားပေး ဖော်ပြလေ့ ရှိတဲ့ သတင်းတစ်မျိုး ဆိုရင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ရေးသား ဖော်ပြဖို့ ဆိုတာထား။ ဖတ်ရမှာတောင် မျက်စိရှက်လို့ ကျော်ဖတ် သွားရတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏလာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်း သမားကောင်း တစ်ယောက် အခေါ်ခံရဖို့က နိုင်ငံခြားမှာထက် ပိုခက်တဲ့ အကြောင်း အမြဲ ပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ် ကြီးမားတဲ့ နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့ အတွက် ဖြစ်တယ်။

သာသနာပြုနဲ့တူတဲ့အလုပ်
အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်း မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက် လုံးဝ မသောက်ပေမယ့် တခြား နည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်း သမားတွေလည်း အများကြီး ရှိပါတယ်။ အဓိက အကျဆုံးကတော့ စာနယ်ဇင်း သမား အလုပ်ကို ခုတုံးလို အသုံးချပြီး ကိုယ်ကျိုးစီးပွား ရှာတဲ့ အလုပ်မျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ စာနယ်ဇင်း အလုပ်ဆိုတာ သာသနာပြု လုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်၊ ကိုယ်ကျိုးရှာ သမားများနဲ့ လုံးဝ မအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက် ချင်ပါတယ်။

Read More...

News Commentary - January 2011 (Eng)

News Commentary - January 2011 (Eng)

Read More...

List of 388 Non-Elected MPs, Military Parliamentarians - 21 Jan 2011

Burma Update

Read More...

လွှတ်တော်မှတဆင့် ပုဂ္ဂလိကပိုင် ပြုသင့်ဟု NDF ဆို

မျိုးသန့်
စနေနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလက် လွှဲခြင်းကို လွှတ်တော်တွင် ဆွေးနွေးပြီးမှသာ ပြုလုပ် သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး၊ စွမ်းအင်၊ စက်မှုနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက် များရှိ စီးပွားရေး လုပ်ငန်း ၇၆ ခုကို ရောင်းချမည်ဟု ယမန်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပါရှိအပြီး NDF က ဝေဖန် ပြောဆိုခြင်း ဖြစ်သည်။

“ပုဂ္ဂလိကပိုင်လုပ်တဲ့ ကိစ္စတွေမှာ လက်ရှိအစိုးရ လက်ထက်မှာပဲ အပြီးအပြတ် လုပ်ချင်လို့ လုပ်တယ် ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ အဲဒီလိုမဟုတ်ဘဲ လွှတ်တော်ထဲမှာ မတင်ပြဘဲနဲ့ လက်သိပ် ထိုးပေးဖို့ စဉ်းစားတယ် ဆိုရင်တော့ ဝေဖန်စရာတွေ ရှိပါတယ်” ဟု NDF လွှတ်တော်ရေးရာ ကော်မတီဝင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။ လွှတ်တော်တွင် ဆွေးနွေးကာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ဥပဒေ ချမှတ်ပြီးမှသာ လုပ်သင့်သည်ဟု ဆိုသည်။

ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း ၁၅ ခု၏ စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလက် လွှဲရန် မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က အဆိုပြုလွှာ ခေါ်ခြင်းမှာ ယခုနှစ်တွင် ပထမဆုံး ဖြစ်သည်။ နိုင်ငံပိုင် စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းကို လွှဲမည်ဟု အမှတ် ၂ စက်မှုဝန်ကြီး ဦးခင်မောင်ကျော်က ပြောကြောင်း တရုတ် ဆင်ဟွှာ သတင်းဌာနက ယခုလ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သေးသည်။

လွှတ်တော်ပြင်ပ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း လက်ရှိအစိုးရသည် အခွင့်ထူးခံ အသိုင်းအဝိုင်းကို စီးပွားရေးအခွင့်အလမ်းများ ပေးအပ်ထားခြင်းကြောင့် ပုဂ္ဂလိက လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ကြီးထွားစေသည်ဟု ယခုလ ၄ ရက်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။

လူတစုမှ စီးပွားရေးလုပ်ငန်းများ လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းမျိုး မဖြစ်စေဘဲ ဈေးကွက်စီးပွားရေးစနစ် အပြည့်အဝ လည်ပတ်နိုင်ရန် လွှတ်တော်တွင် တင်ပြဆွေးနွေးမည်ဟု လွှတ်တော်အမတ် ၁၅ နေရာ ရရှိသည့် NDF က ဆိုသည်။

“လက်ဝါးကြီးအုပ်တဲ့ ပုံစံမျိုး လူတစုလက်ထဲမှာပဲ ဒီအခွင့်အလမ်းတွေ အများဆုံး ရောက်နေတာ တွေ့နေရတော့ကာ ဈေးကွက်စီးပွားရေးကို အပြည့်အဝ လည်ပတ်နိုင်အောင် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ဥပဒေတရပ်ကို ထုတ်ပြန်ပေးဖို့ လိုတယ်ဆိုတာကို ကျနော်တို့က တင်ပြသွားမှာပါ။ နိုင်ငံသားအားလုံးဟာ ဥပဒေ ခွင့်ပြုချက်အရ အားလုံးပါဝင်နိုင်တဲ့ ဈေးကွက်စီးပွားရေးဖြစ်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ပုဂ္ဂလိကလွှဲရာ၌ တိုင်းပြည်အတွက် လုပ်ကိုင်နိုင်သူများထံ ရောက်ရှိရန် အရေးကြီးပြီး၊ လူတစု လက်ဝါးကြီးအုပ်ခြင်းမျိုး ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်၌ ဘွဲ့လွန်ပညာအထိ သင်ယူခဲ့ဖူးသူ ချင်းအမျိုးသားပါတီ CNP မှ ဦးဇိုဇမ်က ဆိုသည်။

“လွှဲပုံလွဲနည်း လိုအပ်တယ်ဗျ။ တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်ပေးချင်တဲ့ ပုဂ္ဂိုလ်တွေ လက်ထဲရောက်ဖို့ အရေးကြီးတယ်။ ကျနော်စိုးရိမ်တာက အုပ်စုလိုက်ဖွဲ့ပြီး စီးပွားရေး လုပ်ငန်းတခုကို သူများတွေ နေရာယူလို့ မရအောင် အုပ်စုဖွဲ့ပြီး နေရာယူတဲ့ပုံစံ အဲဒီစနစ်မျိုး ဖြစ်မှာကို စိုးရိမ်တယ်” ဟု သူက ပြောသည်။ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေး ထိန်းချုပ်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့်နှစ်ထဲတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းနှင့် အဆောက်အဦ၊ စက်သုံးဆီ အရောင်းဆိုင် စသည့် စီးပွားရေး လုပ်ငန်း ၃၈၈ ခု၊ ရန်ကုန်မြစ်ကမ်းတလျှောက်ရှိ ဗိုလ်အောင်ကျော်၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း-နန်းသီတာ၊ ဆူးလေ၊ ကျန်းမာရေးအပြင် အလုံဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ကမ်းမြေများကဲ့သို့ နေရာအများအပြား ဈေးပြိုင်အိတ်ပိတ်စနစ်ဖြင့် ရောင်းချခြင်း၊ အဆိုပြုလွှာ ခေါ်ဆိုရောင်းချခြင်းများ ပြုလုပ်ပြီး ဖြစ်သည်။

ပုဂ္ဂလိကပိုင်လုပ်ငန်းများကို ကွယ်လွန်သူ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင် သိမ်းယူခဲ့သည်။ အမေရိကန် နိုင်ငံအခြေစိုက် The Heritage Foundation ၏ အင်တာနက် စာမျက်နှာတွင် ၂ဝ၁၁ အတွက် စီးပွားရေးလွတ်လပ်ခွင့် အညွှန်းကိန်းအဆင့် သတ်မှတ်ရာတွင် ၁၇၉ နိုင်ငံအနက် မြန်မာက ၁၇၄ အဆင့်တွင် ရှိနေသည်ဟု ဖော်ပြထားသည်။

ရန်ကုန် အမေရိကန်သံရုံးမှ ၎င်းတို့နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၂ဝဝ၉ ဇူလိုင်တွင် ပို့ခဲ့သည့် လျှို့ဝှက်သတင်းပို့ချက်၌ မြန်မာအစိုးရ၏ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အနည်းဆုံး ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေကြောင်း ပါရှိသည်ဟု ဝီကီလိခ် ဝဘ်ဆိုဒ်က ဖော်ပြသည်။

Ref: မဇ္ဈိမ

Read More...

နအဖ စစ်အစိုးရ၏ တမတ်သား လွှတ်တော်အမတ်များ

တမတ်သား ပြည်သူ့လွှတ်တော်အမတ်များ

တမတ်သား အမျိုးသားလွှတ်တော်အမတ်များ

တမတ်သား တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်အမတ်များ

Read More...

Sunday, January 23, 2011

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၁)

January 14, 2011

Tunisia Uprising Episode N0 1. (Must Read)

-သမ္မတဘင်အလီက သမ္မသက်တမ်း ကုန်ဆုံးချိန်တွင် ပြန်လည်အရွေးခံမည် မဟုတ်ဟုဆို

-စားသောက်ကုန်များကို ဈေးလျှော့ပေးပြီး၊ သတင်းလွတ်လပ်ခွင့်ကို ပြန်လည် ဖော်ဆောင်ပေး

-တူနီးရှား ပြည်သူများ နိုင်ငံအနှံ့ အုံကြွှ မှု စတင်

-တူနီရှား နိုင်ငံ ၏ ဘလောက်ဂါများက အုံကြွမှုကို ပိုမို အရှိန် မြှင့်တင်ပေး

-တူနီးရှား နိုင်ငံ လူထု အုံကြွမှု အတွင်း လူ သုံးဆယ် နီးပါး သေးဆုံး

-အာရပ် နိုင်ငံ များ ၏ ပြည်သူ လူထုံ အုံကြွှမှု များ ပြန်လည် အားကောင်းလာ


အယ်(လ)ဂျီးရီယား နဲ့လစ်ဗျား နိုင်ငံ ကြားက နိုင်ငံငယ်လေး တစ်ခု ဖြစ်တဲ့ တူနီးရှား နိုင်ငံဟာ မြောက်အာဖရိက တိုက်မှာ အသေးဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ မြို့တော် တူနစ်ကတော့ သာယာလှပတဲ့ မက်ဒီတာရေးနီးယန်း ပင်လယ်ကမ်းခြေမှာ ရှိတာကြောင့် ကမ္ဘာလှည့် ခရီးသွား တွေကို တခြား မြောက်အာဖရိက နိုင်ငံတွေ လိုပဲ ဆွဲဆောင် ထားနိုင်ပါတယ်။

နိုင်ငံရဲ့မြို့တော် တူနစ်ကနေ မော်တော်နဲ့ မြေထဲပင်လယ်ကို ဖြတ်သန်း သွားရင် ဆယ်နာရီလောက် အကြာမှာ ပြင်သစ် နိုင်ငံပိုင် ကျွန်းတစ်ခုခု ဒါမှ မဟုတ် အီတလီ နိုင်ငံ ကမ်းခြေကို ရောက်ရှိပါတယ်။

တူနီရှား နိုင်ငံမှာ ၁၉၈၇ ခုနှစ် ကတည်း က အာဏာရရှိလာတဲ့ အသက် ၇၄ နှစ် အရွယ် ရှိ ဇင်အယ် အဘီဒင်း ဘင် အလီက အာဏာရှင် ဆန်ဆန် အုပ်ချုပ် လာခဲ့ပါတယ်။

တူနီးရှား နိုင်ငံကို ပြင်သစ် တို့အုပ်ချုပ် စဉ်မှာ စစ်ထဲ ၀င်ပြီး တော်လှန်ရေး လုပ်ခဲ့တဲ့ ဘင်အလီ ဟာ ၁၉၈၇ နိုဝင်ဘာ ၇ ရက် မှာ အနောက်တိုင်း ဆန်ဆန် ပြုပြင် ပြောင်းလဲမှုကို လိုလားတဲ့ ကျေးဇူးရှင် ဖြစ်သူ သမ္မတ ဟာဘစ်ဘော့ ဂီဘာနဲ့ သူ့ရဲ့ သားဖြစ်သူ တူနီးရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ရာထူးက ဖယ်ရှားပြီး အာဏာ သိမ်းခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ အတိုက်အခံ တွေကို ထောင်သွင်း အကျဉ်းချမှုတွေ ရှိလားပြီး သတင်းထောက် တွေ၊ ဘလောက်ဂါတွေ ကို ဖမ်းဆီး အပြစ်ပေးကာ ပိုမို နှိပ်ကွပ် လာခဲ့ပါတယ်။ နိုင်ငံရဲ့ အထင်ကရ နေရာတွေတိုင်းမှာ သူ့ရဲ့ ဓာတ်ပုံ ပိုစတာကြီးတွေ ချိတ်ဆွဲ ထားတဲ့ ဘင်အလီဟာ သူ့ရဲ့ ၂၃ နှစ်တာ အာဏာ ချုပ်ကိုင်ထားတဲ့ သက်တမ်း အတွင်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ နှောင်းပိုင်းက စလို့ နိုင်ငံ အတွင်းမှာ မငြိမ် သက်မှုတွေ စတင်ခဲ့ပါတယ်။

အသက်၂၆ နှစ် အရွယ်ရှိ တက္ကသိုလ်ဘွဲ့ရ မိုဟာမက် ဘူဇာဇီ ရဲ့ လမ်းဘေးမှာ ရောင်းတဲ့ သစ်သီး ဗန်းကို အာဏာပိုင်တွေက ခွင့်ပြုချက် ယူပြီး မရောင်းလို့ဆိုပြီး အကြောင်းပြကာ သိမ်းဆည်း ခဲ့ပါတယ်။ တစ်နေ့စာ တစ်နေ့ရင်းပြီး ၀မ်းစာ ရှာရတဲ့ ဘွဲ့ရ ကျောင်းသား ဘူဇာဇီ က သူ့ရဲ့ သစ်သီးဗန်း အသိမ်းခံရပြီး နောက်မှာတော့ ဆန္ဒပြတဲ့ အနေနဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မြို့တော် အုပ်ချုပ်ရေးရုံး အရှေ့မှာ သူ့ကိုယ်သူ မီးရှို့ပြီး ဆန္ဒပြ ခဲ့ရာကနေ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆီဒီဘိုရ်ဇဒ် မှာ လူ ၁၀၀ ကျော်လောက်နဲ့ စတင် ဆန္ဒပြကြတာမှာ အခုလို မငြိမ်မသက် မှုတွေ ပေါ်ပေါက် လာခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို မငြိမ်မသက် မှု တွေဟာ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ မြို့တော် တူးနစ်ကို ကူးစက်ခဲ့ပြီး ဘင်အလီက စစ်တပ်၊ ရဲ တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့ပါတယ်။ ရက် နှစ်ဆယ်ကျော် ဆန္ဒပြမှုမှာ အစိုးရက သေဆုံး သူ ၂၃ ဦး ရှိတယ်လို့ ဆိုပြီး တက္ကသိုလ် ကျောင်း သားတွေက လေးဆယ် ကျော်တယ်လို့ ဆိုပါတယ်။ နိုင်ငံတ၀ှမ်းမှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန် ခဲ့ပေမယ့် ဆန္ဒပြမှုတွေ ဆက်လက် အားကောင်း လာတာကြောင့် ………..

ဓာတ်ပုံများ — အယ်(လ)ဂျာဇီးယား၊ အေအက်(ဖ)ပီ၊ ဂါးဒီးယန်း


Ref: Freedom News Group

Read More...

မြန်မာ့ဒီမိုကရေစီ အဆင့်မတိုးတက်

ကိုကျော်ကျော်သိန်း
စနေ, 22 ဇန်နဝါရီ 2011

ဒဏ်ခတ် အရေးယူထားတာတွေကို အမေရိကန်က လောလောဆယ် ရုပ်သိမ်းပေးဖို့ အစီအစဉ် မရှိသေးဘူး ဆိုတဲ့ အကြောင်း ပြချက်တွေထဲမှာ သိသာထင်ရှားတဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ မဖြစ်သေးတာက အဓိက အကြောင်းပြချက် တခု ဖြစ်ပါတယ်။ အဲဒီအချက်ကို သက်သေပြု ထောက်ခံတဲ့ အစီရင်ခံစာတစောင် မကြာသေးခင်ကပဲ ထွက်လာတာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ညွှန်းကိန်းဟာ ၁၆၃ မှာရှိနေတာကို တွေ့ရပါ တယ်။ နိုင်ငံပေါင်း ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီ အဆင့်အတန်းကို သုတေသန ပြုစုပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ တာကတော့ The Economist မဂ္ဂဇင်းရဲ့ သုတေသန အဖွဲ့ခွဲတခု ဖြစ်တဲ့ The Economist Intelligence Unit (EIU) ဖြစ်ပါတယ်။

နိုင်ငံ ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းကို အမျိုးအစားတွေ ခွဲခြားသတ်မှတ် ထားတာမှာ ဒီမိုကရေစီ အပြည့်အ၀ ရှိတဲ့ နိုင်ငံတွေ၊ အပြစ် အနာအဆာ ရှိတဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီနဲ့ တပါတီ ဒါမှမဟုတ် အာဏာရှင်စနစ် ရောထွေး ကျင့်သုံးတဲ့ နိုင်ငံတွေ၊ အာဏာရှင် အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံတွေ ဆိုပြီး အတန်းအစား လေးခုနဲ့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို တော့ အာဏာရှင် အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံတွေထဲမှာ ထည့်သွင်း ထားပါတယ်။

ဒီမိုကရေစီအဆင့်အတန်းကို စံနှုန်းသတ်မှတ်ချက်ငါးခုနဲ့ တိုင်းတာပြီး ညွှန်းကိန်း သတ်မှတ်ထားတာ ဖြစ်ပြီး တော့ စုစုပေါင်းအမှတ် ကို ၁ ကနေ ၁၀ ထိ ပေးတာမှာ မြန်မာနိုင်ငံကတော့ ၁ ဒဿမ ၇၇ မှတ် ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုပြဌာန်းခဲ့၊ ၂၀၁၀ ခုနှစ်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတော့ မြန်မာစစ်အစိုးရက သူတို့ရဲ့ ဒီမိုကရေစီရေး လမ်းပြမြေပုံ အဆင့်ခုနစ်ဆင့်ကို ဆက်တိုက်အကောင်အထည် ဖော်ခဲ့တယ်ဆိုပေမဲ့ အဲဒီ ဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းမှာ ဘယ်လို အပြောင်းအလဲမှ မဖြစ်စေခဲ့ဘူးဆိုတဲ့ သဘောပါပဲ။ ၂၀၀၈ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံဟာ ဒီအဆင့်အတိုင်းပဲရှိခဲ့ပြီး နှစ်နှစ်အတွင်း ဒီမိုကရေစီ အဆင့်အတန်း ဘာမှ အပြောင်းအလဲမရှိခဲ့ပါဘူး။ ထူးခြားချက်တခုအနေနဲ့ တွေ့ရတာကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှု တိုင်းတာချက်ကို ရမှတ် ၅.၆၃ ပေးထားတာပါပဲ။ ဒါဟာ အစီရင်ခံစာထဲမှာပါတဲ့ နိုင်ငံ အတော်များများနဲ့နှိုင်းယှဉ်ရင် အတော်လေးမြင့်တယ်လို့ ဆိုရမှာပါ။ နိုင်ငံရေးယဉ်ကျေးမှုဆိုတာကတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိရေချိန်အပါအ၀င် နိုင်ငံရေးအပေါ် ဘယ်လောက် တိမ်းညွှတ်မှုရှိတယ် ဆိုတာကို တိုင်းတာချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံထက် ဒီမိုကရေစီအဆင့်အတန်း နိမ့်ကျတဲ့နိုင်ငံက လေးနိုင်ငံပဲရှိပြီး အဲဒီနိုင်ငံတွေကတော့ ဥဇဘက်ကစ္စတန်၊ တာခ်မေနစ္စတန်၊ ချာ့ဒ်နဲ့ မြောက်ကိုရီးယားတို့ ဖြစ်ပါတယ်။ ဒီမိုကရေစီအပြည့်အ၀ရှိတဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်းငါးနိုင်ငံကတော့ နော်ဝေး၊ အိုက်စ်လန်၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ နယူးဇီလန်နိုင်ငံတို့ ဖြစ်ပါတယ်။

EIU အဖွဲ့ရဲ့ ဒီမိုကရေစီတိုင်းတာချက် စံနှုန်းအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ဟာ ဒီမိုကရေစီ အဆင့်အတန်း တမျိုးမျိုးမှာ နေထိုင်နေကြရတယ်ဆိုပေမဲ့ ၂၀၀၈ ခုနှစ်ကတည်းကနေဆိုရင် တကမ္ဘာလုံးမှာ ဒီမိုကရေစီအဆင့် ကျဆင်းလာနေတယ်လို့ ၂၀၁၀ ပြည့်နှစ်အတွက် ဒီမိုကရေစီညွှန်းကိန်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: VOA News

Read More...

Saturday, January 22, 2011

Uncensored Burma - Daily News ( 2011 Jan 21)

Uncensored Burma

Read More...

ကြံ့ဖွံ့ရှုံး ကျားဖြူအမတ်နိုင်

ကျော်ခ၊
သောကြာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၁။

ချင်းမိုင် (မဇ္ဈိမ) ။ ။ မဲ' မသမာမှုနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အမတ်ကို စွပ်စွဲသော အမှုတခုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဘက်မှ ဗွေဆော်ဦး ရှုံးနိမ့်သွားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမဲဆန္ဒနယ် (၁) မှ အရွေးခံရသူ စိုင်းမွန်း ခေါ် စိုင်းကျော်ထွန်းမှာ ရွေးကောက်ပွဲ ကာလတွင်း မဲရုံများ စနစ်တကျ မရှိမှုနှင့် မဲ' မသမာမှုများ ရှိကြောင်း ရှုံးနိမ့်ခဲ့သူ ပြိုင်ဘက် ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခမ်းလှိုင်က စွပ်စွဲရာတွင် အထောက်အထား ခိုင်လှုံမှုမရှိဟု နေပြည်တော် ကော်မရှင်က အဆုံးအဖြတ် ပေးလိုက်သည်။

“တရားလိုဘက်က ကန့်ကွက်တဲ့ဟာတွေက သက်သေ အထောက်အထား ခိုင်လုံမှု မရှိလို့ အမှုကို ပလပ်လိုက်တာ။ ၁၉ ရက်နေ့က နေပြည်တော် ကော်မရှင် တရားရုံးက စီရင်ချက်ချတာ” ဟု ကျားဖြူ ခေါ် ရှမ်းဒီမိုကရက်ပါတီမှ စိုင်းမွန်းက မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲတွင် ရှမ်းပြည်တောင်ပိုင်း ကွန်းဟိန်း မဲဆန္ဒနယ် (၁) တွင် စိုင်းမွန်းက ၄၃၇၈ မဲဖြင့် ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခမ်းလှိုင် ၏ ၂ဝ၃၃ မဲ ကို ပြတ်ပြတ်သားသား နိုင်ခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေအရ အနိုင်ရအမတ်ကို ကန့်ကွက်လိုလျှင် ငွေကျပ် ၁ဝ သိန်း ပေးရမည်ဖြစ်ပြီး ပြန်ထုတ်ယူခွင့်လည်း ပိတ်ထားသည်။

အတိုင်ခံရသူသည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁ နှစ်ထက် ဖြစ်စေ၊ ကျပ်တသိန်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ် ခံရမည်ဖြစ်ပြီး လိမ်လည် စွပ်စွဲ တိုင်တန်းသူကို ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ကျပ် ၃ သိန်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်သည်ဟုလည်း ပါရှိသည်။

အလားတူပင် ရွေးကောက်ပွဲတွင်း မဲ' မသမာမှုများဖြင့် အနိုင်ရရှိသွားသည် ဟုဆိုကာ ကျားဖြူအမတ် ၃ ဦးအပေါ် ကြံ့ဖွံ့က တရား စွဲထားသည့် အနက်မှ နှစ်မှုကို ဆုံးဖြတ်ရန် ကျန်နေသေးသည်။

မိုးမောက် မဲဆန္ဒနယ်တွင် အနိုင်ရရှိသည့် ပြည်သူ့လွှတ်တော်အမတ် စိုင်းဇော်ထွန်းအား ကြံ့ဖွံ့ ကိုယ်စားလှယ် ဦးရုံးမူ ကလည်းကောင်း၊ မိုးမောက် ပြည်နယ် လွှတ်တော်အမတ် စိုင်းမျိုးအောင်အား ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါ်ဝိုင်းကလည်းကောင်း တရားစွဲမှုဖြစ်သည်။

ဇန်နဝါရီ ၂၄ နှင့် ၂၇ ရက်နေ့များတွင် နေပြည်တော် ကော်မရှင် တရားရုံးတွင် အသီးသီး ကြားနာမည် ဖြစ်သည်။ အမတ်များ အမှု ဆိုင်နေစဉ်အတွင်း လွှတ်တော် အစည်းအဝေး တက်ခွင့် ရကြမည်။

မဲလိမ် မဲညစ်များဖြင့် အနိုင်ရသွားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံရသည့် ကြံ့ဖွံ့က တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး၊ ဒီမိုကရက်တစ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုတို့မှ အနိုင်ရ အမတ်များကို တရား စွဲထားမှုများလည်း ရှိသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့