Tuesday, December 16, 2008

အီရတ် သတင်းထောက်က သမ္မတဘွတ်ရှ်အား ဖိနပ်ဖြင့် ပစ်ပေါက်

အီရတ်သို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန် သမ္မတ Bush အား ၄င်းစီးထားသည့် ဖိနပ်(၂) ရံ ဖြင့် ရုတ်ရုတ်သဲသဲဖြစ်အောင် ပစ်ပေါက်ခဲ့သည့် အီရတ် ဂျာနယ်သတင်းထောက်သည် ထိုသို့ ပြုလုပ်နိုင်ရန် အတွက် လပေါင်းများစွာ ကြံစည်ခဲ့ကြောင်းဖြင့် ၄င်း၏ အပေါင်းအဖော်များက တနင်္လာနေ့တွင် ပြောကြားခဲ့ ပါသည်။


Mr. Muntazer al-Zaidi အသက်(၂၈) နှစ်ရှိသည့် ဖော်ပြပါ အီရတ် သတင်းထောက်သည် သူရဲကောင်း အဖြစ် ချီးကျူးခြင်း ခံခဲ့ရပါသည်။ ၄င်းက ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရသူ အမေရိကန် သမ္မတ Bush မှာ ၂၀၀၃ ခုနှစ်တွင် အီရတ်သို့ စီးနင်းဝင်ရောက်ရန် အမိန့်ပေးခဲ့သူ ဖြစ်ပါသည်။

အမေရိကန် သမ္မတ Bush အီရတ်တွင် ရှိနေစဉ် ဘာသာရေး အထွတ်အမြတ်မြို့ဖြစ်သော Najaf နှင့် Baghdad တို့တွင် အမေရိကန် ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ပါသည်။ အမေရိကန် ဆန့်ကျင်ရး Sadr လှုပ်ရှားရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ Mr. Liwaa Sumeissim က မိမိတို့နိုင်ငံအား ကျူးကျော်ဝင်ရောက် နေသည့် အမေရိကန် နိုင်ငံ၏ သမ္မတအား မြင်လိုက်ရသည့် အတွက် ကြေကွဲ စွာ ခံစားရမှုကို ပြသခဲ့သည့် အပြုအမူပင်ဖြစ်ကြောင်း ဖြင့် ပြောကြားလိုက်ပါသည်။

သို့ရာတွင် အီရတ်အစိုးရက ဂျာနယ် သတင်းထောက် Mr. Zaidi ၏ အပြုအမူသည် ရှက်စရာကောင်းပြီး ၄င်း ၏ အလုပ်ရှင်ဖြစ်သော Al-Baghdadia ရုပ်မြင်သံကြား ဌာနက တောင်းပန်ရန် တောင်းဆိုလိုက်ပါသည်။ အဆိုပါ ရုပ်မြင်သံကြားဌာန က Mr. Zaidi ကို ထိန်းသိမ်းထားခြင်းမှ ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုထား ပါသည်။ တနင်္ဂနွေနေ့တွင် သမ္မတ Bush နှင့် အီရတ်ဝန်ကြီင်္းချုပ် Mr. Nuri al-Maliki တို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် ဂျာနယ်သတင်းထောက် Mr. Zaidi က ထိုင်နေရာမှ ခုန်ထ၍ "ခွေးကြီး၊ ဒီဟာ နှုတ် ဆက် အနမ်းပဲကွ ( Farewell Kiss, you Dog !) ဟု ဆိုပြီး ၄င်း၏ ဖိနပ်(၂) ရံဖြင့် အမေရိကန် သမ္မတကို ပစ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။

ပထမ ဖိနပ်တစ်ရံမှာ ခေါင်းဆောင် (၂) ဦး၏ နောက်တွင်ရှိသည့် အမေရိကန်နှင့် အီရတ်အလံကို ထိပြီး၊ နောက်တစ်ရံမှာ ပစ်မှတ်လွဲချော် သွားပါသည်။ Mr. Zaidi မှာ ချက်ခြင်းပင် လုံခြုံရေးအစောင့်များ၏ မြေပြင် ပေါ်သို့ လှဲချချုပ်နှောင်ခြင်းကို ခံခဲ့ရပါသည်။ ထို့နောက် ချုပ်နှောင်ထားလျက်နှင့် ၄င်းက "သေဆုံးခဲ့ရသော အီရတ် ထောင်ပေါင်းများစွာအတွက် မင်းတွင် တာဝန်ရှိသည်" ဟု အော်ဟစ်ခဲ့ပါသည်။

ကြေညာချက်တွင် Al-Baghdadia ရုပ်မြင်သံကြားဌာနက အီရတ် အာဏာပိုင်များကို ၄င်းတို့၏ ဂျာနယ် သတင်းထောက်အား အမေရိကန် အာဏာပိုင်များက အီရတ် ပြည်သူများကို ကတိပေးခဲ့သည့် ဒီမိုကရေစီ နှင့် လွတ်လပ်ရေးနှင့်အညီ ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းဖြင့် ဖော်ပြထားပါသည်။ ၄င်းတို့၏ ဂျာနယ် သတင်းထောက်အပေါ် မည်သည့် အရေးယူမှုများကိုမဆို မိမိတို့အနေဖြင့် အာဏာရှင်အစိုးရ၏ အပြုအမူများသာ ဖြစ်သည်ဟု မိမိတို့ စဉ်းစားရလိမ့်မည် ဖြစ်ကြောင်းဖြင့် ဆက်လက် ဖော်ပြထားပါသည်။

Al-Baghdadia ရုပ်မြင်သံကြားဌာနမှ Zaidi ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက Mr. Zaidi အနေဖြင့် အခွင့် အရေးရသည်နှင့် အမျှ Mr. Bush အား ဖိနပ်ဖြင့်ပစ်ပေါက်ရန် ကြံစည်ထားပြီးဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါ သည်။ ၄င်းက ပြောကြားရာ၌ Mr. Zaidi အနေဖြင့် ၄င်းက လုပ်မည်ဆိုသည်ကို မိမိတို့ သံသယ မရှိမိပါ ကြောင်းဖြင့် ဆက်လက်ပြောကြားပါသည်။ အမည်မဖော်လိုသော Mr. Zaidi ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက Mr. Zaidi အနေဖြင့် အမေရိကန်တို့အပေါ် စက်ဆုတ်ရွံမုန်းကြောင်း ၊ ၄င်းသည် အမေရိကန် တပ်သားများ ကို ရွံမုန်းသကဲ့သို့ သမ္မတ Bush ကိုလည်း ရွံမုန်းကြောင်းဖြင့် ပြောကြားပါသည်။ ဖိနပ်ဖြင့် ပစ်ပေါက်ခြင်း သည် အာရပ်ယဉ်ကျေးမှု၌ အပြင်းထန်ဆုံးသော စော်ကားမှုကြီးပင်ဖြစ်ပါသည်။

အီရတ်သမ္မတဟောင်း ဆဒ္ဒန်ဟူစိန်၏ ရုပ်ထုကို ၂၀၀၃ခုနှစ် ၊ ဧပြီလတွင် လှဲချပြီးနောက် ၊ ထိုသို့ လှဲချလိုက် သည့် ရုပ်ထု၏ မျက်နှာကို လာရောက်ကြည့်ရှု့သူများက ဖိနပ်များဖြင့် နင်းချေခဲ့ဖူးပါသည်။ အီရတ်ရှေ့နေ များက ပြောကြားရာ၌ Mr. Zaidi သည် နိုင်ငံခေါင်းဆောင် လာရောက်လည်ပတ်မှု အပေါ် စော်ကားသည့် ပြစ်မှုဖြင့် တရားစွဲခံရပါက ထောင်(၂)နှစ် အနည်းဆုံး ကျမည်ဖြစ်ပြီး၊ သေစေရန် ကြံစည်မှုဖြင့် တရားစွဲခံရပါ က ထောင်(၁၅) နှစ် ကျမည် ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။ အီရတ်နိုင်ငံ ကိုင်ရိုမြို့တွင် ရုပ်မြင်သံကြား ဌာန၏ အစီအစဉ် စီစဉ်ရေး ညွှန်ကြားရေးမှူးဖြစ်သူ Mr. Muzhir al- Khafaji က Mr. Zaidi သည် အာရပ် များအတွက် ဂုဏ်ယူရမည့် အမြင်ကျယ်သည့် ပုဂ္ဂိုလ်ပင် ဖြစ်ကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

၎င်းက AFP သတင်းဌာနကို ပြောကြားရာ၌ ၄င်းမှာ ယခု ကိစ္စမတိုင်မီ အမေရိကန်တို့၏ ဖမ်းဆီးမှုကို နှစ်ကြိမ် ခံခဲ့ရသည့်အတွက် Mr. Zaidi ၏ လုံခြုံမှုအတွက် စိုးရိမ်မိပါကြောင်း ၊ အီရတ်တွင်ရှိသည့် မိမိတို့၏ သတင်းထောက်များမှာ (၂၀၀) ရှိသည့်အတွက် ၄င်းတို့ အဖမ်းခံရမည်ကို စိုးရိမ် မိပါကြောင်းဖြင့် ဆက်လက် ပြောကြားပါသည်။

Mr. Khafaji က Mr . Zaidi သည် အသက် (၂၈) နှစ်ရှိပြီး ဘဂ္ဂဒက်တက္ကသိုလ်မှ ဆက်သွယ်ရေးဘွဲ့ကို ရခဲ့ သူဖြစ်ကြောင်း ၊ မိမိတို့ဌာနတွင် လုပ်နေသည်မှာ (၃) နှစ်ခန့်ရှိပါကြောင်း ၊ ၄င်းသည် ယခင် အစိုးရနှင့် မည်သို့မျှ မပတ်သက်ပါ ကြောင်းနှင့် ၄င်း၏ မိသားစုသည် သမ္မတ ဆဒ္ဒန်ဟူစိန် အုပ်စိုးစဉ်အခါက အဖမ်းခံခဲ့ ရပါကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။


REF: လူထုအသံ

0 comments:

အပေါ်သို့