Monday, February 28, 2011

လစ်ဗျားကနေ ထိုင်းတွေ ပြန်ရောက်ပြီ

အစိုးရဟာ အကြမ်းဖက်မှုတွေဖြစ်နေတဲ့နိုင်ငံကနေ ထိုင်းငံသားတွေကို အမြန်ဆုံး ရွှေ့ပြောင်း နေတာကြောင့် လစ်ဗျား ကနေ ကယ်ထုတ်ခဲ့တဲ့ ထိုင်းအလုပ်သမား ၅၉၉ ယောက်ပါတဲ့ နောက်တသုတ်ဟာ အိမ်ပြန်ရောက်ပါပြီ။ နောက်ဆုံး အိမ်ပြန်ရောက်တဲ့သူ တွေထဲက ၄၉၉ ယောက်ဟာ မနေ့မနက် ဆုဝဏ္ဏဖူးမ်လေဆိပ်ကို ရောက်ပါတယ်။ ဒီအဖွဲ့ဟာ လစ် ဗျားနိုင်ငံ၊ ထရီပိုလီလေဆိပ်က ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းတွေ လုပ်ကိုင်နေကြသူတွေပါ။ သူတို့အလုပ်ရှင်ရဲ့ အစီအစဉ်နဲ့ မော်လ်တာနိုင်ငံကနေ ထိုင်းနိုင်ငံကို စင်းလုံးငှားလေယာဉ်နဲ့ ပြန်လာတာ ဖြစ်ပါတယ်။ မနေ့ညနေက နောက်ထပ်ထိုင်း ၁၆ ယောက်ဟာ သူတို့အလုပ်ရှင်စီစဉ်ပေးတဲ့ လေယာဉ်နဲ့ ရောက်လာပါတယ်။ နောက်ထပ် ၁၃၄ ယောက်လည်း လစ်ဗျားကနေ အီဂျစ်၊ အီဂျစ်ကမှတဆင့် ထိုင်းကို ပြန်ရောက်လာပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ အ တွင်းရေးမှူးက ပြောပါတယ်။ ဒီလူတွေအတွက်လေယာဉ်ခကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပါတယ်။

လစ်ဗျားမှာရှိတဲ့ ထိုင်းသံရုံးဝန်ထမ်းတွေက လစ်ဗျားကနေ အီဂျစ်ကို ထွက်ခွာဖို့လုပ်နေတဲ့ ထိုင်းအလုပ်သမား ၇၀၀ ကျော်ကိုလည်း မနေ့က ကူညီခဲ့ပါတယ်။ ဆန္ဒပြသမားတွေနဲ့ ဓားပြတွေရဲ့ရန်ကနေ စစ်သားတွေက ကာကွယ်စောင့် ရှောက်ပေးတယ်လို့ အိမ်ပြန် ရောက်လာတဲ့ ထိုင်းအလုပ်သမားတယောက်ဖြစ်တဲ့ ဖရွမ်မဆားမ်ကယောက်က ပြောပါ တယ်။ လစ်ဗျားမှာ အခြေအနေတွေ ပုံမှန်ပြန်ရောက်ပီဆိုရင်တော့ လစ်ဗျားကိုပဲ ပြန်ချင်တယ်။ ဘာလို့လဲဆိုတော့ ထိုင်း မှာရတဲ့လစာနဲ့ သူ့မိသားစုကိုလုံလုံလောက်လောက် မထောက်ပံ့နိုင်ဘူးလို့ သူက ပြောပါတယ်။

နောက်ထပ် ထိုင်းအလုပ်သမား ၃၁ ယောက်ဟာ သူတို့ တရုတ်လုပ်ငန်းရှင် တွေရဲ့အစီအစဉ်နဲ့ အေသင်ကမှတဆင့် ထိုင်းလေကြောင်းလိုင်းနဲ့ ပြန်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ လစ်ဗျားက အန္တရာယ်ရှိတဲ့ဒေသတွေမှာ လုပ်ကိုင်နေ ကြတဲ့ ထိုင်းအလုပ်သမားတွေကို ဦးစားပေးကယ်တင်ဖို့ လစ်ဗျား က ထိုင်းသံအမတ်ကြီးက သဘောတူပါတယ်လို့ အ လုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူထမ်နတ်သီး ထောင်က ပြောပါတယ်။ လစ်ဗျားတောင်ပိုင်းက အလုပ်သ မားတွေကတော့ ဆက်နေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဒေသမမှာ အကြမ်းဖက်မှုတွေ မဖြစ်လို့ပါ။ လစ်ဗျားမှာ အ လုပ်လုပ်ကြတဲ့ ထိုင်းအများစုက လစ်ဗျားတောင်ပိုင်းမှာပါ။ ထရီပိုလီက အခြေအနေက ဆိုးပါတယ်။ ပိတ်မိနေတဲ့ နောက်ထပ်အလုပ်သမား ၂၂၃ ယောက်ကိုခေါ်ဖို့ အဲဒီမှာ အငှားလေယာဉ် ဆင်းလို့မရပါဘူးလို့ လစ်ဗျားက အလုပ်သမားတွေ ကယ်ဆယ်ရေးမှာ ဦးဆောင်နေတဲ့ ဆူထမ်က ပြောပါတယ်။ ဒါပေမဲ့ သူတို့ဟာ တူနီးရှားနယ်စပ်အထိ ကား လမ်းကနေ သွားမှာဖြစ်ပြီး၊ အဲဒီမှာ ထိုင်းအလုပ်သမား ၂ ၀၀၀ ဟာ ခရီးဆက်ဖို့ စောင့်နေကြပါတယ်။

ထိုင်းအလုပ်သမားတွေကို သူတို့စခန်းတွေကနေ ထွက်လာပြီး ကုလသမဂ္ဂတပ်ဖွဲ့တွေ ဖြန့်ထားတဲ့နယ်စပ်ကို သွားစေ ချင်တယ်။ အဲဒီမှာ တူနီးရှားကို ၀င်ဖို့ရရေး သူစီစဉ်မယ်။ အဲဒီကမှ သူတို့ဟာ ထိုင်းကိုသွားမယ်လေယာဉ်ပေါ်ကို အမြန် ဆုံး တက်နိုင်မယ်လို့ ဆူထမ် က ပြောပါတယ်။ လစ်ဗျားကနေ ထိုင်းအလုပ်သမား ၁ ၇၁၇ ယောက်ကို ကယ်တင်ပြီး ပြီ။ လို့ ပြန်ကြားရေးဌာန ဒုညွှန်ချုပ်ကျဲ့ဆာဒါနဲ့ အလုပ်သမားဌာန ဒုညွှန်ချုပ်ဆူမက်မဟိုဆော့က ပြောပါတယ်။ အလုပ် သ မားအများစုကြီးဟာ တတိယနိုင်ငံတွေကတဆင့် အိမ်ပြန်ဖို့ စောင့်နေကြပါတယ်။ သူတို့ အထဲက ၇၃၈ ယောက်က ကိုင် ရိုမှာ၊ ၅၃၀ က တူရကီမှာ နဲ့ ၇၅၅ ယောက်က မော်လ်တာမှာ စောင့်နေကြပါတယ်။ ထိုင်းအစိုးရအနေနဲ့ အီတလီကနေ သင်္ဘောလည်း ငှားထားပါတယ်။ လစ်ဗျားစံတော်ချိန် ညနေ ၃ နာရီမှာ ထရီပိုလီကို ရောက်ပါမယ်။ မနက်ဖန်မှာ ပထမ အသုတ်အနေနဲ့ ထိုင်းအလုပ်သမား ၂ ၀၀၀ ကို တူနီးရှား ရဲ့မြို့တော်ဖြစ်တဲ့ တူနစ်စ်ကို ခေါ်သွားပါမယ်။ ဒုတိယအသုတ် အနေနဲ့ နောက်ထပ် ၂၀၀၀ ကို အီတလီကို ခေါ်သွားပါမယ်။

ထိုင်းအလုပ်သမားတွေကို အိမ်ပြန်ခေါ်ဖို့ ထိုင်း အပြည်ပြည်ဆိုင်ရာလေယာဉ်တွေကို တူနီးရှား၊ အီတလီ၊ အီဂျစ်၊ တူရ ကီနဲ့ ဂရိတို့မှာ ဖြန့်ကျက်ချထားပါတယ်။ ဒါပေမဲ့ တူနစ်စ်မြို့မှာလည်း ဆန္ဒပြပွဲအသစ်တွေ ထပ်ဖြစ်နေလို့ ထိုင်းအာဏာ ပိုင်တွေ စိုးရိမ်ပူပန်နေကြပါတယ်။ ထိုင်းအလုပ်သမားတွေနေတဲ့ ယာယီတဲတွေနဲ့ ဒေသ လေဆိပ်ကခပ်ဝေးဝေးမှာ ဆန္ဒ ပြပွဲတွေ ဖြစ်နေကြပါတယ်။ ဒါပေမဲ့ အခြေအနေတွေပိုဆိုးလာရင်တော့ အလုပ်သမားတွေဟာ တူနီးရှားကနေ ဂရိ ဒါမှ မဟုတ် တူရကီကို သင်္ဘောနဲ့ ထွက်ခွာသွားကြရမှာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

Ref;naytthit

0 comments:

အပေါ်သို့