Wednesday, March 2, 2011

လစ်ဗျားအနောက်ပိုင်း တပ်ကို ခုခံတိုက်

အင်္ဂါ, 01 မတ် 2011

လစ်ဗျားနိုင်ငံ အနောက်ခြမ်းက ဇာဝီယာမြို့မှာ အတိုက်အခံတွေရဲ့ တပ်ဖွဲ့တွေက ကဒါဖီရဲ့ သစ္စာခံ တပ်ဖွဲ့ တွေကို တွန်းလှန် တိုက်ခိုက် နိုင်ခဲ့တယ်လို့ ဒီနေ့ အတိုက် အခံတွေက ပြောလိုက်ပါတယ်။

တနင်္လာနေ့ညက ကဒါဖီရဲ့တပ်က တင့်ကားတွေနဲ့ ပစ်ကူပေးပြီး မြို့ထဲကို ၀င်လာဖို့ ကြိုးပမ်း ကြပေမဲ့ မိမိတို့ တပ်ဖွဲ့တွေက တွန်းလှန် တိုက်ခိုက် နိုင်ခဲ့တယ်လို့ အတိုက်အခံ တပ်မှူးတဦးက ဗွီအိုအေကို ပြောကြား ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မှာ လက်နက်အင်အား မပြည့်စုံလို့ သူတို့ချည်းပဲ ကဒါဖီကို ဖြုတ်ချနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆို သွားပါတယ်။

မနေ့ တနင်္လာနေ့မှာ တတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ အနောက်ခြမ်းက မီစ်ရာတာမြို့ရဲ့ အပြင်ဘက် မှာလည်း ကဒါဖီရဲ့ တပ်တွေ ရောက်ရှိလာပြီး မြို့ကို သိမ်းဖို့ ကြိုးစား ကြပေမဲ့ လစ်ဗျား စစ်တပ်က ဘက်ပြောင်းလာတဲ့ တပ်ဖွဲ့တွေနဲ့ အတိုက် အခံတွေရဲ့ တပ်ဖွဲ့တွေက တွန်းလှန် တိုက်ခိုက် နိုင်ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ဆိုပါတယ်။

မနေ့ တနင်္လာနေ့မှာပဲ လစ်ဗျားအရှေ့ခြမ်း အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ လစ်ဗျားရဲ့ ဒုတိယ အကြီးဆုံးမြို့ ဘန်ဂါဇီကို ကဒါဖီရဲ့ တိုက်လေယာဉ် ၂ စီးက ဗုံးကျဲ တိုက်ခိုက်ဖို့ လာရောက် ခဲ့ကြပေမဲ့ မြေပြင်က အတိုက် အခံတွေရဲ့ လေယာဉ်ပစ် အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် ပြန်လှည့်သွားပြီး အဂျီဆာကာမြို့က လစ်ဗျား ကြည်းတပ်ရဲ့ လက်နက် ခဲယမ်းတိုက်ကို ဗုံးကျဲ တိုက်ခိုက် သွားခဲ့ပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့