Sunday, February 6, 2011

တောင်ကိုးရီးယား ကျောင်းသားတွေ HIV ဂေဟာ လာရောက်လေ့လာ

2011-02-06

တောင်ကိုးရီးယားနိုင်ငံ Haja အနုပညာ သင်တန်းကျောင်းက ကျောင်းသူကျောင်းသား တွေဟာ NLD မဖြူဖြူသင်း ကူညီဆောင်ရွက်နေတဲ့ HIV ဂေဟာနဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးစီး ဆောင်ရွက်နေတဲ့ နာရေးကူညီမှု အသင်းတွေကို ဒီကနေ့ သွားရောက် ခဲ့ကြပါတယ်။

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ HIV-AIDS ဝေဒနာသည်များ ဂေဟာသို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) နိုဝင်ဘာ ၁၇ ရက်က သွားရောက် ကြည့်ရှုစဉ် အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

Haja production school at Seoul Youth Factory for Alternative Culture Korea သင်တန်းကျောင်းက အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်အကြား ကျောင်းသူ ကျောင်းသား ၁၅ ဦးဟာ စာတမ်းပြုစုဖို့အတွက် ကွင်းဆင်း လေ့လာတဲ့အနေနဲ့ မြန်မာပြည်တွင်းက စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေရဲ့ လူမှုရေး လုပ်ဆောင်နေမှုတွေကို လာရောက် လေ့လာရင်း ဒီကနေ့မနက် ၈ နာရီလောက်က တောင်ဒဂုံ HIV ဂေဟာကို ရောက်လာခဲ့တဲ့အကြောင်း မဖြူဖြူသင်းက ပြောပါတယ်။

မြန်မာတွေရဲ့ နယ်စပ်မှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးစနစ်တွေ လေ့လာခဲ့တယ်တဲ့။ အခု ပြည်တွင်းရောက်တော့လည်း ပြည်တွင်းမှာရှိနေတဲ့ ကလေးတွေရဲ့ ပညာရေးကိစ္စတွေ၊ HIV ကိစ္စတွေ ဘယ်လိုနေသလဲ ဆိုတာကို သူတို့ သိချင်တဲ့ အတွက် လိုက်လေ့လာကြတယ်

ဒီကနေ့ နေ့လည်ပိုင်းမှာ မြောက်ဒဂုံမြို့နယ်က ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးစီး ဖွင့်လှစ်ထားတဲ့ နာရေး ကူညီမှုအသင်းကို သွားရောက်ပြီး အသင်းရဲ့ လက်ရှိ ဆောင်ရွက်ချက်တွေကို လေ့လာ မေးမြန်းသွားတယ်လို့လည်း သိရပါတယ်။ ဒီ ကိုးရီးယား ကျောင်းသားအဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်က လူမှုရေး အသင်းအဖွဲ့တွေဆီကို လည်း သွားရောက် လေ့လာခဲ့ကြောင်း သိရပါတယ်။

ကိုးရီးယားကျောင်းသားတွေရဲ့ လေ့လာရေးခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိရဲ့စုစည်း တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

Ref;RFA

0 comments:

အပေါ်သို့