Friday, December 2, 2011

လန်ဒန်မှာ ကျောင်းသားငယ်များ ပညာရေး စရိတ်ကြီးမြှင့်မှု မီးကျည်တွေ ပစ်ပေါက် ဆန္ဒပြ

01 December 2011

ဗြိတိန်နိုင်ငံမှ အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ် ကောလိပ်ကျောင်းသားများသည် တိုင်းပြည်တ၀ှမ်းလုံးတွင် ဆန္ဒပြ လျှက်ရှိကာ၊ ရှဖီး၊ လီးးဒ်၊ ဘရိုက်တန်၊ ဘာမင်ဟမ်၊ ဂလပ်စဂိုနှင့် အီဒင်ဘတ်မြို့ များအပါဝင် မြို့ ကြီးများ၌ ဆန္ဒပြပွဲများ ဖြစ်ပွား လျှက်ရှိသည်။

ဆန္ဒပြပွဲ၏ ပင်မနေရာဖြစ်သော လန်ဒန်မြို့၌ ကျောင်းသားငယ် ထောင်ပေါင်းများစွာတို့သည် ၀က်စ်မင်စတာ နန်းတော်သို့  မချီ တက်မီမှာ တရာလ်ဖါဂါ ပန်းခြံ၌ စုဝေးခဲ့ကြသည်။


ပုလိပ်များက ၀ိုက်ဟောလမ်းနှင့် ပါလီမန်ပန်းခြံတွင် ပိတ်ဆို့ထားခဲ့ရာ၊ ချီတက်လာသော ကျောင်းသားများ က မူလစီစဉ်ထားသော အစီအစဉ်ကို ပြောင်းခဲ့သည်။ ရီဂျင့်လမ်းမကြီးဆီသို့ ဦးတည်လျှက် ပစ်ကာဒီလီ လမ်းအတိုင်း ဆင်းသွားကြရာ ယဉ်ကြောများ ရပ်တံ့သွားခဲ့သည်။

အောက်စဖို့ လမ်းမကြီးပေါ်အရောက်တွင် ဆန္ဒပြကျောင်းသားများက လူအုပ်ထဲသို့  မီးကျည်များပစ်ပေါက် ခဲ့ကြရာ၊ ဆန္ဒပြသူ များနှင့် အခြေအနေကို ထိန်းသိမ်းနေသော ပုလိပ်များအကြား ရုတ်ရုတ်သဲသဲဖြစ်ပွား ခဲ့သည်။

ဆောင်းရာသီတွင်းဖြစ်၍ ဆန္ဒပြကျောင်းသားဦးရေသည် ထောင်ဂဏန်းအနည်းငယ်ထက် မပိုဟု မျက်မြင် သက်သေများက ခန့်မှန်းကြသည်။ (ဤလဆန်းပိုင်းက ကွန်ဆာဗေးတစ်ပါတီ ဌာနချုပ်ရှေ့ မှာ သွားရောက် ဆန္ဒပြကြသော ကျောင်းသားဦးရေ (၅၀, ၀၀၀)ထက် အပုံကြီး ပိုနည်းသည်။)

အများပြည်သူကို အနှေင့်အယှက်ဖြစ်စေမှုဖြင့် လူ(၂)ဦးကို ဖမ်းဆီးခဲ့ကြောင်း စကော့တလန် ယာဒ်အဖွဲ့ က ပြောပြခဲ့သည်။

ချီတက်ဆန္ဒ္ဒ္ဒ္ဒပြပွဲမှာပါဝင်သော (၁၃) နှစ်အရွယ် မိန်းကလေးနှစ်ဦးက လန်ဒန်မြောက်ပိုင်းရှိ မိမိတို့ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် (၃) လခန့် ကျောင်းမတက်ဘဲ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြသည်ဟု တယ်လီ ဂရပ်(သတင်းထောက်) အား ပြောပြခဲ့သည်။

"လူတိုင်းမှာ တက္ကသိုလ်တက်ဖို့ အခွင့်အရေး ရှိသင့်ပါတယ်။ ဒါဟာ တက္ကသိုလ် မတက်နိုင်တဲ့သူတွေကို ထိခိုက်စေရုံ သာမကပါဘူး။ တတိုင်းပြည်လုံးကို ထိခိုက်စေမှာဖြစ်ပါတယ်" ဟု တဦးက ဆိုပါသည်။

"ကျမရဲ့ မိဘတွေက ကျမ ဒီမှာရောက်နေတာကို သိပါတယ်။ ဒါပေမယ့် ဒါကို ခွင့်ပြုတာတော့ မဟုတ်ပါဘူး။ ကျမ ဒီကို ထွက်လာကြောင်း ကျမရဲ့ အမေသိပါတယ်။ ဒါပေမယ့် အမေက အလေးအထားပါဘူး။ ဒါကြောင့် လည်း ကျမ အမေ့ဆီ ဖုန်းဆက်ပါတယ်။ ခုတော့ အမေက စိတ်ဆိုးတယ်။ ဒါပေမယ့် ကျမကတော့ ကျမ ယုံကြည်တာအတွက် တိုက်ပွဲဝင်သွားမှာပဲ"

"ဖြစ်လာမှာတွေကို ကျမ မကြောက်တာတော့ အမှန်ပဲ။ ကျမတို့ က အကြမ်းဖက်မှာလည်း မဟုတ်လို့၊ ဘာအန္တရာယ်မှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး ထင်တယ်"

နောက် တစ်ဦးကတော့ 'ဒီပညာရေးစရိတ်မြှင့်တာဟာ ပိုက်ဆံမရှိသူတွေအပေါ် လုံးဝကို မတရားပါဘူး။ ချမ်းသာတဲ့ လူတွေ ကျတော့ ရှိရှိသမျှပညာတွေကို အကုန်ရစေ ဆိုတဲ့ သဘောပေါ့" ဟု ဆိုပါသည်။

'ကျမ ကျောင်းလစ်ခဲ့တာကို ကျမ အမေသိပါတယ်။ အမေက ဒီလိုလုပ်တာ ကောင်းတယ်လို့ ထင်တယ်။ ကျမရဲ့ ဆုံးဖြတ်ချက်နဲ့ ကျမလုပ်တာဖြစ်တယ်လို့  အမေက ပြောပါတယ်။

'ဒုက္ခတွေ့ မှာကိုတော့ ကျမတို့ မလိုလားပါဘူး။ ဒါပေမယ့် ဆန္ဒပြပွဲမှာတော့ ပါချင်တာပေါ့။ နည်းနည်းတော့ ကြောက် မိပါတယ်။ ဒါပေမယ့် ဒုက္ခမရောက်အောင်တော့ အတတ်နိုင်ဆုံးရှောင်ရမှာပဲ"

ရှဖီးမြို့ ၌ နစ်ကလက်၏ ရုံးမှ မီတာ (၄၀)အကွာအဝေးအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် ဆန္ဒပြသူများအား တားမြစ်ထားသည်။ ပညာသင်ကြေးတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ လစ်ဘရယ် ဒီမိုကရက်ပါတီ၏ ထောက်ခံမှုကို မကျေနပ်သော ကျောင်းသား ထောင်ပေါင်းများစွာတို့  ပစ်မှတ် ထားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ဘာမင်ဟမ်မြို့ ၌မူ ကျောင်းသား၊ ကျောင်းသူများက ကောင်စီအဆောက်အဦးတခုထဲသို့ အတင်း တိုးဝင်ကြ ရာ ပုလိပ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ကန့် ကွက် ဆန္ဒပြုပွဲကို ပညာရေး လှုပ်ရှားမှုအဖွဲ့ ၏ လှုံ့ ဆော်ရေး အဖွဲ့ က ဦးစီးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောအပတ် ဗုဒ္ဒဟူးနေ့ က ၀ိုက်ဟော လမ်းမကြီးတွင် ကျောင်းသားတစုက ပုလိပ်ကားတစီးကို မီးရှိုခဲ့ရာ ပုလိပ်များက ကျောင်းသားများကို ၀ိုင်းပိတ်ထားလိုက်ပြီးနောက်။ စုစုပေါင်း (၄၁)ဦးကို ဖမ်း ဆီးခဲ့သည်။

နိုဝင်ဘာလ (၁၀) ရက်နေ့ တွင် ကျောင်းသား(၅၀, ၀၀၀) ကွန်ဆာဗေးတစါပါတီ ဌာနချုပ်သို့ ချီတက်ကြပြီး၊ ပြတင်း ပေါက်များကို ရိုက်ချိုးရာမှနေ၍ အကြမ်းဖက်မှုများလည်း ဖြစ်ပွားလာခဲ့သည်။

ယနေ့ လွှတ်တော်၌ ပညာသင်ကြေးတိုး၍ သတ်မှတ်ခြင်းနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြမည် ဖြစ်သည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အမတ်လောင်း (၁၀၀)ကျော်တို့ က ပညာသင်ကြေးတိုး ကောက်ရန် အဆိုကို ကန့် ကွက်ရန် ပါတီခေါင်းဆောင်လည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သော မစ္စတာကလက် အား တောင်းဆိုထားသည်။

အကယ်၍ အောက်လွှတ်တော်အမတ်များက ညွန့် ပေါင်းအစိုးရ၏ အစီအစဉ်ကို ပယ်ချခြင်းမပြုပါက ပါတီ (ရွေးကောက်ပွဲ မတိုင်မှကာလမှာ ပါတီက မည်သည့် အခကြေးငွေ တိုးမြှငမှုများကိုမဆို ကန့် ကွက်မဲ ပေး သွားမည်ဟု ကတိပေးခဲ့သည်) အနေနှင့် လွန်ခဲ့သောနှစ်ပေါင်းများစွာက လမ်းဘယ်မမြင်အဖြစ်မျိုးသို့  ပြန် လည်ရောက်ရှိသွားလိမ့်မည်ဟု တက်ကြွ လှုပ်ရှားသူ (၁၀၄)ဦးက မစ္စတာ ကလက်အား သတိပေးခဲ့သည်။

ဤပညာသင်ကြေး တိုးကောက်ရေး အစီအစဉ်နှင့်ပတ်သက်၍ လာမည့်လတွင် လွှတ်တ်ာမှာ မဲခွဲဆုံးဖြတ် စရာရှိရာ၊ ကွန်ဆာဗေး တစ်ပါတီနှင့်ဖွဲ့ ထားသော ညွန်ပေါင်းအစိုးရက လစ်ဘရယ်အမတ်များအနေနှင့် မဲမပေးဘဲ နေလိုက နေနိုင်သည်ဟု ခွင့်ပြုထား သည်။

Ref: မောက္ခ

0 comments:

အပေါ်သို့