Thursday, December 1, 2011

ကမ္ဘာ့အကြီးဆုံး အီး-ကုန်သွယ်ရေး ဈေးကွက် တရုတ်မှာ ဖြစ်လာမည်

30 November 2011

အမေရိကန် လူဦးရေ သန်း ၃၀၀ ကျော်အနက် အင်တာနက်ကို နေ့စဉ်အသုံးပြု ရောင်းဝယ်သူနဲ့ စတော့ရှယ်ယာကစားသူ သန်း ၁၇၀ ရှိသည်။ တစ်နည်းအားဖြင့် (e- commerce) ကုန်သွယ်မှုမှာ အမေရိကန်တွေက ကမ္ဘာ့ထိပ်ဆုံးမှာ ရှိသည်။

ယခု တရုတ်ကလည်း အမေရိကန်နဲ့ ချမ်းသာတဲ့နိုင်ငံတွေ နောက်ကနေ ထပ်ချပ်မကွာလိုက်လာသည်။ တရုတ်မှာ အွန်လိုင်းကနေ ဈေးဝယ်သူ ၁၄၅ သန်း အထိ ရှိလာပြီး၊ နောက် လေးနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး (e-commence) ဈေးကွက်ကြီး ဖြစ်လာ တော့မည်ဟု နိုင်ငံ ၄၂ နိုင်ငံမှာ စီးပွားရေး ရုံးခွဲတွေ ဖွင့်ထားတဲ့ Boston Consulting Group –BCG အဖွဲ့ အစီရင် ခံစာ က ဖော်ပြလိုက်သည်။


BCG အဖွဲ့ရဲ့ တွက်ချက်အမှုရ၊ လာမယ့်နှစ်တွေမှာ တစ်နှစ်ကို တရုတ် အွန်လိုင်း ရှောပင်းထွက်သူ လူသစ် သန်း ၃၀ ပုံမှန် တိုး နေမည်ဟု ဆိုထားသည်။

၂၀၁၅ ခုနှစ်ကျရင် အွန်လိုင်းကနေ ၀ယ်ယူတဲ့ တရုတ်တစ်ဦးချင်းစီဟာ တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ ၁၀၀၀ ဖိုး ၀ယ်ယူကြ မည်ဟု ခန့်မှန်းထားသည်။ အဲဒီ ၀ယ်ယူမှုနှုန်းက လက်ရှိ အမေရိကန် တစ်ဦးချင်း တစ်နှစ် ၀ယ်ယူမှုနှုန်းနဲ့ ညီမျှမည်။

လက်ရှိ တရုတ်မှာ အွန်လိုင်းကနေ ကုန်ပစ္စည်းဝယ်ယူမှု အချိုးအစားက စုစုပေါင်း ရောင်းမှုဝယ်မှုရဲ့ ၃.၃ ရာခိုင်နှုန်း ရှိပြီး၊ ၂၀၁၅ ခုနှစ်ကျ ၇.၄ ရာခိုင်နှုန်းထိ မြင့်လာမည်ဖြစ်သည်။ အဲဒီ အွန်လိုင်းဝယ်ယူသူ အရေအတွက်မျိုး ရောက်ဖို့အတွက် အမေရိကန်တွေ ဆယ်စုနှစ်တစ်ခု အချိန်ယူခဲ့ရသည်။

တရုတ်အစိုးရက နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ ၀ဘ်ဆိုဒ်နဲ့ စကားလုံးတွေကို ဆင်ဆာဖြတ်သော်လည်း၊ အင်တာနက် စပိ ကိုတော့ ချမ်းသာတဲ့နိုင်ငံကြီးများ အဆင့်ရောက်အောင် ၀န်ဆောင်မှုပေးနေသည်။ အကျိုးဆက်အဖြစ် e-commerce ကြီးထွားလာသည်။

နောက် အွန်လိုင်းကနေ ဈေးဝယ်သူ e-shoppers တွေက လူမှုကွန်ယက်မီဒီယာတွေ ပိုအသုံးများလာသည်။ ကုန်ပစ္စည်းတွေရဲ့ ကြော်ငြာတွေကို စိတ်မချတဲ့အခါ အွန်လိုင်းကနေ ၀ယ်ယူသူအချင်းချင်း မေးမြန်းစုံစမ်းပြီး ၀ယ်သင့် မ၀ယ်သင့် အချင်းချင်းယုံကြည်မှု တည်ဆောက်ကြသည်။

နောက် လေးနှစ်အတွင်း တရုတ်ပြည်ရဲ့ e-commerce ဈေးကွက်က အမေရိကန်ထက် နှစ်ဆကြီးပြီး၊ အိန္ဒိယထက် ၄ ဆ ကြီး ထွားလာမည်ဟု ခန့်မှန်းထားသည်။

Ref: မောက္ခ

0 comments:

အပေါ်သို့