Tuesday, May 15, 2012

ရှမ်းတပ်တွင် ဘုန်းကြီးတစ်ပါးက လယ်ယာမြေများ သိမ်းယူ၍သံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထား

ကောင်းမြတ်ဖြိုး ( မြစ်မခ)
15 May, 2012

စစ်ကိုင်းတိုင်းဒေသကြီး၊ အုံးတောကျေးရွာအုပ်စုရှိ၊ ရှမ်းတပ်ကျေးရွားတွင်ဘုန်းကြီးတစ်ပါးမှ တောင်သူလယ် သမားတို့၏ လယ်ယာမြေများအား သိမ်းယူ ထား ခြင်းကြောင့် တောင်သူလယ်သမားများမှ စစ်ကိုင်းတိုင်းသံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။

“ကျွန်တော်တို့ မေ(၁၂)ရက်နေ့က တိုင်ထားတာပါ၊ မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့ဘုန်းကြီး တစ်ပါးအနေနဲ့အဲ့လို ဖြစ်ရပ်မျိုးတွေ လုပ်နေတာ ဗုဒ္ဓဘာသာနဲ့မညီညွတ်တာတို့ဘာတို့ရှိနေတော့ကျွန်တော်တို့လည်း ဘုန်းကြီးကိစ္စတွေကို ဖြေရှင်ပေးတဲ့ သံဃာ့မဟာနာယကကိုတိုင်တာပါ” ဟုILO (International Labours Occupation) ၏ ကွန်ယက်မှ ကိုအေးသိန်းကကပြောသည်။

အဆိုပါကျေးရွာတွင် တောင်သူလယ်သမားတို့၏ဓါးမဦးကျလုပ်ကိုင်ခဲ့သော်လယ်ယာမြေများအား၎င်းကျေးရွာအတွင်းရှိ ခြေရာတော်ကျောင်းမှ ဘုန်းကြီး ဦးစန္ဒာသီရိမှ အတင်းအဓမ္မသိမ်ယူထားပြီးရွာသားများမှ တစ်ဧကလျှင် တစ်သောင်းကျပ်မှနှစ်သောင်းကျပ်အထိ ပေးမှသာ လယ်ယာမြေများ အားပြန်လည် လုပ်ကိုင်ခွင့်ပြုကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

“ဘုန်းကြီးကအဲ့ဒီလို မြေတွေကို ပိုက်ဆံနဲ့ပြန်ငှားနေတယ်လို့တော့မကြားဘူးဗျ၊ အဲ့ဒီမြေတွေကလည်းဘုန်းကြီးကို ဟိုးရှေးတုန်းက လှူထားတာလို့ကြား တယ်ဗျ၊ တောင်သူလယ်သမားတွေတောက်လျောက် လုပ်ကိုင်ခဲ့ တယ်ဆိုလည်း သူတို့မိဘတွေလုပ်ကိုင် ခဲ့တာနေမှာပေါ့” ဟု ရှမ်းတပ်ကျေးရွာ ဥက္ကဌ ဦးမောင်လွင်က ပြောသည်။

လက်ရှိတွင် ဘုန်ကြီးပိုင်မြေဟု သိမ်းဆည်းထားသော လယ်၊ မြေဧက (၄၀)ခန့်သည်မြေပိုင်ရှင်(၆)ဦးခန့် ပိုင်ဆိုင်သော မြေများဖြစ်သည်။

“ဘုန်းကြီးသိမ်းထားတာကြာတော့ကြာပြီဗျ၊ ဧက(၄၀)လောက်ရှိတယ်၊သူကကျွန်တော်တို့နဲ့အတွေ့မခံဘူးဗျသိမ်းထားတဲ့မြေက ဧက(၄၀)လောက်ရှိတယ်” ဟု မြေအသိမ်းခံရသူတစ်ဦးဖြစ်သောဦးချစ်တင်ကပြောသည်။အဆိုပါဒေတွင် ပဲ၊ နှမ်း၊ ဖရဲ၊ စပါး စသည်တို့စိုက်ပျိုးကြပြီးတောင်သူ လယ်သမားများနေထိုင် သော ကျေရွာဖြစ်သည်။

“ကျွန်မတို့မြေတွေကတော့ ၁၉၇၉ ခုနှစ်လောက်က စစ်တပ်က သိမ်းထားတာ၊စစ်တပ်လည်းပြောင်းသွားရော ဘုန်းကြီးက ဧက(၄၀)လောက်ကိုကျောင်း မြေဆိုပြီး သိမ်းလိုက်တာကိုကြားတယ်၊ သိမ်းတယ်ဆိုတဲ့မြေတွေကလည်း အခုလက်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့မြေတွေ၊ ကျွန်မတို့မြေတော့ဘုန်းကြီးယူတဲ့ မြေထဲမှာ မပါဘူး” ဟု အဆိုပါရွာသူဖြစ်သောဒေါ်ခင်မိုးမိုးကပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့