Monday, May 14, 2012

အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်

2012-05-13

နိုင်ငံရေး အကျဉ်းသားဟောင်းများ ဦးစီးပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံ ခေါင်းစဉ်နဲ့ ဟောပြောပွဲတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံ မှာ ဒီကနေ့ မနက်က ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို အပတ်တိုင်း ပုံမှန်တွေ့ ဆုံနေကြ အစီအစဉ်အရ အခုတပတ်အတွက် မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ဒေါက်တာကျော်ကျော်နဲ့ အင်းစိန်ထောင်က ကိုထွန်းမြတ်သူတို့ရဲ့  မိသားစုတွေကို ဂုဏ်ပြုလက်ဆောင်တွေကို ဒီကနေ့ အခမ်းအနားမှာပဲ ပေးအပ်ခဲ့ပါတယ်။

ဒီဟောပြောပွဲက ဟောပြောချက်တွေ၊ မေးခွန်းနဲ့ ဖြေဆိုချက်တွေအပေါ် စုစည်းသုံးသပ်တဲ့ စာတမ်းတစ်စောင်ပြုစုပြီး အစိုးရအဖွဲ့၊ လွှတ်တော်အသီးသီး၊ နိုင်ငံရေး ပါတီတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းနဲ့ ပြည်သူလူထုအကြား စိမ့်ဝင်ပျံ့နှံ့အာင် ဖြန့်ချိပေးပို့မယ်လို့ သိရပါတယ်။

အခမ်းအနားကို မနက် ၈ နာခွဲကနေ ညနေ ၃ နာရီအထိ ကျင်းပခဲ့ရာမှာ ဟံသာဝတီသတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ဦးအေးသာအောင် ၊ ရွှေဝါရောင် သံဃာ တွေ၊ ကျောင်းသားအဖွဲ့ အစည်းတွေ အပါအ၀င် စိတ်ဝင်စားသူ ပရိတ်သတ် အင်အား ၄၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့  သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့