Friday, October 19, 2012

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ စစ်တပ် လေ့လာသူ အဖြစ် ပါဝင်ရန် အမေရိကန် ကမ်းလှမ်း

October 19, 2012

အာရှဒေသတွင်းရှိ အမေရိကန် နှင့် မဟာမိတ်နိုင်ငံ များ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ယခုနှစ်တွင် မြန်မာ နိုင်ငံ က လေ့လာသူ အဖြစ် ပါဝင်ရန်အမေရိကန် က ကမ်းလှမ်းထား သည် ဟု ရိုက်တာ သတင်း ဌာန က သီးသန့် ရရှိ သည့် သတင်းတွင် ဖော်ပြထားသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့်စင်ကာပူနိုင်ငံမှ ကြည်း၊ ရေ၊ လေ စစ်သားများနှင့် ခောတ်မှီစစ်လက်နက် ပစ္စည်းများ သုံးကာစစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။

တရုတ် စစ်ရေးဝှက်ဖဲ ရှန်ဂရီလာတွင် အာရှနိုင်ငံများ ကို စိတ်မသက်သာရာ ဖြစ်စေ

အဆိုပါစစ်ရေး လေ့ကျင့်မှု သည် အာရှ ဒေသအတွင်း တည်ငြိမ်မှု အတွက် ဖြစ်သည်။ထိုင်း နိုင်ငံသည် ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်မှု များ ကိုလက်ခံ လာရာ နှစ် ပေါင်း ၃၀ ရှိသွားပြီ ဖြသ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ၂၀၁၀ခုနှစ်ကမှ ရွှေမြွေ ဟောက် စစ်ဆင်ရေးတွင် ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။

တရုတ် နိုင်ငံ က ဂျပန် ၊ တောင်ကိုရီယားတို့ နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းများ တွင်ရေတပ် စစ်ရေးလေ့ကျင့်မှု ပြု လုပ် နေစဉ် အမေရိကန် က ငွေကြေး စိုက် ထုတ် ပြီး ဦးဆောင်ပြုလုပ်သည့် Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် မြန်မာ နိုင်ငံပါဝင်ရန် ဖိတ်ခေါ်ကြောင်း သတင်း ထွက်ပေါ်ခဲ့ ခြင်းဖြစ်သည်။

Cobra Gold စစ်ရေး လေ့ကျင့်မှု ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါလဆန်း တွင်ကျင်းပ နိုင်ဖွယ်ရှိ သည်။

မြန်မာနိုင်ငံသည် ဗြိတိသျှနှင့်လည်း စစ်ရေးဆက်ဆံမှု တိုးမြှင့်လုပ်ဆောင် လျှက်ရှိသည်။

၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ချွန် ဘူရီ တွင် နောက်ဆုံး ကျင်းပခဲ့သည့် ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်မှု တွင် အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့ဝင် တစ်သောင်း ပါဝင်ခဲ့ သည်။

မြန်မာနိုင်ငံသည် ၁၉၈၀ မှ ၁၉၈၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံရှိ စစ်တက္ကသိုလ်များ စစ်သင်တန်းကျောင်း များသို့  မြန်မာ အရာရှိ ၂၀၀ ကျော်တက်ရောက် ခဲ့သည်။

အမေရိကန်၏ ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်မှုတွင် မြန်မာ ပါဝင်ရန် ဖိတ်ခေါ်ခြင်းသည် မြန်မာ အစိုးရနှင့် ပဋိပက္ခ ဖြစ်ပွား နေသည့် တိုင်းရင်းသား လူနည်းစုလက်နက် ကိုင်များ အတွက် စိတ်မသက်မသာ ဖြစ်စေမည်ဟု ရိုက်တာကဆိုသည်။

Ref: အဖ်အဲန်ဂျီ

0 comments:

အပေါ်သို့