Friday, October 19, 2012

ဂျိုးဖြူပိုက်လိုင်းအတွက် ရေတွန်းစက်များ တည်ဆောက်

ခင်မျိုးသွယ်
အောက်တိုဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ်

ရန်ကုန်တိုင်း အတွင်း ဂျိုးဖြူရေ ပေးဝေရာတွင် ရေပိုက်ဖျားပိုင်း မြို့နယ်များအတွက် ထပ်ဆင့်ရေတွန်းစက်ရုံ ၁၃ ခုကို တိုးချဲ့တည် ဆောက်ပြီးဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီကပြောဆိုသည်။

“ဂျိုးဖြူရေ ပေးဝေတဲ့အခါမှာ ရေပိုက်အရင်းပိုင်းနဲ့ အလယ်ပိုင်းကျတဲ့ မြို့နယ်တွေက ရေကောင်းကောင်း ရပေမယ့် ရေပိုက်အဖျား ပိုင်းကျတဲ့ မြို့နယ်တွေကျ ရေသိပ်မရကြဘူး။ ဒါကြောင့် ရေတွန်းစက်ရုံတွေ တိုးချဲ့ခဲ့ရတာပါ”ဟု စည်/ပင်ကော်မတီ တာဝန်ရှိသူ တဦးကပြောသည်။

ရေပိုက်အဖျားပိုင်း ကျနေသည့် သင်္ဃန်းကျွန်းတွင် ထပ်ဆင့်ရေတွန်းစက်ရုံ ၆ ရုံ၊ မင်္ဂလာတောင်ညွှန့်နှင့် ဗဟန်းမြို့နယ် တို့တွင် စက်ရုံ ၁ ရုံစီ၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၃ ရုံနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ၂ ရုံ စုစုပေါင်း ထပ်ဆင့် ရေတွန်းစက်ရုံ ၁၃ ရုံကို တည်ဆောက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုကြောင့် အဆိုပါ မြို့နယ်များတွင် ယခင်ကထက် ရေအား ပိုမိုကောင်းမွန်စွာ ရရှိလာမည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့