Tuesday, October 16, 2012

ကျောင်းပြန် ဖွင့် ရန် မူလတန်း ကလေးငယ်များ ငိုယိုပြီး ဆန္ဒပြ

October 15, 2012

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်း တောင်ကြေး နီစီမံကိန်း ဒေသက မူလတန်း ကလေးငယ် ၁၀၀ ကျော်ဟာ ၀ှက်မှေး ကျွေးရွာ မှစုပြီး ရပ်ဆိုင်းရေးနှင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်ရေးအတွက် မူလတန်း ကလေးငယ်များ တနင်္ဂနွေနေက ဆန္ဒပြ ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒပြပွဲတွင် ကလေးများ က ဖိုးဖိုး ဦးသိန်းစိန် ကယ်ပါ။ ဖွားဖွား ဒေါ်အောင် ဆန်းစုကြည် ကယ်ပါ..သားတို့ကျောင်း ပြန်တက် ချင်တယ်။ ကြေးနီမိုင်း ရပ်ပေးပါ၊ ဟုကြွေးကျော် အော်ဟစ်ခဲ့ကြသည် ဟု ၀က်မှေးရွာသူ မအေးအေးဝင်းက FNG ကို ပြော သည်။

ကလေး ငယ်များ သည် စက္ကူကဒ်ထူ ကဒ်ပြားပေါ် တွင်လည်း ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ရေးသားမှု များပြုကာ ဆိုင်းဘုတ်များ ကိုင်ဆောင် တောင်းဆိုမှုပြု ခဲ့သည်။

သီတင်း တစ်ပတ်အတွင်း ၀ှက်မှေး၊ ဇီးတော၊ တုန်ရွာစသည့် ဒေသများတွင် ဒုတိယအကြိမ် ဆန္ဒပြမှုဖြစ်ပြီး ပြီးခဲ့သည့် အပတ် တနင်္လာနေ့က ထိုဒေသရှိ ကျေးရွာများမှ ပြည်သူများမှာ သုသာန်များတွင် သေသူများက ကျန်ရစ်သူများ ကိုသတိပေး ဟန် သရုပ်ဖော်ကာ ကြေးစင်တောင်နှင့် လက်ပံတောင်းတောင် များကို စောင့်ရှောက်ကြရန် နှိုးဆော် သတိပေး သည့် သရုပ်ဖော် ဆန္ဒပြမှုကို ပြုလုပ် ကြသည်။

ထိုဒေသ တွင် မူလတန်း ကျောင်းနှစ်ခုသာ ရှိပြီး ဆန္ဒပြမှုများ ကြောင့်ပိတ်ထားသည် မှာတစ်လကျော်ကြာမြင့်ပြီ ဟုသိရသည်။

ဝက်မှေး ကျေးရွာ က တတိယတန်း ကျောင်း သား မောင်သီဟဦး က ဆားလင်းကြီးက ရဲတွေက နင်တို့အဖေ၊ အမေ တွေ ဆန္ဒပြ လို့ခုလို ပိတ်ထားတာ ကျောင်းဖွင့်ချင်ရင် မိဘကို ဆန္ဒမပြဖို့ပြောလို့သားကို ပြော တယ် ဟု FNG ကို ပြောသည်။

Ref: အဖ်အဲန်ဂျီ

0 comments:

အပေါ်သို့