Monday, December 3, 2012

နောက်ခံသမိုင်းသိသူများ မပါဝင်ဟု ဝေဖန်ခံနေရသည့် လက်ပံတောင်းတောင်စစ်ဆေးရေးအဖွဲ့

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
3 Dec, 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်အား၂၀၁၂ခုနှစ် ၊ဒီဇင်ဘာလ တစ်ရက်နေ့တွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းဆုကြည်အပါအ၀င်အဖွဲ့ဝင် (၂၈)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းမှုတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း နောက်ခံသမိုင်းကြောင်းသိသူ တစ်ဦး တစ်ယောက်မှမှ ပါဝင်မှုမရှိကြောင်း လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်ပြဿနာ အကြောင်း အစအဆုံးပြုလုပ်နေသည့် မြန်မာ့အစိမ်းရောင် ကွန်ယက် ဥက္ကဋ္ဌဒေါ်ဒေ၀ီသန့်စင်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဥက္ကဋ္ဌဆိုတော့ အလားအလာကောင်းပါတယ်၊ ဒါပေမယ့်ပညာရှင်တွေ မပါဝင်ခဲ့ပါဘူး ၊ဒေါ်စုရယ်၊ ၈၈မျိုးဆက်ရယ် ပါတဲ့(၂၈)ယောက်ပါတဲ့အတွက် ဘာတွေဖြစ်လာမလဲ ဆိုတာ ပြောဖို့ စောလွန်းပါတယ်၊ အကြောင်းအရာ တစ် ခုက အခုမှစပြီးတည်ဆောက်ကာစရှိသေးတယ်၊ ဘယ်လိုလူတွေ ပါဝင်မယ်ဆိုတာ အရင်ဆုံး ကြည့်ရမယ်၊ ဌာနဆိုင်ရာကကော၊ ပြည်သူကကောသမိုင်းကြောင်းကို နားလည်မယ်၊ လက်ပံတောင်းတောင် ကိစ္စကိုလည်း တကယ့်ထဲထဲဝင် မိုင်းနင်းလုပ်ကိုင်နိုင် မယ့်ပညာရှင်တွေ ပါဝင်ဖို့လိုတယ်၊ အမှန်ကိုအမှန်အတိုင်း ပြောနိုင်မယ့်သူတွေပါဖို့ လိုတယ်၊ ဒါမှပြဿနာပြေလည်မယ် လို့ထင် တယ်”ဟုဒေါ်ဒေ၀ီသန့်ဇင်က ဆက်လက်ပြောကြားသည်။

ဒေါ်ဒေ၀ီသန့်စင်သည် မြစ်ဆုံစီမံကိန်းရပ်တန့်အောင်ဦးဆောင်လှုပ်ရှားတစ်ဦးလည်းဖြစ်သည်။

ပြည်သူလေးစားယုံကြည်လေးစားယုံကြည်သည့် ပြည်တွင်းပြည်ပ ပညာရှင်တွေပါလျှင် ပြည်စုံလုံလောက်မှု ရှိကြောင်း ယခု ပါ ၀င်သည့်သူများမှာ မည်သည့်အတိုင်းအတာအထိ ပူးပေါင်းပါမည်ဟု သေသေချာချာ မဆန်းစစ်ရ သေးသည့် အတွက် ပြည်စုံ လုံလောက်သည်ဟု မပြောလိုကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် ပုလဲမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကပြောသည်။

၎င်းသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပက်သက်၍ ပဉ္စမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေး တွင်ပြန်လည် အရေးပေါ်သုံးသပ်ရန် အဆိုတင်သွင်းခဲ့သော ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

စုံစမ်းရေး စစ်ဆေးရေးအဖွဲ့အနေဖြင့် တစ်တတာအချိန်ကာလဖြင့် လုံလောက်မှုရှိနိုင်မည် မထင်ကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။

“လုံခြုံရေးအရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်၊ဆိုရင် လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်၊ ပြည်သူတွေ အတွက် ထိခိုက် မယ်၊သဘာဝ ပတ်ဝန်းကျင်အတွက် ထိခိုက်မယ်၊ ဒေသခံပြည်သူတွေအတွက် အာမခံချက် မပေးနိုင်ဘူး၊ လျော်ကြေးမရနိုင်ဘူး၊ ပြည်သူ့အနာဂတ်အတွက် ဘာမှမရှိဘူးဆိုရင်တော့ ကန့်ကွက်ပါတယ်”ဟု လက်ပံတောင်း အရေးနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှထုတ်ပြန်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်သူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက သုံးသပ်သည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့