Friday, December 7, 2012

အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည်

နေမျိုး
ဒီဇင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်

အိန္ဒိယအရှေ့မြောက်ပြည်နယ်များနှင့် မြန်မာတို့အကြား နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စရပ်များ ဆောင်ရွက်ရန် တရားဝင်ကိုယ်စား လှယ် ရုံးတရုံး ဖွင့်လှစ်သွားမည်ဟု အိန္ဒိယ နိုင်ငံထုတ် The Economic Time သတင်းစာတွင် ရေးသားဖော်ပြထားသည်။

အိန္ဒိယ၏ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း ဘဏ်တခု ဖြစ်သည့် Export-Import Bank of India မှ မန်နေဂျင်း ဒါရိုက် တာလည်းဖြစ်၊ ဘဏ်ဥက္ကဋ္ဌ လည်းဖြစ်သူ T.C.A Ranganathan က မြန်မာနှင့် ကုန်သွယ်ရေး အဆက်အသွယ် များ ဖွင့် လှစ်ချိတ်ဆက်ထားခြင်းနှင့် ဘင်္ဂလာဒေရှ့်တွင် ခရီးတထောက် နားခိုသည့် ကြားစခန်းများထားရှိခြင်းသည် အိန္ဒိယ အရှေ့မြောက် ဒေသ၏ သဘာဝမြေသြဇာသုံးသည့် စိုက်ပျိုးရေး ထွက်ကုန်များအတွက် အခွင့်အလမ်းသစ် တခုဖြစ်လာနေကြောင်း ဗုဒ္ဓဟူးနေ့ က ဘဏ်ဥက္ကဌ က ပြောဆိုသည်ဟု သတင်းစာက ရေးသားသည်။

“ကျနော်တို့ဟာ လာမယ့် လအနည်းငယ်အတွင်း ရုံးမိမိတို့ရုံးကို စတင်လည်ပါတ်နိုင်မယ်လို့ မျှော်လင့်ထားသလို ခွင့်ပြုမိန့်ကိုလည်း လျှောက်ထားပြီး ဖြစ်တယ်” ဟု ၎င်း က ဆိုသည်။ အဆိုပါ ဘဏ်သည် မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအား ဆိုင်းငံ့အကွေး ပေးချေ စနစ်ဖြင့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရေး ခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါ ဘဏ်သည် အိန္ဒိယနိုင်ငံတွင်း၌ ၎င်းတို့၏ ရုံး ၁ဝ ရုံးနှင့် ပြည်ပနိုင်ငံများတွင် ရုံးး ခုနှစ်ရုံး ဖွင့်လှစ် ထားရှိသည်။

အရှေ့မြောက်ဒေသ အတွက် အိန္ဒိယ၏ နိုင်ငံခြားတင်ပို့ကုန် ငွေပမာဏအားဖြင့် ရူပီးငွေ ကုဋေ ၁ ထောင် (အမေရိကန် ဒေါ်လာသန်းပေါင်း ၁၂,ဝဝဝ ခန့်) ထဲမှ ၅ ရာခိုင်နှုန်းသော ငွေပမာဏကို ဒေသစိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ခြင်းအတွက် လျာထားသုံးစွဲကြောင်း သိရသည်။

အဆိုပါဘဏ်သည် လက်ဖက်ခြောက် ထွက်ကုန်များ၊ ကျောက်မီးသွေးနှင့် ထုံးကျောက် တင်ပို့ခြင်း လုပ်ငန်းများကို အလုံးအရင်း ဖြင့် လုပ်ကိုင်လျက်ရှိသည်။ အိန္ဒိယတနိုင်ငံလုံး နိုင်ငံခြားတင်ပို့ကုန် ပမာဏ၏ ၁ ရာခိုင်နှုန်းထက် နည်းပါးသည့် ပမာဏအား အရှေ့မြောက်ဒေသတွင်း ဖြတ်ကျော်ကာ ပုံမှန်ကုန်သွယ်မှု ပြုလုပ်ကြောင်း အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အဆိုရ သိရှိရကြောင်း The Economic Time က ရေးသား ဖော်ပြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့