Monday, December 3, 2012

ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို အာဏာပိုင်တွေ ခေါ်ဆောင်သွား

2012-12-01

ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို ဒီကနေ့ညနေမှာ သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှူးနဲ့ ဗဟန်းမြို့နယ် ရဲစခန်းမှူး တို့က လာရောက်ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ညနေမှာ လှိုင်မြို့နယ်ထဲက ဦးညီညီဇော်ရဲ့အိမ်မှာရောက်နေတဲ့ ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို မဂ္ဂင် ကျောင်းတိုက် အပိတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ဖြစ်တယ်လို့ပြောပြီး လာရောက်ခေါ်ဆောင်သွားတာပါလို့ ဦးညီညီဇော်က RFA ကို ပြောပါတယ်။

ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ဟာ အခုချိန်မှာ လူလွတ်လဲထားပြီး မိတ္ထီလာမြို့မှာ နေထိုင်တာဖြစ်ပြီး နိုဝင်ဘာ ၃ဝရက်နေ့ကမှ ဗြိတိသျှလူ့ အခွင့်အရေးအဖွဲ့နဲ့ ဗြိတိသျှဒုတိယအတွင်းဝန်နဲ့တွေ့ဖို့ ရန်ကုန်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်နဲ့အတူ သူ့ရဲ့မိခင် ဒေါ်ရေးကိုပါ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ခေတ္တ ခေါ်ယူမေးမြန်းတာလား၊ ထိန်းသိမ်းဖမ်းဆီးတာလားဆိုတာတော့ အခုချိန်အထိ တိတိကျကျ မသိရသေးပါဘူး။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့