အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၂၀၀၈ ခုနှစ်၊ ဧပြီလ (၂၁)ရက် ၁၃၇၀ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁)ရက်
အထူးကြေညာချက် - ၆ /၀၄ /၀၈
၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက် နေ့တွင် ဥပဒေအမှတ် - ၁/၂၀၀၈ ဖြစ်သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။
၂။ ယင်းဥပဒေ၏ အခန်း(၅)၊ မဲစာရင်းများပြုစုခြင်း ပုဒ်မ-၁၁(ဃ) ၌၊
“ အောက်ပါပုဂ္ဂိုလ်များကို မဲစာရင်းတွင် ထည့်သွင်းခြင်း မပြုရ-
(၁) သာသနာ့ဝန်ထမ်းများ၊
(၂) စိတ်ပေါသွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူများ၊
(၃) ပြစ်မှုတစ်ခုခုကြောင့် တရားရုံး၏ အမိန့်စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူများ၊
(၄) ပြည်ပသို့ တရားမ၀င်ရောက်ရှိနေသူများ၊
(၅) နိုင်ငံခြားသားများ၊”
ဟုလည်းကောင်း၊
အခန်း(၆) ဆန္ဒမဲပေးခြင်း ပုဒ်မ- ၁၄(က)၌၊
“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် ပြုစုသောမဲစာရင်း၌ ပါဝင်သူတိုင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသည်။”
ဟုလည်းကောင်း ပြဋ္ဌန်းထားပါသည်။
၃။ သို့ပါ၍-
(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်၊
(ခ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာသန်းငြိမ်း (ကျောက် တန်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့် ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဒေါ်မေ၀င်းမြင့် (မရမ်းကုန်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်)၊
(ဂ) မန္တလေးတိုင်းစည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးသန်းလွင်( မတ္တရာမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)၊ မန္တလေးတိုင်းစည်းရုံးရေးအဖွဲ့ ဦးကံထွန်းနှင့် မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်ဝင်းမြမြ၊
(ဃ) ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီး အစရှိသည်များ၊
(င) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တာဆီးခြင်း၊ ထိန်းသိမ်းခြင်းခံထားရသူများနှင့် ပြစ်ဒဏ်ချမှတ်ခံထားရခြင်းမရှိပဲ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း ခံနေ ရသူများ၊
တို့သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအရ မဲစာရင်းတွင် ပါဝင်ရမည့်သူများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်ကြ ပါသည်။ ဤပုဂ္ဂိုလ်များသည် မဲစာရင်းတွင် ၎င်းတို့၏အမည် ပါဝင်ရန်လည်းကောင်း၊ ဆန္ဒမဲပေးနိုင်ရန်လည်း ကောင်း၊ ဥပဒေပြဋ္ဌန်းချက်များအရ အာဏာပိုင်တို့၏တာဝန်ဖြစ်ကြောင်း ကြေညာလိုက်သည်။
၁၀-၄-၀၈ နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ၊
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
Read More...
Collapse...
“နိုင်ငံသားကဒ်ပြား မဟုတ်၊ မဲပေးရေးအတွက်သာသုံးမည့် ယာယီသက်သေခံလက်မှတ်သာဖြစ်သည်”
ဆန္ဒခံယူပွဲတွင် မဲပေးရန်အတွက် အသက်ပြည့်သည့်မဲပေးမည့်သူများအား နအဖ က သက်သေခံကဒ်ပြားများ ထုတ်ပေးနေသည်။ သို့သော် ထိုသက်သေခံကဒ်ပြားသည် အဖြူရောင်ဖြစ်ပြီး ပန်းရောင်နိုင်ငံသားကဒ် မဟုတ် ဘဲ၊ မဲပေးရာတွင်သာအသုံးပြုနိုင်မည့် ယာယီသက်သေခံကဒ်ပြားသာဖြစ်သည်။ ဤအဖြူရောင်သက်သေခံကဒ် ပြားပေါ်တွင် “ဤကဒ်ပြားဖြင့် မည်သည့်နိုင်ငံသားဟု သက်သေခံခြင်း အလျဉ်းမဖြစ်စေရ” ဟု အတိ အလင်းရေးသားဖေါ်ပြထားသည်။
Read More...
Collapse...
မဲရုံကိုသွားရမယ်
အညွန့်တုံးမျိုးဆက်ဘ၀ လွတ်မြောက်ကြဖို့
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ကန့်ကွက်မဲပေးဖို့ မဲရုံသွားရမယ်။
ဟိန်းနိုင်
Buram Digest မှကူးယူဖော်ပြသည်။
Read More...
Collapse...
သူငယ်ချင်းသို့
သူငယ်ချင်းရေ-
အကယ်၍
မင်းရဲ့သားသမီးတွေ
စားစရာမရှိ
ဝတ်စရာမဲ့ဘ၀နဲ့
စစ်ကျွန်ဘဝ
ကျရောက်နေတာကို
မမြင်ချင်ဘူးဆိုရင်------။
အကယ်၍
မင်းရဲ့မိသားစုတွေ
ဆင်းရဲတွင်း
သံသရာမှာ
စုန်းစုန်းမြှုပ်ကာ
ယောက်ယက်ခတ်နေတာကို
မမြင်ချင်ဘူးဆိုရင်-----။
အကယ်၍
မင်းရဲ့အမိအဖတွေ
အိုကြီးအိုမဘ၀နဲ့
ဆေးဖိုးဝါးခမဲ့
ဒုက္ခပင်လယ်ဝေနေတာကို
မမြင်ချင်ဘူးဆိုရင်-----၊
အကယ်၍
မင်းရဲ့နှမငယ်တွေ
အသပြာအတွက်
ဘ၀တသက်ပေးရတာကို
မမြင်ချင်ဘူးဆိုရင်-------။
အကယ်၍
မင်းရဲ့ဆွေမျိုးသားချင်းတွေ
ကြုံရာကျပန်းဘ၀နဲ့
ညစာခက်နေရတာကို
မမြင်ချင်ဘူးဆိုရင်----၊
စစ်ဝါဒီတွေရဲ့
ဆန္ဒခံယူပွဲနဲ့
ရွေးကောက်ပွဲကို
ကန့်ကွက်မှ
ဖြစ်တော့မယ်
သူငယ်ချင်း။
ငါတို့ကလေးများရဲ့
အနာဂတ်အတွက်၊
ငါတို့မိသားစုတွေရဲ့
ရှေ့ခရီးအတွက်၊
ငါတို့နှမငယ်တွေရဲ့
ဘ၀ရေးအတွက်၊
ငါတို့မိဘတွေရဲ့
အိုဇာတာကောင်းဖို့အတွက်
ကန့်ကွက်ရေးလမ်းစဉ်ကို
ပြတ်ပြတ်သားသား
ရွေးလိုက်ကြစို့လား။
ခင်မမမျိုး (၅၊ ၄၊ ၂၀၀၈)
ခင်မမမျိုးဘလော့ဂ်မှ ကူးယူဖော်ပြသည်။
Read More...
Collapse...
လူထုချစ်တဲ့ လူထုရဲ့ အမေ (၉၃ နှစ်) ကွယ်လွန်

ပြည်သူချစ်သော စာပေမိခင်ကြီး လူထုဒေါ်အမာသည် ဧပြီလ ၇ ရက် ယနေ့နံနက် မြန်မာစံတော်ချိန် ၈နာရီ ၃၇မိနစ် အချိန်က မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါသည်။
ကျနော်တို့တိုင်းပြည် ကျနော်တို့ပြည်သူလူထုအားလုံး၏ တန်ဘိုးးမဖြတ်နိုင်သည့် လမ်းပြရှေ့ဆောင် မဟာကြယ်စင်တစင်း ဆုံးရှုံးလိုက်ရပြီဖြစ်သည့်အတွက် ၀ိမုတ္တိဝိုင်းတော်သားများမှ မိသားစုများနှင့် ပြည်သူတရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88