Wednesday, August 24, 2011

ဆင်း​ရဲသား​ချေး​ငွေ ဆင်း​ရဲသား​လက်ထဲမ​ရောက် ဖြစ်​နေ

August 23, 2011
နေသွင်

လယ်သမား​ တွေနဲ့​ ဆင်း​ရဲသား​တွေအတွက် အစိုး​ရကထုတ်​ချေး​ပေး​နေတဲ့​ ​ချေး​ငွေနှစ်မျိုး​ ကို ​ကျေး​ရွာအဆင့်​မှာ လက်သင့်​သလို ထုတ်ယူ​နေတာ​ကြောင့်​ တကယ့်​ဆင်း​ရဲသား​တွေ လက်ထဲ မ​ရောက်ဘူး​လို့​ သိရပါတယ်။

အခုရက်ပိုင်း​ ပဲခူး​တိုင်း​ သာယာဝတီခရိုင်မှာ ဆင်း​ရဲသား​တဦး​ကို ကျပ်တသိန်း​စီ ထုတ်​ချေး​ တာကို ကြံ့​ခိုင်​ရေး​ပါတီအတွက် မဲဆွယ်​ပေး​ခဲ့​သူ​တွေနဲ့​ ​ငွေ​ကြေး​တတ်နိုင်သူ​တွေ ပဲ အများ​စု ရသွား​ကြတယ်လို့​ သာယာဝတီမြို့ခံတဦး​က ​ပြောပါတယ်။


“ဆင်း​ရဲတဲ့​ လူ​တွေက တန်း​တူအခွင့်​အ​ရေး​မရတဲ့​ သ​ဘောဖြစ်​နေပါတယ်။ သူတို့​နဲ့​နီး​ စပ်ရာလူ​တွေကို ​ချေး​တယ်၊​ တမြို့နယ်လုံး​မှာရှိတဲ့​ ဆင်း​ရဲသား​တွေကို ကူညီတဲ့​ပုံစံမဖြစ် ဘူး​။ သာယာ ဝတီမြို့နယ်မှာ လယ်သမား​ဦး​ရေ ဥပမာ၊​ ငါး​သောင်း​လောက် ရှိတယ် ဆိုပါ​တော့​။ အကုန်လုံး​ကို​ချေး​ငွေထုတ်​ပေး​တာ မဟုတ်ဘဲနဲ့​ သူတို့​အောင်နိုင်​ရေး​တုန်း​က တက်ကြွစွာ ပါဝင်ကူညီခဲ့​တဲ့​ ​ကျေး​ရွာကြီး​တွေကိုပဲ ​ချေး​ငွေထုတ်​ပေး​ပြီး​ ကျန် တဲ့​ ဆင်း​ရဲတဲ့​ရွာ​တွေကို ချန်လှပ်ထား​တဲ့​ ပုံစံမျိုး​ဖြစ်​နေတာ​ပေါ့​။”

ဆင်း​ရဲမှု​ လျှော့​ချ​ရေး​ ​ချေး​ငွေ​တွေကို ​တောင်သူလယ်သမား​၊​ လက်လုပ်လက်စား​၊​ ​ခေါင်း​ရွက်ဗျပ်ထိုး​ဈေး​သည်​တွေကို နှစ်ကျပ် တိုး​ ဝိုင်း​ကြီး​ချုပ်စနစ်နဲ့​ ​ချေး​ပေး​နေတယ်လို့​ အာဏာပိုင်​တွေက ဆို​ပေမယ့်​ ​အောက်​ခြေမှာ​တော့​ ခုလို ပုံစံမကျတာ​တွေ ဖြစ်​နေတာပါ။

ချေး​ငွေ​တွေကို ကြံ့​ခိုင်​ရေး​တွေ ယူသွား​တဲ့​အ​ကြောင်း​ သာယာဝတီနယ်ခံတဦး​က လည်း​ ​ပြောပါတယ်။

“အဲဒီလူ​တွေက အဓိက သွား​တာ​ပေါ့​။ ​နောက်ပြီး​တော့​ သာယာဝတီမှာ ​ကျေး​ရွာအုပ်စု ၄၈ အုပ်စုရှိတာကို သူတို့​က ​ကျေး​ရွာ​ပေါင်း​ ၂၀၀ ​ကျော်ရှိတယ်။ အိမ် ၁,၀၀၀ မှာ လူ ၄၀၀ နဲ့​ ၆၀၀ ​လောက်ပဲ ရတယ်။ သူတို့​က ဘယ်လိုသတ်မှတ်ထား​လဲ ဆို​တော့​ သူတို့​နဲ့​ မြို့​မိမြို့ဖ​တွေနဲ့​ လက်သင့်​တဲ့​ ကြံ့​ခိုင်​ရေး​က လူ​တွေနဲ့​ အုပ်ချုပ်​ရေး​မှူး​ ​တွေက တဆင့်​ နီး​စပ်ရာကို ထုတ်​ပေး​တယ်။ ”

ပြီး​ခဲ့​တဲ့​ တပတ် ​နေပြည်​တော် အစည်း​အ​ဝေး​မှာ သမ္မတဦး​သိန်း​စိန်က ဆင်း​ရဲမှုတိုက်ဖျက်​ရေး​အတွက် ​တောင်သူလယ်သမား​တွေကို စိုက်ပျိုး​ရေး​စရိတ် တဧက ကျပ်နှစ်​သောင်း​နှုန်း​က​နေ ​လေး​သောင်း​ထိ တိုး​ချေး​ပေး​နေတယ်လို့​ ဆိုခဲ့​ပါတယ်။

ပဲခူး​တိုင်း​ ​ညောင်​လေး​ပင်မြို့​နယ်က လယ်သမား​တွေကလည်း​ သမ္မတ​ပြောတဲ့​ စိုက်ပျိုး​ရေး​စရိတ်​ချေး​ငွေကို အခုချိန်မှ မရရင်၊​ စိုက်ပျိုး​ရေး​လုပ်ကိုင်ဖို့​ အချိန်​နှောင်း​ သွား​တော့​မယ်လို့​ ဆိုပါတယ်။

“​ပေး​ မယ်ဆိုပြီး​ သတင်း​ထွက်​နေတယ်။ ​ညောင်​လေး​ပင်မြို့​နယ်လည်း​ ​ပေး​မယ်လို့​ ကြား​ရတယ်။ ​ရွှေကျင်မြို့​နယ်လည်း​ ​ပေး​မယ်လို့​ ကြား​တယ်။ ​ကျောက်တံတား​မြို့​နယ်လည်း​ ကြား​တယ်။ ကြား​တာပဲရှိတာ။ တကယ်​ပေး​မယ်ဆိုရင် မိုး​စပါး​လုပ်ဖို့​ပေး​တယ်ဆိုရင် မိုး​စပါး​အတွက် တကယ်လိုအပ်တဲ့​အချိန်မှာ ​ပေး​ရင်​ကောင်း​တာ​ပေါ့​။ ဘာလို့​လဲဆို​တော့​ ဒီအချိန်မှာ စိုက်ပြီး​ရင် ဒီအချိန်မှာ ​အောင်မြင်ပြီး​ရင် ​မြေဩဇာ လိုတဲ့​အချိန်​ပေါ့​။”

နေပြည်​တော် စီး​ပွား​ရေး​ဆိုင်ရာ ​ဆွေး​နွေး​ပွဲမှာလည်း​ သမ္မတဦး​သိန်း​စိန်က လယ်သမား​တွေဘဝ အဆင်​ပြေဖို့​အတွက် အစိုး​ရမှာ တခြား​အစီအစဉ်​တွေရှိတယ်လို့​ ​ပြောခဲ့​ကြောင်း​ အဲဒီအစည်း​အ​ဝေး​ကို တက်​ရောက်ခဲ့​တဲ့​ ​ဇေကမ္ဘာဦး​ခင်​ရွှေက ​ပြောပြပါတယ်။

“လယ်သမား​တွေ စိုက်တာပျိုး​တာ သူတို့​စား​ဖို့​သောက်ဖို့​ ​လောက်တဲ့​အထိ ဥပမာ ဆန်တတန်ကို ​လေး​သိန်း​လောက်ဆိုရင် သူတို့​အတွက် အသက်ရှူ​ချောင်တာ​ပေါ့​။ ​လေး​သိန်း​လောက်ကို နိုင်ငံ​တော်က​နေ သတ်မှတ်ပြီး​ ဝယ်ဖို့​သ​ဘောကို မူချလိုက်ပါတယ်။ ဆန်ကုန်သည်ကြီး​များ​အသင်း​နဲ့​ ​ပေါင်း​ပြီး​တော့​ နိုင်ငံ​တော်သမ္မတက​နေ အဲ​လောက်​ပြောပြီး​ပြီ အ​သေး​စိတ်ကို​တော့​ သက်ဆိုင်ရာ က​နေ ဆွဲကြ​တော့​မှာပါ။”

အစိုး​ရရဲ့​ အစီအစဉ်​တွေ မ​ရေရာ​သေး​ပေမယ့်​ ဒီနှစ် စပါး​တင်း​ ၁၀၀ ကို ကျပ်သုံး​သိန်း​ ​အောက် ​ဈေး​ကျ​နေတာ၊​ စိုက်ပျိုး​ချိန်မှာ မိုး​များ​ရေလျှံလို့​ ပျက်စီး​သွား​တဲ့​ လယ်​တွေကို စိုက်ပျိုး​စရိတ်​တွေမရှိလို့​ ပြန်မစိုက်နိုင်တာ​တွေ​ကြောင့်​ ​နောင်နှစ်မှာလည်း​ စပါး​အ ထွက် ကျပြီး​ လယ်သမား​တွေဘဝ နာလန်မထူမှာ ​သေချာတယ်လို့​ လယ်သမား​တွေက ဆိုကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့