Monday, August 22, 2011

လစ်ဗျားမြို့တော် နေရာအများအပြား သူပုန်သိမ်းပိုက်

21 သြဂုတ် 2011

လစ်ဗျားနိုင်ငံမှာ လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေကြသူတွေဟာ မြို့ပြင်ပိုင်းက ခုခံတိုက်ခိုက်မှုတွေကို ကျော်လွှား နိုင်ခဲ့ပြီးနောက် ထရီပိုလီ (Tripoli) မြို့လယ်မှာရှိတဲ့ အစိမ်းရောင် ရင်ပြင်အထိ အခု ရောက်နေကြပါပြီ။

ဂဒါဖီ (Moammar Gadhafi) ရဲ့ သား ၂ ယောက်ဖြစ်တဲ့ ဆာအိဖ် အယ်လ် အစ္စလမ် (Seif al Islam) နဲ့ မိုဟာမက် ဂဒါဖီ (Mohammed Gadhafi) တို့ကိုလည်း ဖမ်းမိထားတယ်လို့ ပုန်ကန်ကြသူတွေက ပြောပါတယ်။

ဆာအိဖ် အယ်လ် အစ်စ်လမ်ကို ဖမ်းမိထားပြီ ဆိုတာကိုတော့ နိုင်ငံတကာ ပြစ်မှု တရားရုံးကလည်း အတည်ပြုပါတယ်။ ဂဒါဖီရဲ့ သားအကြီးဆုံး မိုဟာမက်ကတော့ ပုန်ကန်သူတွေဆီမှာ လက်နက်ချခဲ့တာလို့ အတိုက်အခံ ခေါင်းဆောင်တွေက ပြောပါတယ်။

ထရီပိုလီမြို့တော်ထဲမှာရှိတဲ့ အစိမ်းရောင် ရင်ပြင်ထဲက အခြေအနေတွေကို ရုပ်မြင်သံကြားတွေပေါ်က တိုက်ရိုက်ပြသတာကို မြင်ရတာကလည်း ပြည်သူပေါင်း ထောင်နဲ့ချီဟာ ရင်ပြင်မှာ စုဝေး ရောက်ရှိကြပြီး လက်နက်ကိုင် ပုန်ကန်သူတွေ အခုလို မြို့ တော် ထဲကို ရောက်လာကြတဲ့ အပေါ်မှာ ကြိုဆို ပျော်ရွှင် အောင်ပွဲခံနေကြတာကို တွေ့နေရပါတယ်။

တနင်္ဂနွေ အစောပိုင်းတုန်းကတော့ မြို့ရဲ့ အနောက်ဘက် ၁၇ မိုင်လောက်မှာရှိတဲ့ စစ်တပ်အခြေစိုက် စခန်းတခုကို ပုန်ကန်သူတွေ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဒီစစ်စခန်းဟာ ဂဒါဖီရဲ့ တခြားသားတွေ ကွပ်ကဲတဲ့ အစိုးရရဲ့ အထူး Khamis တပ်မဟာ အခြေစိုက်ရာစခန်း ဖြစ်ပါတယ်။

သိမ်းနိုင်ခဲ့တဲ့ စစ်စခန်းကနေ လက်နက် ခဲယမ်းမီးကျောက်တွေကို ထရပ်ကားတွေနဲ့ ပုန်ကန်သူတွေ သယ်ယူခဲ့ကြပါတယ်။ သူတို့ ဟာ ထရီပိုလီ မြို့ထဲဘက်ဆီ ရှေ့တိုးသွားနေစဉ်မှာလည်း ထောင်ထဲကနေ ထောင်သား ရာနဲ့ချီကို လွှတ်ပေးခဲ့ကြပါတယ်။

မြို့တော်ထဲက တချို့နေရာတွေမှာလည်း အရပ်သား ထောင်နဲ့ချီ လမ်းတွေပေါ်ထွက် အောင်ပွဲခံနေကြပါတယ်။ လက်နက်ကိုင် ပုန်ကန် တော်လှန်နေကြသူတွေရဲ့ ယာဉ်တန်းကြီးကို ပြည်သူတွေက နှုတ်ဆက် အားပေးခဲ့ကြပါတယ်။

တိုက်ခိုက်သူ တချို့ကို မီစ်ရာတာ (Mirata) ဆိပ်ကမ်းမြို့ကနေ ရေကြောင်းနဲ့ မြို့တော်ကို သွားခိုင်းခဲ့တယ်လို့ ပုန်ကန်သူအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

Ref:

0 comments:

အပေါ်သို့