Wednesday, August 24, 2011

အလုပ်သမား​အခွင့်​အ​ရေး​ နစ်နာမှု စက်မှုဇုန်လုပ်သား​များ​က ဆွီဒင်အဖွဲ့ကို ​ပြော

August 23, 2011

အလုပ်သမား​ အခွင့်​အ​ရေး​ ဆုံး​ရှုံး​နစ်နာ​နေတယ်လို့​ စက်မှုဇုန်အလုပ်သမား​တွေက ဆွီဒင်အလုပ်သမား​ရေး​ရာ အရာရှိ​တွေကို ​ပြောကြား​လိုက်ပါတယ်။

ရန်ကုန် စက်မှုဇုန် အလုပ်သမား​ ၂၀ က ဆွီဒင် အလုပ်သမား​ရေး​ရာအရာရှိ​တွေနဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်ရုံး​ချုပ်မှာ ဒီ​နေ့​ ​တွေ့​ဆုံခွင့်​ရစဉ် ​ပြောကြား​လိုက်တာပါ။

ဒါ့​အပြင် လုပ်ငန်း​ခွင်အဆင်မ​ပြေမှု​တွေနဲ့​ လွတ်လပ်တဲ့​ အလုပ်သမား​သမဂ္ဂ ​ပေါ်​ပေါက်​ရေး​တွေကိုပါ ​ပြောဆိုခဲ့​ကြတယ်လို့​ အဖွဲ့ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့ဝင် ဦး​အုန်ကြိုင်က ​ပြောပြပါတယ်။

“အလုပ်ခွင်မှာ သူတို့​ကြုံ​တွေ့​နေရတဲ့​ အခက်အခဲ​တွေ၊​ သူတို့​ ကြုံတွေ့​နေရတဲ့​ အလုပ်သမား​ အခွင့်​အ​ရေး​ ဆုံး​ရှုံး​နစ်နာ​နေမှု​တွေကို တင်ပြတယ်။ ​နောက်ပြီး​တော့​ အလုပ်သမား​သမဂ္ဂ​တွေ ​ပေါ်​ပေါက်​ရေး​အတွက် သူတို့​လည်း​ အလိုဆန္ဒ ပြင်း​ပြစွာ သူတို့​နည်း​နဲ့​သူတို့​ ကြိုး​ပမ်း​နေတဲ့​အ​ကြောင်း​ တင်ပြကြပါတယ်။”

ဆွီဒင်နိုင်ငံက သစ်​တောနဲ့​ သစ်ထုတ်လုပ်​ရေး​လုပ်ငန်း​နဲ့​ ပရိ​ဘောဆိုင်ရာ လုပ်ငန်း​ အလုပ်သမား​သမဂ္ဂအရာရှိရဲ့​ အပြည်ပြည်ဆိုင် အတွင်း​ရေး​မှူး​၊​ ဆွီဒင်အလုပ်သမား​သမဂ္ဂ အရာရှိအပါအဝင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီက အရာရှိတို့​ သုံး​ဦး​ အဖွဲ့ချုပ်ဗဟိုအလုပ်မှု​ဆောင်အဖွဲ့ဝင်​တွေနဲ့​ ​တွေ့​ဆုံတာ ဖြစ်ပါတယ်။

အဖွဲ့ချုပ် ဗဟိုအလုပ်အမှု​ဆောင်​တွေနဲ့​ ​တွေ့​ဆုံမှုအတွင်း​ ​ဆွေး​နွေး​ချက်နဲ့​ ပတ်သက်ပြီး​ အဖွဲ့ချုပ်ဗဟို အလုပ်အမှု​ဆောင်အဖွဲ့ဝင် ဦး​အုန်း​ကြိုင်က အခုလို ရှင်း​ပြပါတယ်။

“သူတို့​ဘက်က အခုလိုလာတာက အလုပ်သမား​သမဂ္ဂ​တွေနဲ့​ သူတို့​ဆွီဒင်မှာ ရှိတဲ့​ အလုပ်သမား​သမဂ္ဂများ​ ဥ​ရောပ အတွင်း​မှာရှိတဲ့​ အလုပ်သမား​ သမဂ္ဂများ​ အပြန်အလှန် ရိုင်း​ပင်း​စွာ အလုပ်သမား​ရေး​ရာ အကျိုး​စီး​ပွား​အတွက်၊​ အလုပ်သမား​တွေ ဘဝအ​ခြေအ​နေ တိုး​တက်​စေ​ရေး​အတွက် အလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​တွေ ပြည့်​ပြည့်​ဝဝ ရရှိဖို့​အတွက် ကူညီ​ဆောင်ရွက်နိုင်ဖို့​ အလုပ်သမား​အချင်း​ချင်း​ ကြည့်​ဖို့​ဆိုတဲ့​ အချက်အလက်​တွေ ရှာဖို့​လာတာဖြစ်တယ်။

“အလုပ်သမား​ ရေး​ရာ ကိစ္စနဲ့​ ပတ်သက်လို့​တော့​ အဖွဲ့​ချုပ်ရဲ့​ လွတ်လပ်တဲ့​ အလုပ်သမား​ သမဂ္ဂ​တွေ အလုပ်သမား​ အကျိုး​စီး​ပွား​ကိုပဲ ​ဖော်​ဆောင်မယ့်​ ဘယ်ပါတီရဲ့​ ဩဇာခံမှမဟုတ်တဲ့​ လွတ်လပ်တဲ့​ အလုပ်သမား​ သမဂ္ဂ​တွေ ​ပေါ်​ပေါက်​ရေး​အတွက် အဖွဲ့ချုပ်ရဲ့​ သ​ဘောထား​ ထား​ရှိပုံ အဲဒါကို ​မေလ ၁ ရက်​နေ့​က ထုတ်ပြန်​ကြေညာပြီး​ ဖြစ်တယ် စတာ​တွေ​ပေါ့​။”

လက်ရှိအ​ခြေအ​ နေမှာ​တော့​ မြန်မာနိုင်ငံမှာ အလုပ်သမား​အခွင့်​အ​ရေး​ ဆုံး​ရှုံး​မှု​တွေ၊​ လုပ်ခလစာနည်း​ပါး​မှု​တွေ၊​ လုပ်ငန်း​ခွင် အဆင် မ​ပြေမှု​တွေ​ကြောင့်​ အလုပ်သမား​ဆန္ဒပြပွဲ​တွေ မကြာခဏဖြစ်​ပေါ်​လေ့​ရှိပါတယ်။

ဒီကိစ္စ​တွေကို အာဏာပိုင်အဖွဲ့အစည်း​၊​ အလုပ်ရှင်နဲ့​ အလုပ်သမား​ သုံး​ပွင့်​ဆိုင် ​ဖြေရှင်း​မှု​တွေရှိ​နေ​ပေမယ့်​လည်း​ အတိုင်း​အတာ တခုအထိသာ ​အောင်မြင်မှုရ ရှိ​နေပြီး​ အလုပ်သမား​တွေအ​ရေး​ ပြည့်​ပြည့်​ဝဝ ​ဆောင်ရွက်​ပေး​နိုင်မယ့်​ အလုပ်သမား​သမဂ္ဂ​တွေ​တော့​ လွတ်လပ်စွာ အသင်း​အပင်း​ဖွဲ့စည်း​ခွင့်​ရှိတဲ့​ အ​ခြေအ​နေမျိုး​တွေ ​ပေါ်​ပေါက်လာတာမျိုး​ မရှိ​သေး​ပါဘူး​။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့