Wednesday, August 24, 2011

လိုင်စင်သိမ်း​ခံရသည့်​ ​ရှေ့​နေများ​ လိုင်စင်ပြန်ရ​ရေး​ သတင်း​စာရှင်း​လင်း​ပွဲလုပ်မည်

August 23, 2011
အေး​နိုင်

တပ်မ​ တော်အာဏာသိမ်း​အုပ်ချုပ်စဉ်ကာလအတွင်း​ နိုင်ငံ​ရေး​လှုပ်ရှား​ မှုနဲ့​ ဆက်နွှယ်ပြီး​ ​ရှေ့​နေလိုင်စင် ရုပ်သိမ်း​ခံရသူ​တွေက သတင်း​စာရှင်း​လင်း​ပွဲလုပ်ဖို့​ ပြင်ဆင်​နေပါတယ်။

ရှေ့​နေများ​ကွန်ရက်က ဒီသတင်း​စာရှင်း​လင်း​ပွဲကို ခုလ ၂၅ ရက်မှာ လုပ်ဖို့​စီစဉ် ထား​တယ်လို့​ ဦး​ဆောင်စီစဉ်သူ​တွေက ​ပြောပါ တယ်။

၁၉၈၈ ခုနှစ်အပြီး​ စစ်တပ်အုပ်ချုပ်တဲ့​ကာလ ​ရှေ့​နေလိုင်စင်ရုပ်သိမ်း​ခံရသူ​တွေထဲက ရန်ကုန်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဒုတိယဥက္ကဋ္ဌ ဦး​တင်ဦး​၊​ အဖွဲ့​ချုပ် ဥပ​ဒေအ​ထောက်အကူပြုအဖွဲ့​က ဦး​အောင်သိန်း​နဲ့​ ဦး​ခင်​မောင်ရှိန် အပါအဝင် ၆ ဦး​၊​ မန္တ​လေး​က ၃ ဦး​၊​ ​ကျောက်ဆည်၊​ မုံရွာ၊​ မြစ်သား​၊​ သာစည်၊​ က​လေး​၊​ ပဲခူး​၊​ ​ရွှေဘို၊​ ဝက်လက်၊​ ခင်ဦး​၊​ လား​ရှိုး​၊​ လပွတ္တာ စတဲ့​မြို့​တွေက ဗဟို တရား​ရုံး​ရှေ့​နေ ၂၀ ​ကျော် စာရင်း​ရရှိထား​ပြီး​ တချို့​ရှေ့​နေ​တွေဟာ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေ ဖြစ်တယ်လို့​လည်း​ ​ပြောပါတယ်။

လိုင်စင်သိမ်း​ခံရတဲ့​ အထက်တန်း​ရှေ့​နေစာရင်း​ကိုလည်း​ ​ရှေ့​နေကွန်ရက်အဖွဲ့​က စာရင်း​ကောက်ယူ​နေပါတယ်။

သတင်း​စာရှင်း​လင်း​ပွဲ ရည်ရွယ်ချက်ကို လိုင်စင်သိမ်း​ခံထား​ရသူ တရား​ရုံး​ချုပ်​ရှေ့​နေ ဦး​အောင်သိန်း​က ​ပြောပြပါတယ်။

“‘ဒီလူ​တွေဟာ နိုင်ငံ​ရေး​အရ ​ထောင်ချခံရပြီး​နောက်မှာ သူတို့​ရဲ့​ ​ရှေ့​နေလိုင်စင် အသီး​သီး​လည်း​ အသိမ်း​ခံရတယ်။ အ​ကြောင်း​ချင်း​ရာ တခုတည်း​ပေါ်မှာ မူတည်ပြီး​တော့​ ပြစ်ဒဏ် နှစ်ခါ​ပေး​သလို ဖြစ်​နေတယ်။ ​ထောင်လည်း​ အကျခံရတယ်။ သူ့​ရဲ့​ အသက်​မွေး​ ဝမ်း​ကျောင်း​ ရပ်တည်ပိုင်ခွင့်​လည်း​ ထိခိုက်ခံရတယ်။ ဒီကိစ္စ​တွေကို တရား​ဝင် စာတင်ဖို့​ အစီအစဉ်လုပ်တာပဲ။”

ဒီသတင်း​ စာရှင်း​လင်း​ပွဲလုပ်မယ့်​အချိန်ဟာ ကမ္ဘာ့​ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့​အခွင့်​အ​ရေး​အထူး​ကိုယ်စား​လှယ် မစ္စတာကင်တား​နား​ မြန်မာပြည်ကို ​ရောက်ရှိ​နေချိန်ဖြစ်ပြီး​ သူ့​ကိုလည်း​ တင်ပြသွား​ဖို့​ ​ရှေ့​နေကွန်ရက်က ပြင်ဆင်​နေပါတယ်။

ပဲခူး​မြို့​က ဗဟိုတရား​ရုံး​ရှေ့​နေ ဦး​မြတ်လှဟာလည်း​ ၁၉၉၀ ​ရွေး​ကောက်ပွဲအပြီး​ လွှတ်​တော်ကိုယ်စား​လှယ်အဖြစ် ​ရွေး​ကောက်ခံရ အပြီး​မှာ သူအပါအဝင် ​ရှေ့​နေသုံး​ဦး​ကို အာဏာပိုင်​တွေက တရား​စွဲပြီး​ ​ရှေ့​နေလိုင်စင်ရုပ်သိမ်း​ခဲ့​ပါတယ်။ တရား​ရုံး​က ပြစ်ဒဏ်မချ ​ပေမယ့်​ လိုင်စင်ပြန်မ​ပေး​ပါဘူး​။

ဦး​မြတ်လှက “ကျ​နော်တို့​က ပညာနဲ့​လုပ်စား​ချင်တဲ့​လူ​တွေ၊​ ကျ​နော်တို့​က ​ကျောင်း​ဆရာလုပ်တယ်၊​ ​ရှေ့​နေလုပ်တယ်ဆိုတာ ပညာ အရင်း​ခံပြီး​ လုပ်စား​ရတာ၊​ မိသား​စုကလည်း​ ချမ်း​သာတဲ့​မိသား​စုမှ မဟုတ်တာ၊​ အခုလို ​ရှေ့​နေလိုင်စင်သိမ်း​ခံရ​တော့​ ဒုက္ခ​တွေ ​ရောက်ကုန်တာ​ပေါ့​” လို့​ ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့