Wednesday, August 24, 2011

လွတ်လပ်သည့်​ လူ့​အခွင့်​အ​ရေး​ကော်မတီ ဖွဲ့​ရန် ကင်တား​နား​ကို လွှတ်​တော်ကိုယ်စား​လှယ်များ​ ​တောင်း​ဆို

August 23, 2011
အံ့ဘုန်းမြတ်

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့​ လူ့​အခွင့်​အ​ရေး​ကော်မတီတရပ်ဖွဲ့​စည်း​ဖို့​ မြန်မာလွှတ်​တော် ကိုယ်စား​လှယ်​တွေက ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ အထူး​စုံစမ်း​ စစ်​ဆေး​သူ ​တောမတ်စ် အို​ဟေး​ ကင်တား​နား​ (Tomas Ojea Quintana) ကို ​တောင်း​ဆိုလိုက်ပါတယ်။

မစ္စတာကင်တား​ နား​နဲ့​ ပါတီအသီး​သီး​က လွှတ်​တော်ကိုယ်စား​လှယ် ၁၉ ဦး​တို့​ ​နေပြည်​တော်၊​ ဇမ္ဗူသီရိခန်း​မမှာ ဒီ​နေ့​ မနက် (၁၀) နာရီခွဲက​နေ (၁၂ နာရီခွဲအထိ ​တွေ့​ဆုံစဉ် လွှတ်​တော်ကိုယ်စား​လှယ်​တွေက တင်ပြလိုက်ကြတာလို့​ တသီး​ပုဂ္ဂလလွှတ်​တော် ကိုယ်စား​လှယ် ဦး​သန်း​ညွန့်​က ​ပြောပြပါတယ်။


“ကုလသမဂ္ဂ လူ့အခွင့်​အ​ရေး​ကော်မတီနဲ့​ မြန်မာနိုင်ငံနဲ့​ ပူး​ပေါင်း​ဆောင်ရွက်နိုင်ဖို့​၊​ ထိထိ​ရောက်​ရောက်နဲ့​ မြန်မာနိုင်ငံလူ့​အခွင့်​အ​ရေး​တွေကို အမြင်ဖလှယ်နိုင်ဖို့​ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့​ လူ့​အခွင့်​အ​ရေး​ ​ကော်မတီတခုဖွဲ့ရမယ်။ အရင်တုန်း​က လူ့​အခွင့်​အ​ရေး​ ​ကော်မတီဆိုတာ အစိုး​ရ ဝန်ထမ်း​တွေချည်း​ပဲ။ အများ​ပြည်သူယုံကြည်​သော ​လေး​စား​သော အများ​က လက်ခံနိုင်တဲ့​ပုဂ္ဂိုလ် နဲ့​ မြန်မာနိုင်ငံ လူ့အခွင့်​အ​ရေး​ ​ကော်မတီကို ဖွဲ့ပါ။ အဲဒီထဲမှာ အစိုး​ရဝန်ထမ်း​လည်း​ တစိတ်တ​ဒေသ ပါချင် ပါနိုင်တယ်၊​ အစိုး​ရ ဝန်ထမ်း​ချည်း​ပဲ ဖွဲ့တဲ့​လူ့​အခွင့်​အ​ရေး​ ​ကော်မတိဆိုရင်​တော့​ အများ​ပြည်သူ မယုံကြည်ဘူး​ဆိုတာ အဲဒီအချက်ကို ကျ​နော်​ပြောခဲ့​တယ်။ သူနဲ့​ သူ့​အဖွဲ့ရဲ့​ တုံ့​ပြန်ပုံကလည်း​ ကျ​နော်တင်ပြတဲ့​အ​ပေါ်မှာ သ​ဘော​ပေါက်ပါ တယ်။”

ဒါ့​အပြင် နိုင်ငံ​ရေး​အကျဉ်း​သား​တွေကိစ္စနဲ့​ပတ်သက်ပြီး​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ဥပ​ဒေ​တွေ ထုတ်ပြန်လာ​အောင် အစိုး​ရကိုတိုက်တွန်း​ဖို့​လည်း​ ဦး​သိန်း​ညွန့်​က ​တောင်း​ဆိုခဲ့​ တယ်လို့​ ​ပြောပြပါတယ်။

“လူ့​အခွင့်​အ ​ရေး​ အ​ခြေအ​နေ​ကောင်း​မွန်ဖို့​ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ကို ထုတ်ပြန်ရမယ်။ မြန်မာနိုင်ငံ လူ့အခွင့်​အ​ရေး​နဲ့​ ပတ်သက်လို့​ လူ့​အခွင့်​အ​ရေး​ကြေ ညာစာတမ်း​ ဖြန့်​ဝေတဲ့​လူ​တွေကို​တောင် လုံခြုံရေး​အဖွဲ့အစည်း​တွေက ဖမ်း​ဆီး​အ​ရေး​ယူခဲ့​ တာ​တွေ ကြုံခဲ့​ဖူး​တယ်။ ​နောက်တခု အကျဉ်း​ထောင်နဲ့​ပတ်သက်ရင် အချက်၂ ချက် ​ထောက်ပြတယ်။ အခုလက်ရှိ အကျဉ်း​ထောင်ဥပ​ဒေမှာ ပါတဲ့​အခန်း​ ၁၅ ကို ရုပ်သိမ်း​ထား​တယ်။ ဒီအခန်း​ ၁၅ ကိုသာ မရုပ်သိမ်း​ဘူး​ဆိုရင် အဲဒါက နိုင်ငံ​ရေး​ အကျဉ်း​သမား​တွေကို ဒဏ်​ပေး​တာ။ မိမိယုံကြည်ချက်၊​ အစိုး​ရကို ​ပြောင်း​လဲ​အောင် အစိုး​ရကို ​ဝေဖန်လို့​ အပြစ်​ပေး​ထား​တဲ့​သူ အား​လုံး​ဟာ နိုင်ငံ​ရေး​ ပြစ်မှုပဲဆိုတဲ့​ အိန္ဒိယ ဥပ​ဒေ ဖွင့်​ဆိုချက်ပါ၊

“သူ့​ကို ကျ​နော် နမူနာအ​နေနဲ့​ ဘာ​ပြောလိုက်လည်း​ဆို​တော့​ မင်း​ကိုနိုင်ကို အင်း​စိန်အကျဉ်း​ထောင်မှာ ​ထောင်ဒဏ်ချလိုက်တယ်။ သို့​သော် သူ့​ကို အင်မတန်​ဝေး​လံတဲ့​ ကျိုင်း​တုံကို ပို့​လိုက်တဲ့​အတွက် မင်း​ကိုနိုင်ကိုတင် အပြစ်ဒဏ်​ပေး​တာမဟုတ်ပဲနဲ့​ သူ့​မိသား​စု ​ထောင်ဝင်စာသွား​တွေ့​တဲ့​ သူ​တွေကိုပါ ထိခိုက်တဲ့​အတွက် ဒါဟာ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တာပါ။ ​ထောင်ထဲမှာ ​လော​လော ဆယ် လွတ်ငြိမ်း​ချမ်း​သာခွင့်​ မ​ပေး​ခင်မှာ အနီး​အနား​ ပြန်ထား​ပါ။ အ​ဝေး​ထောင်​ရောက်​နေတဲ့​သူ​တွေကို ပြန်​ခေါ်ပါ။”

တွေ့​ဆုံ​ဆွေး ​နွေး​မှုထဲမှာပါဝင်တဲ့​ တိုင်း​ရင်း​သား​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက လည်း​ တိုင်း​ရင်း​သား​ဒေသ​တွေက လက်နက် ကိုင်ပဋိပက္ခ​တွေ​ကြောင့်​ ဖြစ်​ပေါ်​နေတဲ့​ လူ့​အခွင့်​အ​ရေး​ဆိုင်ရာ အ​ခြေအ​နေ​တွေနဲ့​ပတ်သက်ပြီး​ တင်ပြ​ဆွေး​နွေး​ကြပါတယ်။

မစ္စတာကင်တား​ နား​ဟာ ဒီ​နေ့​မှာ လွှတ်​တော်အစည်း​ဝေး​ကျင်း​ပတာ​တွေကို ​လေ့​လာပြီး​ အမျိုး​သား​လွှတ်​တော်ဥက္ကဌ ဦး​ခင်​အောင်မြင့်​၊​ ပြည်သူ့​လွှတ်​တော် ဥက္ကဌ သူရဦး​ရွှေမန်း​တို့​နဲ့​ ​တွေ့​ဆုံပါတယ်။ မနက်ဖြန်မှာ​တော့​ ပါတီရပ်တည်မှု ပျက်ပြယ်ပြီလို့​ အစိုး​ရက သတ်မှတ်ထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု​ဆောင်အ ဖွဲ့ဝင်​တွေနဲ့​ ​တွေ့​ဆုံဖို့​ရှိပြီး​ အင်း​စိန်အကျဉ်း​ထောင်ကို သွား​ရောက်ဖို့​ရှိပါတယ်။

မြန်မာနိုင်ငံကို တနင်္ဂ​နွေနေ့​က စတင်​ရောက်ရှိတဲ့​ မစ္စတာကင်တား​နား​ဟာ ပြည်​ထောင်စု တရား​သူကြီး​ချုပ်၊​ မြန်မာနိုင်ငံ လူ့အခွင့်​အ​ရေး​အဖွဲ့ဥက္ကဋ္ဌ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာနဝန်ကြီး​၊​ ဒုတိယရဲချုပ်၊​ အလုပ်သမား​ ဝန်ကြီး​ဌာနဝန်ကြီး​၊​ ကာကွယ်​ရေး​ဝန်ကြီး​၊​ အစိုး​ရအကြံ​ပေး​အဖွဲ့ဝင်​တွေ စတဲ့​ပုဂ္ဂိုလ်​တွေနဲ့​ ​တွေ့​ဆုံမှု​တွေ့ဆုံပြီး​ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့