Thursday, August 25, 2011

အဖွဲ့ချုပ်ရပ်တည်​ရေး​ကိစ္စ ကုလသမဂ္ဂ ဥပ​ဒေပညာရှင် ​ဆောင်ရွက်ရန် စီစဉ်မည်

24, 2011
အံ့ဘုန်းမြတ်

ပါတီရပ်တည်မှုပျက်ပြီလို့ ​ အစိုး​ရက ​ကြေညာထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေအဖွဲ့ချုပ် ပါတီ တရား​ဝင်ရပ်တည်​ရေး​ကိစ္စနဲ့​ ပတ် သက်ပြီး​ ကုလသမဂ္ဂမှ ဥပ​ဒေကျွမ်း​ကျင်သူ ပညာ ရှင်တဦး​ လာ​ရောက်ကူညီနိုင်ဖို့​ ​ဆောင်ရွက်​ပေး​မယ်လို့​ ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ အထူး​စုံစမ်း​ စစ်​ဆေး​သူက ​ပြောကြား​သွား​ပါတယ်။

အဖွဲ့​ချုပ် ဥပ​ဒေအ​ထောက်အကူပြုအဖွဲ့ဝင်​တွေက ကုလသမဂ္ဂ လူ့အခွင့်​အ​ရေး​ အထူး​စုံစမ်း​ စစ်​ဆေး​သူ မစ္စတာကင်တား​နား​ကို ဒီ​နေ့​တွေ့ဆုံရာမှာ ပါတီတရား​ဝင်ရပ် တည်မှုနဲ့​ပတ်သက်ပြီး​ တင်ပြပါတယ်။


ကင်တား​နား​က သူဟာ ဥပ​ဒေကျွမ်း​ကျင်သူ ပညာရှင် မဟုတ်​ကြောင်း​၊​ ဒါ​ကြောင့်​ ကျွမ်း​ကျင်သူ ပညာရှင်တဦး​ မြန်မာပြည်ကို မကြာမီ လာ​ရောက်​တွေ့​ဆုံနိုင်​အောင် ​ဆောင်ရွက်​ပေး​မယ်လို့​ ကတိပြုသွား​တယ်လို့​ အဖွဲ့ချုပ် ဥပ​ဒေအ​ထောက်အကူပြုအဖွဲ့ဝင် ​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

၁၉၉၀ ပြည့်​နှစ် ပါတီစုံ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ အနိုင်ရ အဖွဲ့ချုပ်ကို ပါတီရပ်တည် မှု ပျက်ပြယ်ပြီလို့​ လက်ရှိအစိုး​ရက ​ကြေညာ ထား​တာပါ။

ဥပ​ဒေအ​ ထောက်အကူပြုအဖွဲ့​က မြန်မာနိုင်ငံမှာဖြစ်​ပေါ်​နေတဲ့​ လူအခွင့်​အ​ရေး​ ချိုး​ဖောက်ခံရမှုအ​ခြေအ​နေ​တွေကိုလည်း​ ကင်နား​နဲ့​အဖွဲ့ကို ​ပြောကြား​လိုက်တယ်လို့​လည်း​ ​ပြောပါတယ်။

“လယ်ယာလုပ်သား ​တွေ တရား​မဲ့​ ဥပ​ဒေနဲ့​မညီဘဲ လယ်ယာ​တွေ အသိမ်း​ခံရလို့​ သူ တို့​ရဲ့​ အခွင့်​အ​ရေး​တွေ ဆုံး​ရှုံး​တာ၊​ ပ​ရော် ဖက်ရှင်နယ် ဆရာဝန်​တွေ၊​ ​ရှေ့​နေ​တွေ သူတို့​ရဲ့​ လိုင်စင်​တွေ ရုပ်သိမ်း​ခံရတာ ဒီအ​ခြေအ​နေမျိုး​တွေကို​တော့​ ကျ​နော်တို့​ ​ပြော လိုက်ပါ တယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့