Tuesday, February 21, 2012

ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဆဲကာလ ရှမ်း​နှင့်​ ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများ​ ဖြစ်ပွား

February 20, 2012
နန်းမြနဒီ

အစိုး​ရနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်တပ်ဖွဲ့​တွေကြား​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီမှု​တွေ ရခဲ့​ပြီး​လို့​ မကြာ​သေး​ခင်မှာပဲ တဘက်နဲ့​တဘက် ပစ်ခတ်မှု​တွေ ပြန် ဖြစ်​နေပါတယ်။

အစိုး​ရနဲ့​ အပစ်အခတ်ရပ်​ရေး​ သ​ဘောတူညီမှု လက်မှတ်​ရေး​ထိုး​ထား​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​အဖွဲ့​၊​ ဒီ​ကေဘီ​အေ (တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော်)က တပ်ဖွဲ့​တွေနဲ့​ နယ်​မြေခံအစိုး​ရတပ်၊​ နယ်ခြား​စောင့်​ တပ်​တွေနဲ့​ ဖြစ်ပွား​ခဲ့​တာပါ။

ရှမ်း​ပြည်နယ် ​ကျောက်မဲမြို့​နယ်ထဲမှာ ဒီလ ၁၇ ရက်​နေ့​ မနက်မှာ အစိုး​ရတပ် ခလရ ၂၃ က ရှမ်း​ပြည်တပ်မ​တော် (​တောင်ပိုင်း​)က တပ်မှူး​တ​ယောက်နဲ့​ ဇနီး​ဖြစ်သူတို့​ကို ပစ်ခတ်လို့​ နှစ်ဦး​စလုံး​ ​သေဆုံး​ခဲ့​တယ်လို့​ ​ပြောခွင့်​ရသူ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

“အပစ်အခတ်ရပ်စဲ ​ရေး​ကို ယုံပြီး​တော့​ ကျ​နော်တို့​ တပ်မှူး​တ​ယောက် ​ဈေး​ဝယ်ပြီး​ ပြန်လာတာ။ အစိုး​ရတပ်နဲ့​တွေ့​တော့​ အပစ်ခံရတာ သူ့​မိန်း​မကိုလည်း​ ပစ်သတ်တယ်။ သူ့​ဆီမှာ ပါလာတဲ့​ ​ရွှေ​တွေ၊​ ​ငွေ​တွေလည်း​ ယူသွား​တယ်။ ​သေနတ်တလက်လည်း​ သိမ်း​ယူသွား​တယ်။”

၁၉ ရက်​နေ့​မှာ အစိုး​ရတပ်​တွေနဲ့​ ​ကျောက်မဲမြို့​နယ် ပုံဝိုး​ကျေး​ရွာအုပ်စု ဝမ့်​ဟန်ဖိုက်ရွာနား​မှာ တကြိမ်၊​ ရှမ်း​ပြည်အ​ရှေ့​ပိုင်း​ မိုင်း​ပြင်း​မြို့​နယ် မိုင်း​ဟိုင်း​တိုက်နယ်ဘက်မှာ တကြိမ် တိုက်ပွဲဖြစ်ပွား​ခဲ့​ပြီး​ ဒီတိုက်ပွဲ​တွေဟာ အစိုး​ရတပ်ဘက်က သ​ဘောတူညီချက်ကို မလိုက်နာဘဲ နယ်​မြေ​ကျော်လို့​ ဖြစ်တာလို့​ အက်စ်အက်စ်​အေက ​ပြောပါတယ်။

ဒီကိစ္စကို အစိုး​ရ ငြိမ်း​ချမ်း​ရေး​ အကျိုး​တော်​ဆောင်​တွေဆီကို ဒီ​နေ့​ စာ​ရေး​မေး​မြန်း​ထား​တယ်လို့​ သူက ​ပြောပါတယ်။

“အပစ်အခတ်ရပ်စဲ ​ရေး​ကို ယုံကြည်ပြီး​တော့​ သ​ဘောတူညီထား​တဲ့​အတိုင်း​ ​ကျေး​လက်​ဒေသ​တွေမှာ ကျ​နော်တို့​နေကြတယ်။ မြို့​ထဲကိုလည်း​ ကျ​နော်တို့​ မသွား​ဘူး​။ ဒါ​ပေမယ့်​ မလိုအပ်တဲ့​ ပြဿနာ​တွေ ခုတ​လောမှာ နယ်​မြေရှင်း​လင်း​ရေး​ဆိုပြီး​တော့​ အစိုး​ရတပ်​တွေက ​ဒေသတဝိုက်ထဲ လာပြီး​ လှုပ်ရှား​နေတယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​နဲ့​ ​တွေ့​တိုင်း​ ပြဿနာ ဖြစ်ရတယ်။”

 ကျောက်မဲမြို့​နယ်ထဲက တိုက်ပွဲ​ကြောင့်​ အစိုး​ရတပ်​ချောကား​ပေါ်က ကား​စပယ်ယာ ပုံဝိုး​ရွာက ရွာသား​တဦး​ ​သေဆုံး​ခဲ့​ပြီး​ အပစ်ခံရသူ ရှမ်း​ပြည်တပ်မ​တော် တပ်မှူး​နဲ့​ ဇနီး​သည်တို့​ရဲ့​ ၅ နှစ်အရွယ် က​လေး​ငယ်တဦး​ မိဘမဲ့​ ဖြစ်သွား​ခဲ့​ရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ရှမ်း​ ပြည်တပ်မ​တော် (​တောင်ပိုင်း​) နဲ့​ အစိုး​ရတပ်အကြား​ ဇန်နဝါရီ လလယ်ပိုင်း​က နှစ်ဖက် အပစ်အခတ်ရပ်ဖို့​ သ​ဘောတူခဲ့​ပြီး​ တိုက်ပွဲ​တွေ ဖြစ်​နေတာပါ။

ကရင်ပြည်နယ်ဘက်မှာ ​တော့​ အပစ်အခတ်ရပ်ဖို့​ သ​ဘောတူထား​ကြတဲ့​ ဒီ​ကေဘီ​အေနဲ့​ အစိုး​ရဘက်က နယ်ခြား​စောင့်​တပ်အကြား​ လှိုင်း​ဘွဲ့​မြို့​နယ် မြိုင်ကြီး​ငူ​ဒေသမှာ မ​နေ့​က ည​နေပိုင်း​နဲ့​ ဒီ​နေ့​ ​နေ့​လည်မှာ တိုက်ပွဲဖြစ်ပါတယ်။

အဓိကက​တော့​ ဒီ​ကေဘီ​အေရဲ့​ စခန်း​ငါး​ခုက လက်နက်​တွေကို နယ်ခြား​စောင့်​တပ်က ဝင်​ရောက်သိမ်း​ပိုက်တဲ့​အတွက် ဒါကို မ​ကျေနပ်လို့​ နယ်ခြား​စောင့်​တပ်ရဲ့​ လက်နက်သယ်တဲ့​ယာဉ်တန်း​ကို ဒီ​ကေဘီ​အေက ​စောင့်​ပစ်တာ အစိုး​ရဘက်က ၂ ဦး​ ​သေဆုံး​ပြီး​ ၃ ဦး​ဒဏ်ရာရသွား​တယ်လို့​ ဒီ​ကေဘီ​အေ ​ပြောခွင့်​ရ ဗိုလ်မှူး​စန်း​အောင်က ​ပြောပါတယ်။

ဒီ​နေ့​ မွန်း​တည့်​မှာ မြိုင်ကြီး​ငူဘုန်း​ကြီး​ကျောင်း​အနား​မှာ စခန်း​ချတဲ့​ ဒီ​ကေဘီ​အေတပ်ဖွဲ့​ကို နယ်ခြား​စောင့်​တပ်က စနိုက်ပါနဲ့​ဝင်ပစ်သွား​လို့​ အရာရှိတဦး​ ထိခိုက်ဒဏ်ရာရတယ်လို့​ ဒီ​ကေဘီ​အေ ဗိုလ်မှူး​စန်း​အောင်က ​ပြောပါတယ်။

နယ်ခြား​ စောင့်​တပ်က သိမ်း​ယူသွား​တဲ့​ လက်နက်​တွေကို မြဝတီ ဆက်ဆံ​ရေး​ရုံး​က​နေ တဆင့်​ ပြန်​တောင်း​မှာဖြစ်ပြီး​ ရက်ပိုင်း​အတွင်း​ ပြန်မရရင် တိုက်ယူမယ်လို့​ သူက ​ပြောပါတယ်။

အပစ်အခတ်ရပ်ကြပြီး ​မှ တိုက်ပွဲ​တွေ ပြန်ဖြစ်ရတဲ့​အ​ပေါ် ဒီ​ကေဘီ​အေ ​ပြောခွင့်​ရ ပြည်ပဆက်ဆံ​ရေး​တာဝန်ခံ ဗိုလ်မှူး​ ​စောလုံ့​လုံက ခုလို​ပြောပါတယ်။

“ငြိမ်း​ချမ်း ​ရေး​ လုပ်တယ်ဆိုတာက တတိုင်း​ပြည်လုံး​ ငြိမ်း​ချမ်း​တဲ့​ပုံစံ ဖြစ်ချင်တယ်။ အဲဒီ​တော့​ ဒီလိုမျိုး​ပုံစံ​တွေမှာ ကျ​နော်တို့​ ညီညွတ် ချင်တယ်။ ဘာအ​နှောင့်​အယှက်မှ မရှိဘဲ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ လမ်း​ကြောင်း​ ​လျှောက်ချင်တယ်။ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​ကို ကျ​နော်တို့​ အား​ပေး​ချင်တယ်။ ဖြစ်တာ​ကောင်း​တာ​ပေါ့​။ ဖြစ်ဖို့​က​တော့​ သက်ဆိုင်ရာ အာဏာပိုင် အဓိကက​တော့​ နိုင်ငံ​တော်က ဒီကိစ္စကို မဖြစ်သင့်​တာ မဖြစ်ရ​အောင် ထိန်း​ထိန်း​သိမ်း​သိမ်း​နဲ့​ လုပ်​ဆောင်သင့်​တယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့