Tuesday, February 21, 2012

ချင်း​အမျိုး​သား​နေ့​ အစား​ ပြည်နယ်​နေ့​အဖြစ်သာ ကျင်း​ပခွင့်​ရ

February 20, 2012
ကို​ထွေး

ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့​ဟာ ချင်း​အမျိုး​သား​နေ့​ ဖြစ်တဲ့​အတွက် “ချင်း​အမျိုး​သား​နေ့​” အဖြစ် မူလ နာမည်ရင်း​အတိုင်း​ လွတ်လပ်စွာ တရား​ဝင်ကျင်း​ပခွင့်​ရ​ရေး​ ကြိုး​ပမ်း​သွား​မယ်လို့​ ချင်း​အမျိုး​သား​ပါတီ (စီအန်ပီ) က သ​ဘောထား​ ထုတ်ပြန်လိုက်ပါတယ်။

ဒီ​နေ့​ထုတ် ချင်း​အမျိုး​သား​ပါတီရဲ့​ ထုတ်ပြန်ချက်မှာ ၁၉၅၁ ​ဖေ​ဖော်ဝါရီလ ၂၀ ရက်​နေ့​ကစပြီး​ ချင်း​အမျိုး​သား​နေ့​ကိုက ကျင်း​ပလာခဲ့​တာ ဖြစ်ပြီး​ အခုအခါ ချင်း​ပြည်နယ်​နေ့​ အဖြစ်သာ ကျင်း​ပခွင့်​ပြု​နေတဲ့​ အ​ကြောင်း​နဲ့​ ဒီလုပ်​ဆောင်ချက်ဟာ ချင်း​လူမျိုး​တွေ စုစည်း​ညီညွတ် တာကို မလိုလား​ခြင်း​နဲ့​ ချင်း​လူမျိုး​တွေကို လူမျိုး​/အမျိုး​သား​ တရပ်အဖြစ် အသိအမှတ်မပြုလိုခြင်း​နဲ့​ ဒီမိုက​ရေစီကို ဆန့်​ကျင်ခြင်း​ဖြစ် တယ်လို့​ ပါရှိ ပါတယ်။


ချင်း​အမျိုး​ သား​နေ့​ ကျင်း​ပလို့​ မရတဲ့​အ​ပေါ် ချင်း​အမျိုး​သား​ပါတီ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဆလိုင်း​ Ceu Bik Htawng က “တရား​ဝင် ကျင်း​ပခွင့်​ကို​တော့​ အစိုး​ရက ဟား​ခါး​မှာဆိုရင် ချင်း​ပြည်နယ် ​နေ့​လို့​ပဲ သူတို့​က ကျင်း​ပခွင့်​ ​ပေး​တယ်​ပေါ့​လေ။ ချင်း​အမျိုး​သား​နေ့​လို့​တော့​ ကျင်း​ပခွင့်​ မ​ပေး​ဘူး​ပေါ့​။ ချင်း​အမျိုး​သား​ပါတီက လွှတ်​တော်ကိုယ်စား​လှယ်​တွေ သီး​သန့်​စာတင်ပြီး​တော့​ ချင်း​အမျိုး​သား​နေ့​လို့​ပဲ တရား​ဝင် ကျင်း​ပခွင့်​ပေး​ပါရန်ဆိုပြီး​ အစိုး​ရဆီ ပို့​ထား​တာ​တော့​ ရှိတယ်။ ဒါ​ပေမယ့်​ ဘာမှ​တော့​ တုံ့​ပြန်မလာ​သေး​ပါဘူး​။ ပြည်နယ်ဝန်ကြီး​ချုပ် ဦး​ဟုန်း​ငိုင်း​က ချင်း​ပြည်နယ်​နေ့​ကို တရား​ဝင် ကျင်း​ပဖို့​ပေါ့​နော်။ ချင်း​အမျိုး​သား​နေ့​ ကျင်း​ပဖို့​က သူ့​အ​နေနဲ့​ မပြီး​ဘူး​ပေါ့​။ သူက​တော့​ သူ့​အ​နေနဲ့​ ချင်း​အမျိုး​သား​နေ့​ကို တား​ဆီး​ပိတ်ပင်တာ မဟုတ်ဘူး​လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ကျ​နော်က​တော့​ ​ဖေ​ဖော်ဝါရီ ၂၀ ချင်း​ပြည်နယ်​နေ့​ကို ကျင်း​ပမယ်။ အဲ့​လိုမကျင်း​ပရင် တာဝန်အရ အ​ရေး​ယူမယ်​တော့​ ​ပြောတာ​ပေါ့​။”

၁၉၇၄ အ​ခြေခံ ဥပ​ဒေမှာ ဇန်နဝါရီ ၃ ရက်​နေ့​ကို ချင်း​ပြည်နယ်​နေ့​ အဖြစ် သတ်မှတ်ထား​တာ​ကြောင့်​ ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့​မှာ ချင်း​အမျိုး​သား​နေ့​အဖြစ် ကျင်း​ပခွင့်​ရ​အောင် ကြိုး​ပမ်း​သွား​မယ်လို့​ ချင်း​အမျိုး​သား​ပါတီ (စီအန်ပီ)က ​ပြောပါတယ်။

စီအန်ပီ က ဒီက​နေ့​ ထုတ်​ဝေလိုက်တဲ့​ ထုတ်ပြန်ချက်မှာလည်း​ ချင်း​လူမျိုး​နဲ့​ ခရစ်ယာန်ဖြစ်တဲ့​အတွက် အစိုး​ရဝန်ထမ်း​ ရာထူး​တိုး​မြင့်​ဖို့​ ခက်ခဲတဲ့​ ဒီမိုက​ရေစီမဆန်တဲ့​ လုပ်ရပ်များ​ကိုလည်း​ အမြန်ဆုံး​ ဖယ်ရှား​ပေး​ဖို့​ ​တောင်း​ဆိုထား​ပါတယ်။

ဒါ့​အပြင် ချင်း​ပြည်နယ် ​မြောက်ပိုင်း​နယ်စပ်​ဒေသမှာ ဧက​ပေါင်း​များ​စွာ ဘိန်း​စိုက်ပျိုး​ ​ရောင်း​ချ​နေတာ​တွေကိုလည်း​ တိုက်ဖျက်​ပေး​ဖို့​အတွက် အထူး​ကော်မရှင် ဖွဲ့​စည်း​ဖို့​လည်း​ ​ကြေညာချက်မှာ ​တောင်း​ဆိုထား​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့