Tuesday, November 6, 2012

အစိမ်းရောင်စီးပွားဖွံ့ဖြိုးရေး ဟောပြောပွဲ (နေပြည်တော်) ကျင်းပမည်

ယမင်း(မြစ်မခ)
5 Nov, 2012

မြန်မာနိုင်ငံမှ ပညာရှင်များနှင့် နိုင်ငံတကာ ပညာရှင်များပူးပေါင်း၍ နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိုးတိုး တက်မူများနှင့်အတူ ပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရန် တွေ့ဆုံဆွေးနွေးဟောပြောတစ်ရပ်ကို နေပြည်တော်၌် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း အစိမ်းရောင် စီးပွားရေးအဖွဲ့က သိရသည်။

“စီးပွားရေးလည်း တိုးတက်ရမယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း တတ်နိုင်သလောက်လုပ်ရမယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုနဲ့အတူ ပတ်ဝန်းကျင်ကို မထိခိုက်ရအောင် ဘယ်လိုသွားမယ်ဆိုတာတွေကို နိုင်ငံတကာ ပညာရှင်တွေ policy maker တွေ ဒီဒုတိယအကြိမ်လုပ်တဲ့ပွဲမှာ ဆွေးနွေးသွားမှာပါ။ ”ဟု GEGG အဖွဲ့ဝင် MCC ဥက္ကဌ ဦးတင်ဝင်းအောင် ကပြောသည်။

အဆိုပါ ဟောပြောပွဲကို နေပြည်တော်တွင် နိုဝင်ဘာ(၁၃)ရက်နှင့်(၁၅)ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး နော်ဝေ၊ဆွီဒင်၊ ဂျပန်၊ဂျာမနီ၊ သြစတြေးလျ၊ ဂျာမန်၊စင်္ကာပူ၊ ကုလသမ္မဂ္ဂအဖွဲ့အစည်းမှ ပညာရှင် များပါဝင်သွားမည်ဖြစ်ပြီး ဒုတိယသမ္မတ စိုင်းမောက်ခမ်း၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့ အစည်းများအား ဖိတ်ကြားထားကြောင်းကိုလည်း သိရှိရသည်။

“နိုင်ငံတကာက ပညာရှင်(၈၀)လောက်က သူတို့စရိတ်နဲ့ သူတို့လာပြီး မြန်မာနိုင်ငံကို ကူညီချင်လို့ လာကြတာ။ ကျွန်တော်တို့ ဒီက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ဘာတွေဖြစ်နေလဲ၊ ဘယ်လို ဖြေရှင်းမလဲ၊ ဘယ်လိုလုပ်ကြ မလဲဆိုတာ တွေ ကို ဆွေးနွေးကြမှာပါ ” Green Economy Green Growth-Myanmar Association (GEGG) မှ အမှုဆောင် ဒါရိုက်တာ ဦးကျော်လွင်လှက ပြောသည်။

ယခုကျင်းပပြုလုပ်မည့် ဟောပြောပွဲသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထအကြိမ်ဟောပြောပွဲကို ၂၀၁၁ခုနှစ် ဧပြီလတွင် ပြုလုပ် ကျင်းခဲ့ကာ အစိုးရ၀န်ကြီး (၆)ပါးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့