Monday, November 5, 2012

ရိုဟင်ဂျာဘက်က တစ်ဖက်သက် မရပ်တည်ဟု ဒေါ်စုပြော

2012-11-05

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ မိမိအနေနဲ့ ရိုဟင်ဂျာဘက်ကနေ တစ်ဘက်သတ် ရပ်တည် ပြောဆိုပေးမှာ မဟုတ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ပြဿနာရဲ့ အကြောင်းရင်းမှန်ကို မကြည့်ဘဲ၊ ရိုဟင်ဂျာ ဘက်က တစ်ဘက်သတ် ရပ်တည်ပြောဆိုမှာ မဟုတ်ကြောင်း၊ ဘယ်ဘက်ကိုမှ လည်း တစ်ဘက်သတ် ဘက်လိုက်မှာ မဟုတ်ကြောင်း ဘီဘီစီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ရခိုင်အရေးမှာ နှစ်ဘက်လုံး က သည်း ခံစိတ်မွေးကြဖို့လိုပါတယ်၊ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် သတ်ဖြတ်နေကြ၊ သူ့အိမ်၊ ကိုယ့်အိမ် အပြန်အလှန် မီးရှို့ နေကြမယ်ဆိုရင် ဘယ်လိုလုပ်ပြီး ပြဿနာ ပြေလည် နိုင်မှာလဲ၊ ပြဿနာရဲ့ တကယ့်အခြေခံ အရင်းအမြစ်တွေကို မရှုမြင်၊ မသုံးသပ်ဘဲ ပုဂ္ဂိုလ်ရေး သြဇာ အရှိန်အဝါ သုံးစွဲပြီး ဘက်လိုက် မပြောဆိုသင့်ပါဘူး၊ တခြားအခြေခံ အကြောင်းရင်းတွေကို မကြည့်ခင်မှာ တရား ဥပဒေစိုးမိုးမှု ရှိအောင်၊ လူအားလုံးလုံခြုံမှုရှိအောင် ပထမလုပ်ရပါမယ်၊ ဘယ်ဘက်ကမှ မရပ်လို့ မိမိအပေါ်မကျေနပ်ကြဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ မိမိအနေနဲ့ ဘက်လိုက်ပြီး မပြောနိုင်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့