Saturday, March 29, 2008

မိဘပြည်သူများသို့ ပန်ကြားချက်

အသံဖိုင်ဖြင့် နားဆင်လိုပါက Playtagger အားနှိပ်ပါ



Read this doc on Scribd: PMC Statement on Step 4

Read More...

Thursday, March 27, 2008

မတ် ၂၇ တော်လှန်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု မှတ်တမ်း ဓါတ်ပုံများ













Read More...

Thursday, March 20, 2008

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့်ပြည်နယ်၊တိုင်းစည်းရုံးရေးအဖွဲ့ဝင်များ၏ သဘောထားထုတ်ပြန်ချက်



Read More...

စက်မှုဇုန်အလုပ်သမားများသမဂ္ဂ(ယာယီ)၏အလုပ်သမားထုသို့ပန်ကြားလွှာ

Read More...

Wednesday, March 19, 2008

May Campaign

Read More...

ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ်အပေါ် လုံခြုံရေးကောင်စီမှ အစီရင်ခံစာ ထုတ်ပြန်

Read More...

Tuesday, March 18, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုလှုပ်ရှားမှုကော်မတီ



ယနေ့အချိန်တွင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ မိသားစု၏ မြန်မာ့အရေး ၀ိုင်းဝန်း ကြိုးပမ်းမှုများကို စစ်အစိုးရက လုံးဝဥဿုံ ငြင်းပယ်လိုက်ပြီဖြစ်သည်။ ဤသည်မှာ လူထု၏ ဆန္ဒနှင့်ဆန့်ကျင်ကာ လူထု၏ အချုပ်အခြာ အာဏာကို လွဲလွဲမှားမှား ကိုင်တွယ်ကျင့်သုံးပြီး စစ်အစိုးရက ၎င်းတို့၏ စစ်အုပ်ချုပ်ရေးအာဏာ သက်ဆိုးရှည်ရန် ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေကို မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ အတုအယောင်ဖြင့် ကျင်းပ အတည်ပြုမည်ဟု ကြေညာခဲ့သည်။

ထိုသို့ကြေညာခြင်းသည်
၁။ စစ်အစိုးရက ၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့စဉ် ပြည်သူလူထုအားပေးခဲ့သော ကတိ က၀တ်များကို လည်းကောင်း
၂။ မိမိကိုယ်တိုင်ကျင်းပပေးခဲ့သော ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုလည်းကောင်း
၃။ ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသော ၁/၉၀ ဥပဒေကိုလည်းကောင်း၊ ပြောင်ပြောင် တင်းတင်း ဆန့်ကျင်ချိုးဖောက်လိုက်ခြင်းဖြစ်သည်။

တနည်းအားဖြင့် စစ်အစိုးရက ပြည်သူလူထုအား သွေးတိုးစမ်း စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ယနေ့ သမိုင်းပေးတာဝန်အရ ”အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူထုလှုပ်ရှားမှုကော်မတီ” ကို ဖွဲ့စည်းလိုက်သည်။ ဤလူထုလှုပ်ရှားမှု ကော်မတီသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီပေါ်ထွန်းရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အခြေခံတွင် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရေး တို့အတွက် မြန်မာပြည်အနှံ့ လူထုတိုက်ပွဲများကို ဦးဆောင်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

လူထုလှုပ်ရှားမှုကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂၀၀၈ ခုနှစ်၊ မတ်လ (၁၈) ရက်။

Read More...

Thursday, March 13, 2008

ဒေါ်အောင်ဆန်းစုကြည်၏၀တ်စားဆင်ယဉ်မှု၊အရောင်သင်္ကေတ ဖြင့် ညွှန်းဆိုမှုလေလား

ဒေါ်အောင်ဆန်းစုကြည်၏၀တ်စားဆင်ယဉ်မှု
အရောင်သင်္ကေတဖြင့် ညွှန်းဆိုမှုလေလား


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ၃ ခေါက်လာရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်

၁။၂၀၀၆ နိုဝင်ဘာ ၁၁ရက်နေ့ တွင် ၁ကြိမ်၊

၂။ ၂၀၀၇ စက်တင်ဘာ ၃၀ရက်နေ့တွင် ၁ကြိမ်၊

၃။ ၂၀၀၇ အောက်တိုဘာ ၂ ရက်နေ့တွင် ၁ကြိမ်၊

၎။ ၂၀၀၈ခုနှစ် မတ်လ ၈ရက်နေ့တွင် ၁ကြိမ်၊

၅။ ၂၀၀၈ မတ်လ ၁၀ ရက်နေ့တွင်၁ကြိမ်၊

စုစုပေါင်း ၅ကြိမ် တွေ့ဆုံဆွေး နွေးခဲ့ပါသည်။


ထိုတွေ့ဆုံဆွေးနွေးမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်သည်


၁။ ပထမအကြိမ် တွေ့ဆုံမှုတွင် အ၀ါရောင် ၀တ်ဆင်ထားသည်။


ဤသည်မှာ တွေ့ဆုံဆွေးနွေအဖြေရှာရေး (Dialogue) ဖြစ်နိုင်သည့်အလားအလာ “မျှော်လင့်ချက်“ ကို ဖော်ကျူးခြင်းလည်းဖြစ်သည်ဟု ကောက်ယူနိုင်ပြီး။

၂။ ၂၀၀၇ စက်တင်ဘာလ ၊ ရွှေဝါရောင်တော်လှန်ရေးအပြီး စက်တင်ဘာ ၃၀ရက်နေ့၊ ဒုတိအကြိမ် တွေ့ဆုံမှုတွင် အပြာရောင်ကို ဆင်မြန်းထားသဖြင့် ဤသည်မှာ “၀မ်းနည်းမှု” အထိမ်းအမှတ်ကို ပြဆို ခြင်းဟုလည်း ဆိုရနိုင်ပေသည်။

၃။တတိယအကြိမ်တွေ့ဆုံမှုတွင် ပင်နီအင်္ကျီကို ၀တ်ဆင်ထားရာ သံဃာတော်မထေရ်မြတ်များအတွက် “ပူဆွေးသောက” ရောက်နေရမှုနှင့် “ငြိမ်းအေးမှု” တရားကိုသာ လိုလားပါကြောင်း ထပ်လောင်းပြဆို ခြင်းဟုလည်း ကောက်ယူရပေမည်။


၎။ “အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးအတွက် ပြင်ဆင်” ဆိုသည့် သတင်းစကားပါးလိုက်အပြီး မကြာမီ၊စတုတ္ထနှင့်ပဉ္စမအကြိမ်တွေ့ဆုံမှုတွင်မူ ရဲရဲတောက်အနီရောင်ကို ဆင်မြန်းထားပါသဖြင့် ၁၉၄၇ ခုနှစ် အင်္ဂလိပ်လက်အောက်၊ ပထမအကြိမ် လွတ်လပ်ရေးတိုက်ပွဲကာလက ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ ဂန္ဓ၀င်မြောက်စကားလုံးဖြစ်သည့် “ရရင်ရ၊ မရရင်ချ” ဆိုတာမျိုးလိုပင် ကျွန်ုပ်တို့ခေတ် ဒုတိယ အကြိမ် လွတ်လပ်ရေးကာလ၏ “တိုက်ပွဲခေါ်သံ” ဟု ပင် မှတ်ယူကြရမည် ဖြစ်ပါကြောင်း။

Read More...

Tuesday, March 11, 2008

PDC News Commentary

Read More...

Monday, March 10, 2008

ဆန္ဒခံယူပွဲဥပဒေနှိုင်းယှဉ်ချက်

နအဖ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ၌ ထည့်သွင်းရေးဆွဲမထားသည့် ပုဒ်မများ

ဆန္ဒခံယူပွဲဥပဒေ နှိုင်းယှဉ်ချက်























































စဉ် နအဖ (မြန်မာနိုင်ငံ) ၂၀၀၈ ဥပဒေ နိုင်ငံတကာဥပဒေ
၁။ နအဖ ကတော့ အခုထိ မဖြန့်သေပါဘူး။
နအဖ အနေနဲ့ အခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးခွင့် ရှိသူများအကြား အမြန်ဆုံးဖတ်ရှုလေ့လာခွင့်ရ ဖို့ လုံလုံလောက်လောက်ဖြန့်ချိပေးဖို့လိုပါ တယ်။
ကွန်ဂိုနိုင်ငံမှာ မဲပေးသူ ၂၅ သန်းအတွက် လူ ၅၀ ကို တအုပ်စီနဲ့ အခြေခံဥပဒေမူကြမ်း စာအုပ် ၅သိန်း ဖြန့် ဝေပါတယ်။
၂။ ဒီ ဥပဒေမူကြမ်းကို ပြည်သူတွေအကြား သိရှိနားလည်သဘောပေါက်စေဖို့ နိုင်ငံရေး ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတိုင်း ရှင်းလင်းပြောကြား စည်းရုံးလှုပ်ရှားခွင့်။
နအဖ ကတော့ ဒီအချက်ကို ခွင့်မပြုတဲ့အပြင် အခန်း (၁၀) တားမြစ်ချက်နှင့် ပြစ်ဒဏ်ဆိုပြီး ပုဒ်မ (၂၄ ၊ ခ) (အနည်းဆုံး ထောင် ဒဏ် ၃ နှစ်) နဲ့ တား မြစ်ထားပါတယ်။
နိုင်ငံတကာမှာတော့ မဲပေးမယ့်ရက် မတိုင်မီ ၂၄ နာရီ ထိ အများပြည်သူသိစေဖို့ ရှင်းလင်းပြောဆိုခြင်း (Public Propaganda) ကိုခွင့်ပြုထားပါတယ်။
၃။ နအဖ ကတော့ ဒီ အချက်ကို ထည့်မထားပါဘူး။ နောက်ပြီး နိုင်ငံတကာမှာ Way and Voting on a Referendum အခန်းမှာ ပုဒ်မတခုအနေနဲ့The citizen cannot be called for on responsibility for voting on a referendum. (ဆန္ဒခံယူပွဲတွင် မဲပေးရန် တာဝန်ရှိသည်ဟု နိုင်ငံသားများအား တောင်းဆိုခြင်း မပြုနိုင်။) ဆိုတာထည့်သွင်းထားပါတယ်။ မဲ မပေးရင် လည်း နေနိုင်တဲ့သဘောပါ။
၎။နအဖ ဥပဒေမှာ ဒီလိုလုပ်ထားဖို့ ပြဌာန်းမထား ဘူး။ မဲပြားတွေပေါ်မှာ မဲပေးပုံပေးနည်း ညွှန်ကြားချက်တွေ ကို ဖော်ပြထားဖို့ ပြဌာန်းထားပါတယ်။
၅။နအဖ ဥပဒေမှာ ဘာမှ ထည့်သွင်းရေးဆွဲ မထား ပါဘူး။ စာမတတ်သူများနဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူများ အနေနဲ့ မဲပေးနိုင်ဖို့ အကူတယောက်ခေါ်လာခွင့်ရှိ တယ်ဆိုတာနဲ့ ဒီလူတွေကို မဲရုံကြီးကြပ်ရေးအဖွဲ့က ကူညီရမယ်ဆိုတာတို့ကိုလည်း ပြဌာန်းပေးထားပါ တယ်။
၆။ နအဖ က ဒါကို လုံးဝ ရှောင်ထားပါတယ်။ ဘာ ဥပဒေ၊ ပြဌာန်းချက်မှ ထည့်မထားပါဘူး။ နအဖ procedure ကတော့ ဒီလို အချိန်သတ်မှတ် ချက်တွေ ဘာမှထည့်မထားပါဘူး။ ကျေးရွာက မြို့နယ်၊ မြို့နယ်က ခရိုင်၊ ခရိုင် က တိုင်း၊ တိုင်းကနေ ဗဟို စတဲ့ အဆင့်ဆင့် လိပ်တို့ထုံး နှလုံးမူထားပုံ ပေါ်ပါတယ်။ တချို့မဲရုံတွေမှာ ရွှေ့ဆိုင်းရက်ကျမှ မဲတွေကို တပေါင်းတည်း ရေတွက်ရမယ်ဆိုတော့ မဲပုံးလဲပစ်ဖို့ အခြေ အနေဖန်တီးဖို့ ကြံရွယ်ထားသလားပဲ။
ဆန္ဒခံယူပွဲရလဒ် ဆုံးဖြတ်ခြင်းအခန်းဆိုတာ ထည့်သွင်း ပြီး တပြည်လုံး ဆန္ဒမဲရလဒ်တွေ ကြေညာပေးမယ့် Time Frameကို အတိအကျ ပြဌာန်းထားပါတယ်။
မကြာသေးမီကမှ လွတ်လပ်ရေးရလာတဲ့ မက်ဆီဒိုးနီး ယားလိုနိုင်ငံမှာတောင်မှ မဲပေးပြီး ၅ နာရီအတွင်းမှာ မဲရုံကြီးကြပ်ရေးအဖွဲ့က ဆန္ဒခံယူပွဲနဲ့ ပတ်သက်တဲ့ မဲရလဒ် အသေးစိပ်မှတ်တမ်းကို သက်ဆိုင်ရာအဆင့် ဆင့် ရွေးကောက်ပွဲကော်မရှင်ထံကို အရောက်ပို့ဖို့၊ အောက်ခြေကော်မရှင်အဆင့်ဆင့်ကလည်း နိုင်ငံတော် ဗဟိုရွေးကောက်ပွဲကော်မရှင်ထံကို ၂၄နာရီအတွင်း အရောက်ပေးပို့ဖို့နဲ့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်လည်း တပြည်လုံး ဆန္ဒမဲရလဒ်ကို လက်ခံရရှိချိန် (၂၄နာရီ အတွင်း လက်ခံရရှိ) ကနေ ၄၈ နာရီအတွင်းမှာ ကြေညာ ပေးဖို့ ဥပဒေမှာ တိတိကျကျ အခိုင်အမာ ပြဌာန်းထား ပါတယ် ။
၇။ နအဖ က တော့ မကာကွယ်တဲ့အပြင် ထောင် ဒဏ် ၃ နှစ်ဆိုတာနဲ့ ခြိမ်းခြောက် ထားပါသေး တယ်။ မဲပေးခွင့်အား ကာကွယ်စောင့်ရှောက်ခြင်း ဆိုတဲ့ အခန်း ကို ထည့်သွင်းပြဌာန်းထာပါတယ်။ အဲဒီမှာ မဲရုံကြီးကြပ် သူတွေရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ တွေ့လို့ရှိရင် မဲပေးသူ တွေအနေနဲ့ ၇၂ နာရီအတောအတွင်းမှာ မိမိတို့ရဲ့ မကျေနပ်ချက်တွေကို ရွေးကောက်ပွဲကော်မရှင်ထံကို စောဒကတက် တင်ပြနိုင်ခွင့်ရှိတယ်။ ကော်မရှင်က လည်း တိုင်းတန်းချက်ရပြီး ၂၄ နာရီအတွင်း အဆုံး အဖြတ်ပေးရတယ်။ ဒါကိုမကျေနပ်သေးဘူးဆိုရင် ဒေသ ကော်မရှင်တရားရုံးမှာ အသနားခံစာ ထပ်တင်နိုင်ပြီး အဲဒီတရားရုံးက ၄၈ နာရီအတွင်း အဆုံးအဖြတ်ပေးရ မယ်။ ဆိုတဲ့ ပုဒ်မကို ထည့်သွင်းပြဌာန်းပြီး မဲရုံမှူးတွေ မညစ်နိုင်အောင် ဥပဒေနဲ့ အခိုင်အမာ အတိအကျ ပြဌာန်းကာကွယ်ပေးထားပါသေးတယ်။
၈။ ဒါမျိုး လုပ်တယ်ဆိုတာ မဆလ ခေတ်တုန်းက လည်း မတွေ့ရဘူး။ အခု နအဖ ကလည်း ဒါမျိုး လုပ်ပေးတယ်လို့ မကြားရပါဘူး။
တကယ်တော့ လူမျိုးပေါင်းစုံနေထိုင်တဲ့ ကျနော်တို့လို နိုင်ငံမှာ ပိုလို့တောင် ဂရုတစိုက် လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။
အခြေခံဥပဒေမူကြမ်းစာအုပ်ကို သက်ဆိုင်ရာနိုင်ငံရဲ့ ရုံး သုံးဘာသာစကားအပြင်၊ အခြားလူမျိုးကွဲရှိရင်လည်း အခြား ဘာသာစကားတွေနဲ့လည်း ရိုက်နှိပ်ဖြန့်ချိပါ တယ်။ ဥပမာ ကွန်ဂိုမှာ ရုံးသုံးဖြစ်တဲ့ ပြင်သစ် ဘာသာ စကားအပြင် အခြား အာဖရိက တိုင်းရင်းသား ဘာသာ စကား ၄ မျိုးနဲ့လည်း ပုံနှိပ်ဖြန့်ချိပါတယ်။
၉။ နအဖ ဆန္ဒခံယူပွဲမှာ အဓိကနဲ့အရေးကြီးဆုံး က အခြေခံဥပဒေမူကြမ်းကို ဘယ်လိုအတည်ပြုမှာ လဲဆိုတဲ့အချက် ထည့်သွင်းမထားတာပါ ပဲ။
ဆိုလိုတာက ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ထက်ဝက် ကျော်နဲ့ အတည်ပြုမှာလား၊ ဒါမှမဟုတ် မဲ လာ ပေးသူရဲ့ထက်ဝက်ကျော်နဲ့ အတည်ပြုမှာလား ဆိုတာကို တိတိကျကျ ရှင်းရှင်းလင်းလင်း ထည့် သွင်းရေးဆွဲမထားပါဘူး။
နိုင်ငံတကာမှာဆို တချို့က မဲပေးခွင့်ရှိသူရဲ့ ၆၀% ၊ တချို့ က ၅၀% နဲ့ အတည်ပြုမယ်ဆိုတာ တိတိကျကျ ထည့်သွင်း ရေးဆွဲထားပါတယ်။

Read More...

အောင်ဆန်းမျိုးဆက်ကြေညာချက် အမှတ် (၂)


CLick Here Full Srceen

Read More...

Friday, March 7, 2008

လူထုဆန္ဒပြပွဲများကို နှိမ်နင်းချေမှုန်းရန်အတွက် နအဖ ၏ စီစဉ်ဆောင်ရွက်နေမှုများ

လူထုဆန္ဒပြပွဲများကို နှိမ်နင်းချေမှုန်းရန်အတွက် နအဖ ၏ စီစဉ်ဆောင်ရွက်နေမှုများ

လက်ရှိအခြေအနေတွင် ဆန္ဒပြမှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ အချိန်မရွေး ပြန်လည်ဖြစ်ပွားလာနိုင်သည် ဟု နအဖ က သုံးသပ်ပြီး ဖြစ်ပေါ်လာမည့် လူထုဆန္ဒပြပွဲများကို နှိမ်နှင်းချေမှုန်းရန်အတွက် တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် အကျဉ်းဦးစီးဌာနများအား အသင့်ပြင်ဆင်ထားရှိရန် ညွှန်ကြားချက်များထုတ်ပြန်နေပြီး အောက်ပါ အခိုင်အမာပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက်လျှက်ရှိသည်။

၁။ လုံထိန်းရဲတပ်ရင်းများအပါအ၀င် ပြည်နယ်၊ တိုင်း အသီးသီးရှိ ရဲတပ်ဖွဲ့ အားလုံးကို အသင့်ပြင်ဆင် စုဖွဲ့ထားရှိ ရန်နှင့် အကြမ်းဖက်နှိမ်နင်းရေးသင်တန်းများကို သက်ဆိုင်ရာ နယ်မြေခံတပ်များနှင့် ပူးတွဲလေ့ကျင့် ထားကြရန် ကက/ကြည်း က ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

၂။ ၂၀၀၇ ခုနှစ် စက်တင်ဘာ (၆) ရက်နေ့ည သန်းခေါင်ယံအချိန်မှစ၍ သတ်မှတ်ထားခဲ့သော အရေးပေါ်ကာလ ကို ယခုအချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်းမရှိဘဲ အရေးပေါ်ကာလအဖြစ် ဆက်လက်မှတ်ယူပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံထိန်း ရဲတပ်ရင်းများအားလုံး၊ နိုင်ငံတော် အရံအင်အားစုအားလုံး၊ တိုက်ပွဲဝင် အသင့်အနေအထား စုဖွဲ့ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။

၃။ လုံထိန်းရဲတပ်ရင်းတခုလျှင် စစ်ထွက်အင်အား (၃၀၀)ကျော်ခန့်သာ ရှိနေခဲ့ရာမှ (၅၀၀)အထိ ရှိလာစေရန် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ရုံးများမှ အင်အားတချို့ကို ထုတ်နှုတ်ပေးပို့၍ တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ သည်။

၎။ လုံထိန်းရဲတပ်ရင်းများ၏ နောက်တန်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၏ မှီခိုသူ ရဲမေများပါဝင်သော လုံခြုံ ရေးတပ်စု၊ အရန်လုံခြုံရေးတပ်စုနှင့် အုပ်ချုပ်ထောက်ပံ့မှု အကူတပ်စုများကိုလည်း ဖွဲ့စည်းလေ့ကျင့်လျက်ရှိသည်။

၅။ လုံထိန်းရဲတပ်ရင်းများအား ထုတ်ပေးထားသော ၁၂ ဘို့ ဂရင်နာ အမျိုးအစား အဓိကရုဏ်းနှိမ်နင်းရေး ပြောင်း ချောသေနတ်များကို ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ထပ်မံတပ်ဆင်ပေးခြင်း၊ ထုတ်ပေးထားသော (၄၀)မမ ဗုံးပစ် သေနတ်နှင့် (၃၇/၃၈) မမ ဓါတ်ငွေ့ဗုံးပစ်သေနတ်များ (37 & 38 MM Shell Guns)ကို ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်ထပ်မံတပ်ဆင်ပေးခြင်း၊ ယခင်ထုတ်ပေးထားသည့် မီးခိုးဖြူလက်ပစ်ဗုံး အလုံး (၅၄၀) အပြင်ယခု ဖေဖော် ၀ါရီ (၁၅)ရက်နေ့တွင် တပြည်လုံးရှိ လုံထိန်းရဲတပ်ရင်း (၁၆)ရင်းနှင့် ပြည်နယ်နှင့်တိုင်း ရဲတပ်ဖွဲ့များသို့ အဆိုပါ လက်ပစ်ဗုံး အမျိုးအစား အလုံးရေ (၁)သိန်းကို ဒုတိယအကြိမ်အဖြစ် ထပ်မံအားဖြည့် ထုတ်ပေးခဲ့သည်။

ဇန်န၀ါရီလ(၂၉) ရက်နေ့တွင် လုံထိန်းရဲတပ်ရင်းများကို ဒုတိယအကြိမ်အဖြစ် ၁၂ ဘို့ ရာဘာကျည်ဆံ တသိန်းခွဲ ကို ထပ်မံထုတ်ပေးခဲ့သည်။

လုံထိန်းရဲတပ်ရင်းများတွင် တပ်ဆင်ပေးထားသော ဒဿမ(၃၀၃) ရိုင်ဖယ်သေနတ်များ၊ M-16/ M-21ESifh နှင့် ဒဿမ ၃၀ ကာဘိုင်သေနတ်များတွင် တပ်ဆင်ရန်အတွက် လှံစွပ်များကိုလည်း ထပ်မံထုတ်ပေးခဲ့သည်။ လုံထိန်းရဲတပ်ရင်းများနှင့် ပြည်နယ်/တိုင်း တပ်ရင်းတပ်ဖွဲ့များနှင့် ရဲသင်တန်းကျောင်းများသို့ ပေးပို့ထားသော တုတ် (တို-ရှည်)၊ ဒိုင်း၊ လေးခွ၊ လောက်စာလုံး၊ ဂျင်ကလိ (အလုံး၊ အပြား)၊ လည်စည်း၊ ရေဗူး၊ လက်နှိပ်ဓါတ်မီး၊ သံဆူးကြိုးခွေ၊ ဘယ်ရီဂိတ်၊ လိုင်းဘယ်ရီကြိုး၊ လက်ကိုင်ကျင်စက်၊ ထမ်းစင်၊ လက်ကိုင်အသံချဲ့စက်၊ လော်စပီ ကာ၊ ကင်မရာ၊ ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီ၊ ဓါတ်ငွေ့ကာမျက်နှာဖုံး၊ စစ်သုံးမှန်ပြောင်း၊လမ်းလျှောက်စကား ပြောစက်၊ ဆက်သွယ်ရေးစက်၊ မော်တော်ယာဉ်နှင့် လက်နက်ခဲယမ်း ကြီးကြပ်ကန့်သတ်ပစ္စည်းများကိုလည်း လိုအပ်လျှင် ထပ်မံဖြည့်တင်းပေးနိုင်ရန်၊ အဆိုပါပစ္စည်းစာရင်းကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့နောက်ဆုံးထား၍ တင်ပြရန်လည်း ညွှန်ကြားထားသည်။

လုံထိန်းရဲတပ်ရင်းအားလုံးကို စစ်ရေးပြ(၉)မျိုး၊ အဓိကရုဏ်းနှိမ်နင်းတားဆီးရေးသင်ခန်းစာနှင့် လက်နက်ငယ် သင်ခန်းစာများကိုလည်း နေ့စဉ်လေ့ကျင့်နေရန် ညွှန်ကြားထားသည့်အပြင် ရန်ကုန်တိုင်းအတွင်းရှိ ရဲများကို ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့မှစ၍ (Red Hat) ဟု အမည်ပေးထားသော အဓိကရုဏ်းတားဆီးနှိမ်နင်းရေး အထူး သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

၆။ လုံထိန်းရဲတပ်ရင်းများမှ ရဲမေနှင့် မှီခိုများ၏ စားဝတ်နေရေး ဖူလုံမှုအတွက်လည်း သက်ဆိုင်ရာ ဒေသအာဏာ ပိုင်များ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်တွင်းဆူပူအုံကြွမှုများနှင့် ပြည်ပကျူးကျော်မှုများကို ရင်ဆိုင်ရန်အတွက်လည်း လုံထိန်းရဲတပ်ရင်းအသီးသီးတွင် ဆန်အိတ် (၁၀၀၀)စီ အရန်သိုလှောင်ထားရန်လည်း ညွှန်ကြားထားသည်။

၇။ မိမိတို့နယ်မြေအတွင်းရှိ အချက်အခြာမြေနှင့် စစ်ဗျူဟာအရေးကြီးမြေများကို ကြိုတင်ရွေးချယ်သတ်မှတ်ထား ရန်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများတွင် ရဲတပ်ဖွဲ့ဝင် အင်အား (၅၀)ဦးစီနှင့်အတူ စွမ်းအားရှင်များနှင့် NGO အဖွဲ့ အစည်းများမှ မိတ်ဖက်အင်အားစုများကို အသင့်စုစည်းနေရာယူထားရန် ညွှန်ကြားထားပြီး အချက်အခြာမြေတွင် ချထားရမည့် လူအင်အား၊ လက်နက်အင်အား အပါအ၀င် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက် မည့် အစီအမံ၊ စစ်ဗျူဟာအရေးကြီးမြေအား စောင့်ကြည့်ထိန်းချုပ်ထားနိုင်မည့် အစီအမံနှင့် ကြိုတင်သတင်းရယူ မည့် အစီအမံ၊ အမာခံစွမ်းအားရှင်များကို အသုံးပြုမည့် အစီအမံတို့ကို တင်ပြရန်လည်း ညွှန်ကြားထားသည်။

၈။ ၂၀၁၀ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သတ်မှတ်ဖွဲ့စည်းပုံအင်အားပြည့်မီအောင် ဆောင်ရွက်ထားရန် ကက/ကြည်းက ညွှန်ကြားခဲ့သဖြင့် ဇန်န၀ါရီလ (၁) ရက်နေ့မှစပြီး “မင်းသားစီမံချက်-အဆင့်(၂)” ဖြင့် လူသစ် စု ဆောင်းမှုများကို အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ တလလျှင် ရဲတပ်သားသစ် (၁၀၀၀) အထိ စုဆောင်း ရရှိနိုင်ရေးအတွက် ရဲမှူးကြီးတဦးစီ ဦးဆောင်သော ရဲတပ်သားသစ်စုဆောင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး အစိုးရ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများအထိ သွားရောက်ဟောပြောစည်းရုံးကြရန် ညွှန်ကြား ထားသည်။

၉။ ဆူပူအုံကြွမှုများဖြစ်ပေါ်လာပါက နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထောင်ချထားရန်အတွက် တပြည်လုံးရှိ အကျဉ်းထောင်(၃၉)ခုတွင် စံပြုအဆောင်သစ်များဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ စံပြုအဆောင် များတွင် သီးသန့်အဆင့်နှင့် သာမန်သီးသန့်အဆင့် နိုင်ငံရေးအကျဉ်းသားများကို ထားရှိမည်ဖြစ်ပြီး တဦးနှင့်တဦး မမြင်၊ မတွေ့၊ မဆက်သွယ်နိုင်အောင် ပုံစံထုတ်ထားသော အခန်းငယ်များပါဝင်မည်ဟုသိရသည်။ အကျဉ်းထောင် များ၏ လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်းများ တိုးချဲ့ခန့်အပ်ခြင်း၊ အကျဉ်းထောင်များအနီးရှိ လူနေအိမ်များကို ပြောင်းရွှေ့ဖယ်ရှားပစ်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိသည်။

၁၀။ စွမ်းအားရှင်အမည်ခံ ကြေးစားအကြမ်းဖက်သမားများကိုလည်း အကြမ်းဖက်သင်တန်းများ၊ အဖျက်အမှောင့် သင်တန်းများနှင့် အဓိကရုဏ်းနှိမ်နင်းရေးသင်တန်းများ ပို့ချပေးလျက်ရှိသည်။ ကက/ကြည်း၏ ညွှန်ကြားချက် အရ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှစ၍ စစ်တိုင်းနယ်မြေအလိုက် နယ်မြေခံတပ်များမှ ထုတ်နှုတ်အင်အား တချို့နှင့် ခရိုင်အသီးသီးမှ စွမ်းအားရှင်ဆိုသူများကို လုံထိန်းရဲတပ်ရင်းများက အဓိကရုဏ်း နှိမ်နင်းရေးသင်တန်း များ ပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းများတွင် အကြမ်းဖက်၍ လူစုခွဲသည့်နည်းလမ်းများအပြင် လက်ရှိပြည်တွင်း ပြည်ပ နိုင်ငံရေးအခြေအနေများနှင့် နအဖ၏ ရှေ့ဆက်သွားရမည့် နိုင်ငံရေးလုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းပို့ ချပေးခဲ့သည်။ အမာခံစွမ်းအားရှင်များကို မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းနှင့်ပြည်နယ်အလိုက် စုစည်းလေ့ ကျင့်ပေးထားပြီး လိုအပ်သလိုအသုံးချရန် အသင့်ပြင်ဆင်ထားသည်။

၁၁။ နအဖသည် အင်အား(၂၄)သန်းအထိ ရှိပြီးဖြစ်သည်ဆိုသော ၄င်းတို့၏ ကြံ့ဖွံ့အဖွဲ့ကို တပြည်လုံးတွင် ဆက် လက် တိုးချဲ့ဖွဲ့စည်းလျက်ရှိသည်။ လက်နက်ကိုင်တပ်ဖွဲ့များအပါအ၀င် အစိုးရ၀န်ထမ်းအားလုံးနှင့် ၄င်းတို့၏ မိသားစုဝင်များ၊ မှီခိုသူများကိုပါ အဖွဲ့ဝင်အဖြစ်လျှောက်ထားရန် အတင်းအကျပ် ခိုင်းစေလျက်ရှိသည်။ အခြေခံ ပညာ အလယ်တန်းအဆင့်များမှစ၍ ကျောင်းသားကျောင်းသူများကိုလည်း ကြံ့ဖွံ့အဖွဲ့သို့ဝင်ရန် နည်းမျိုးစုံဖြင့် ဖိ အားပေးလျက်ရှိသည်။ မြို့နယ်အသီးသီးတွင် ကြံ့ဖွံ့ အခြေခံစည်းရုံးရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

၁၂။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ရုံးတွင် ဇန်န၀ါရီလ(၃)ရက်နေ့က ပြုလုပ်ခဲ့သော ကြံ့ဖွံ့ အစည်းအဝေး၌ အနောက်ပိုင်းခရိုင် ခယက ဥက္ကဌ ဦးသန်းအောင်က “၂၀၀၇ စက်တင်္ဘာအရေးအခင်း၌ တပ်မတော်က ရှေ့မှ ဦးဆောင်နှိမ်နင်းခဲ့ရသဖြင့် နာမည်ပျက်ခဲ့ရကြောင်း၊ နောက်တကြိမ် အရေးအခင်းများ ထပ်မံဖြစ်ပွားလာလျှင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ဦးဆောင်၍ လူထုအသွင်ဖြင့် ဖြေရှင်းရန်စီစဉ်ထားကြောင်း၊ ထိုကိစ္စအတွက် စွမ်းအားရှင်များကို မွေးမြူလေ့ကျင့်ပေးထားပြီးဖြစ်ကြောင်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ၏ နောက် ကွယ်တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်က အသင့်ရှိနေမည်ဖြစ်ကြောင်း၊ အရေးအခင်းဖြစ်ပွားလျှင် ရဟန်းသံဃာများ ကို ကျောင်းအပြင်မထွက်ရန် ကြိုတင်အသိပေးထားမည်ဖြစ်ရာ လမ်းပေါ်၌တွေ့သည့် ရဟန်းသံဃာမှန်သမျှ အတု အယောင်များသာဖြစ်၍ အားလုံးကိုရှင်းလင်းဖယ်ရှားပစ်ရမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့နှင့်စွမ်းအားရှင်များ၏ လုံခြုံရေး အတွက် နိုင်ငံတော်က အပြည့်အ၀ တာဝန်ယူပေးမည်ဖြစ်၍ မိမိတို့အား ခြိမ်းခြောက်နှောက်ယှက်သူများရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အသိပေးတိုင်ကြားစေလိုကြောင်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များကလည်း နိုင်ငံတော်က ပေးအပ်သည့်တာဝန်ကို ရဲရဲရင့်ရင့် ကျေကျေပွန်ပွန် ထမ်းဆောင်ကြစေလိုကြောင်း” ထည့်သွင်းမှာကြားသွားခဲ့ သည်။

၁၃။ နအဖက လာမည့်မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပပြုလုပ်ပြီး ၂၀၁၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးမည်ဟု ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ကြေငြာခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီ လ (၁၂) ရက်နေ့မှစ၍ ကြံ့ဖွံ့အဖွဲ့ဝင်များက တပြည်လုံးတွင် မဲဆန္ဒရှင်စာရင်းများကို လိုက်လံကောက်ခံပြုစု လျက်ရှိသည်။ မဲဆန္ဒရှင်စာရင်းကောက်ခံရင်း ကြံ့ဖွံ့အဖွဲ့သို့ဝင်ရောက်ကြရန်နှင့် နိုင်ငံတော်လမ်းပြမြေပုံပါ နိုင်ငံ ရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ၀ိုင်းဝန်းကူညီကြရန် စည်းရုံးလှုံ့ဆော်လျက်ရှိသည်။ အတိုက်အခံ နိုင်ငံရေးပါတီဝင်များ၏ အင်အားစာရင်းများကိုလည်း လျှို့ဝှက်၍ တပါတည်းပြုစုလျက်ရှိကြသည်။ ထိုလှုပ်ရှားမှု ကို မတ်လ(၃၁)ရက်နေ့အထိ ပြုလုပ်ရန် စီစဉ်ထားသည်။

၁၄။ ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် (၁၅)မြို့နယ်မှ ကြံ့ဖွံ့ အင်အား (၂၀၀၀) ကျော်တက်ရောက်သည့် အစည်းအဝေးသို့ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ မြို့တော်ဝန် ဗိုလ်မှူး ချုပ် အောင်သိန်းလင်းနှင့် ရန်ကုန်တိုင်း ကြံ့ဖွံ့ တွဲဘက်အတွင်းရေးမှူး ဦးသာဝင်းတို့ကိုယ်တိုင် တက်ရောက်ကာ နအဖက ရေးဆွဲပြုစုထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို ပြည်သူလူထုက ထောက်ခံလာစေရန် ကြံ့ဖွံ့အဖွဲ့ဝင်များကိုယ်တိုင် ခေါင်းစဉ်များအလိုက် လူထုကိုချပြစည်းရုံးမှုများ စတင်ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။ အခြေခံဥပဒေမူကြမ်းအပေါ်NLDနှင့် အတိုက်အခံများ၏ နှောက်ယှက်ပြောဆိုမှုများကို ပြည်သူလူထုက နားမ၀င် အောင် စည်းရုံးကြရန်လည်း မှာကြားခဲ့သည်။

၁၅။ နအဖ၏ ၁/၂၀၀၈ နှင့် ၂/၂၀၀၈ ကြေငြာချက်များကို ကြိုဆိုထောက်ခံကြောင်း ပြသရန်အတွက် ကြံ့ဖွံ့ ဦးဆောင်သည့် လူထုစုဝေးပွဲကြီးများကို မတ်လအတွင်း တပြည်လုံး၌ကျင်းပပြုလုပ်ရန်လည်း နအဖက ညွှန်ကြား ထားသည်။

၁၆။ ကြံ့ဖွံ့အဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးအသွင်ဆောင်သောအသင်းအဖွဲ့အဖြစ် ကူးပြောင်းပြီး ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၏ အထွေထွေအတွင်း ရေးမှူး ဦးခင်မောင်ကြီးက ဂျာမန် (DPA) သတင်းဌာနကို ပြောဆိုခဲ့သည်။ ကြံ့ဖွံ့အဖွဲ့သည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ပြည်သူလူထုက လေးစားနိုင်သူများနှင့် ချမ်းသာကြွယ်ဝပြီး ဒေသခံလူထုအပေါ် သြဇာ ရှိသူများကို ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်လာအောင် ချဉ်းကပ်စည်းရုံးလျက်ရှိသည်။



Read More...

စစ်အစိုးရရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်သူအားလုံးက တခဲနက်ဆန့်ကျင်ကြ!

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ကြေညာချက် - ၉/ ၀၃/ ၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် - ၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၀၈ ခုနှစ်၊ မတ်လ (၅) ရက်
၁၃၆၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃) ရက်

ကြေညာချက် - ၉/ ၀၃/ ၀၈

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ယခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သည် ၁၉၈၉ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ဥပဒေအမှတ် - ၁၄/ ၈၉ ဖြစ်သော ”ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ” ကိုပြဌာန်းခဲ့သည်။ ဤဥပဒေ ပုဒ်မ -၃တွင်၊
”လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စား လှယ်များဖြင့်ဖွဲ့စည်းရမည်။”
ဟူ၍ ပြဌာန်းထားပါသည်။

ထို့နောက် ယင်းပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့်အညီ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ယခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သည် ၁၉၉၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကလည်း ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ - ၄၁၊ ပုဒ်မခွဲ (ဂ) နှင့်အညီ မြန်မာ နိုင်ငံပြန်တမ်းတွင် ”ရွေးကောက်တင်မြှောက်ခြင်းခံရသောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်” အဖြစ်တရားဝင် ထည့်သွင်းကြေညာခဲ့ပြီးဖြစ်ပါသည်။ သို့ကြောင့် ရွေးကောက်တင်မြှောက်ခြင်းခံကြရသော ကိုယ်စားလှယ်များ သည် တရားဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြပါသည်။

တဖန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ယခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) သည် ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် ကြေညာချက်အမှတ် - ၁/ ၉၀ ကို ထုတ်ပြန်ခဲ့ပါ သည်။ ယင်းကြေညာချက် အပိုဒ် -၁၂ တွင်၊
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၃ တွင်” လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီရွေး ကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟူ၍ ပြဌာန်းပါရှိသည်။ ယင်း ပြဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆောင် ရွက်ပေးမည်။

ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပိုမိုခိုင်မာစေရန် ရည်ညွှန်းပြီး ဖော်ပြထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် အာဏာပိုင်တို့သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ - ၃ နှင့် ကြေညာချက် - ၁/ ၉၀ အပိုဒ် - ၁၂ တို့နှင့်အညီ ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် မလွဲမသွေခေါ်ယူ ဖွဲ့စည်းပေးရမည့် တာဝန်ရှိပါသည်။

ထို့ကြောင့် ပြည်သူလူထုက လုပ်ပိုင်ခွင့်အာဏ (mandate) အပ်နှင်းလိုက်သောတာဝန်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာပိုင်များအား ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးပါရန် အကြံပြုခြင်း၊ တိုက်တွန်းခြင်း၊ တောင်းဆိုခြင်းများကို အာဏာပိုင်တို့က အကြိမ်ကြိမ်အခါခါ လျစ်လျူရှုခဲ့ပါသည်။ အာဏာပိုင်တို့က ၎င်းတို့ကိုယ် တိုင်ပြဌာန်းခဲ့သည့် ”ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ” ကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ပြီး မဲဆန္ဒရှင် ပြည် သူလူထု၏ လိုလားတောင့်တနေသောဆန္ဒ မျက်ကွယ်ပြု၍ ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးခဲ့ခြင်းမရှိပါ။

သို့ပါ၍ ”ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရ”၊ ”ဥပဒေ၏အထက်တွင် မည်သူမျှမရှိစေရ” နှင့် ”ဥပဒေ အရာတွင် အားလုံးအညီအမျှဖြစ်ရမည်” ဟူသောမူများနှင့်အညီ တရားဥပဒေစိုးမိုးရေးအတွက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဌက ဤရွေးကောက်ပွဲရလဒ်သည် တနိုင်ငံလုံး၊ တပြည်လုံးနှင့် သက်ဆိုင်သောကိစ္စဖြစ်သော ကြောင့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့တရားရုံးချုပ်သို့သွားရောက်၍ အာဏာပိုင်များ အား ”၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပုဒ်မ - ၅ (က)(ဇ) နှင့် (ည)” တို့အရ ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲဥပဒေ ပုဒ်မ - ၃ ပါ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည့်တာဝန်များကို ဆောင်ရွက်ရန်ပျက်ကွက်လျက်ရှိ သောကြောင့် ၁၈၇၇ ခုနှစ် သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ - ၅၅ အရ ယင်းတာဝန်များကို ဆက်လက်ပျက်ကွက် ချိုးဖောက်ခြင်မပြုရန်နှင့် ယင်းဥပဒေများပါ တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်စေရန် အမိန့်၊ ပညတ်ချက်ဒီကရီ ကို ထုတ်ဆင့်ပေးပါရန်အပြင် အခြားရရှိခွင့်ရှိသော သက်သာခွင့်များကိုလည်း ချမှတ်ပေးပါမည့်အကြောင်း” တရားစွဲဆိုခဲ့ပါသည်။ ယင်းတရားစွဲဆိုလွှာကို တရားရုံးချုပ်က လက်မခံခဲ့ကြောင်း ကြေညာလိုက်သည်။

၎ - ၃- ၀၈ နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့

Read More...

Wednesday, March 5, 2008

"ငါတို့ကန့်ကွက်မဲပေးရမယ်"

"ငါတို့ကန့်ကွက်မဲပေးရမယ်"

ဗုဒ္ဓရဲ့ ဓမ္မစက်
အာဏာစက်နဲ့ဖျက်မယ်လို့
ကမ္ဘာသိစော်ကားခဲ့ပြီး
ဗုဒ္ဓသားတော်သံဃာတော်တွေကိုသတ်
ကျောင်းသားသူငယ်တွေကိုသတ်
တတ်သိပညာရှင်မှန်ရင် အပြတ်ရှင်း
တိုင်းပြည်ကိုငတ်အောင်လုပ်ထား
ဒီစစ်သားတွေက….။

ခေါင်ထိပ်တမတ်သား
စစ်တပ်ကယူထားပြီး
တကျပ်လုံးထိန်းချုပ်ဖို့
ဖွဲ့စည်းအုပ်ချုပ်ပုံ
စစ်ဥပဒေယုတ်နဲ့
တိုင်းပြည်ကိုလောင်မီးကျနေအောင်ဆက်လုပ်ဖို့
ပြည်သူ့ဆန္ဒခံယူပွဲလုပ်မတဲ့…..။

ဒီဆန္ဒခံယူပွဲ မဲရုံသွားပြီး
ထောက်ခံမဲပေးမိတယ်ဆိုရင်
မိမိအသက်ထွက်သွားပြီးမှ
မိမိဝိဉာဉ်က မိမိခန္ဓာကိုယ်ကိုပြန်ပြီး
အသုဘလိုက်ပို့ရမယ့်အလုပ်
မိမိကိုယ်တိုင်လုပ်လိုက်သလိုဖြစ်နေမယ်။

အဲဒါကြောင့်…..
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ငါတို့ကန့်ကွက်မဲပေးရမယ်။ ။

ဟိန်းနိုင်၊ မန္တလေး
၃၊ ၃၊ ၂၀၀၈
Burma Digest မှ ကူးယူဖော်ပြသည်။


Read More...

အပေါ်သို့