Wednesday, May 18, 2011

ရန်ကုန်-မန္တလေးရထား ဗုံးကွဲ ၂ ဦးသေ

မေလ ၁၈ ရက် ၂၀၁၁ ခုနှစ်

ရန်ကုန်မှ မန္တလေးသို့ သွားသော စာပို့ရထားတစီးပေါ်၌ ဗုဒ္ဓဟူးနေ့ ညနေတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားသည်ဟု မျက်မြင်သက်သေ များကပြောသည်။

အမှတ် ၃ အဆန် ရထားသည် မန္တလေးတိုင်း ပျဉ်းမနားခရိုင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရွှေမြို့နှင့် ဆင်သေဘူတာအနီးတွင် ရိုးရိုးတန်းခရီးသည်တွဲ၌ ညနေ ၄ နာရီခန့်က ပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး ဒဏ်ရာရသူ ၇ ဦးကို တပ်ကုန်းမြို့ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ဆိုသည်။

“ဝုန်းဆိုတဲ့ အသံကျယ်ကြီး၊ မီးရထားသံ ဆူညံနေတာတောင် ဖုံးသွားတယ်။ ဒဏ်ရာရ တဲ့သူတွေလည်း အခြေအနေ တော်တော်ဆိုးတယ်" ဟု ရထားပေါ်တွင် လိုက်ပါသွား ခဲ့သူ ခရီးသည် ကိုဇာနည်က မဇ္ဈိမကို ပြောသည်။

ချိန်ကိုက်ဗုံး အမျိုအစားဖြစ်ပြီး နေပြည်တော်ဘူတာတွင် ပေါက်ကွဲရန် စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်းနှင့် အချိန်လွဲချော်မှုကြောင့် နေပြည်တော်ကျော်လွန်ပြီးမှ ပေါက်ကွဲခြင်းဖြစ် နိုင်ကြောင်း ရထားလုံခြုံရေးများက ခန့်မှန်းပြောဆိုကြသည်ဟု မဇ္ဈိမက ဆက်သွယ် ရရှိ သော ခရီးသည်များက ပြောသည်။

နေပြည်တော် ဘူတာရုံ တာဝန်ရှိသူများကလည်း ဗုံးပေါက်ကွဲမှုအကြောင်း အတည်ပြု ပြောကြားသော်လည်း အသေးစိတ် ဖြေဆိုရန် ငြင်းဆန်သည်။

Ref;Mizzima

0 comments:

အပေါ်သို့