Monday, May 16, 2011

ကမ္ဘောဒီးယား ကျောင်းဆရာ ပြဿနာများကို ဆရာသမဂ္ဂ ဖော်ထုတ်

15 May 2011

လွတ်လပ်သော ကမ္ဘောဒီးယား ကျောင်းဆရာများ အစည်းအရုံးက ကျောင်းဆရာများ ကြုံတွေ့နေ ရသည့် လုပ်ငန်းခွင် စိန်ခေါ် နေမှုများနှင့် သမဂ္ဂတွင်း လှုပ်ရှားမှု အခက်အခဲဆိုင်ရာ စစ်တမ်း တစ်စောင် ကို ထုတ်ဝေလိုက်သည်။

မတ်လအတွင်း ပြည်နယ် ၁၇ ခုတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ ရရှိသည့် ဒေတာများကို SPSS ဆော့ဖ်ဝဲကို အသုံးပြုပြီး စစ်ဆေးခဲ့ကြသည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ကျောင်းဆရာ များ ပါဝင်ခွင့်ရရှိမှု၊ ပညာရေး မူဝါဒများကို ကျောင်းဆရာများက သိရှိနားလည်မှုနှင့် ပညာရေး အရည်အသွေးတိုးတက် ကောင်းမွန်စေရန်အတွက် ကျောင်းဆရာများကိုယ်တိုင် မည်သို့ ပါဝင် ဆောင်ရွက် နိုင်မှု တို့ကို သုတေသီများက လေ့လာခဲ့ကြသည်။

အစည်းအရုံး ဥက္ကဌ ရန်ချွမ်က ရလဒ်များကို ကြေညာပြောဆိုရာတွင် “ကမ္ဘောဒီးယား တစ်နိုင်ငံ လုံးက ကျောင်းဆရာ ၇၀၀ လောက် ဒီလေ့လာမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ကျောင်းဆရာများ ရင်ဆိုင် နေရတဲ့ ပြဿနာ အကြီးဆုံး ၃ ခုကတော့ (၁) လစာဝင်ငွေ နိမ့်ပါးလွန်းခြင်း၊ (၂) အဂတိ တရား လိုက်စားမှု နဲ့ (၃) သင်တန်းများ၊ သင်ထောက်ကူများ မရရှိခြင်းတို့ပဲဖြစ်တယ်လို့ သိရှိရပါတယ်။”

လွတ်လပ်သော ကျောင်းဆရာအစည်းအရုံးမှ ဤရလဒ်များကို ပညာရေး ၀န်ကြီးဌာနကို တင်ပြ သွားမည် ဖြစ်သည်။ “ပညာရေး အရည်အသွေး တိုးတက် ကောင်းမွန်စေဖို့အတွက် ကျွန်တော် တို့ ပူးပေါင်း ဆောင်ရွက်ကြဖို့ရာ တိုက်တွန်း သွားမှာလည်းဖြစ်ပါ တယ်။” သမဂ္ဂဥက္ကဌက ပြောပြ ခဲ့သည်။

နိုင်ငံတကာ ပညာရေး သမဂ္ဂများ အဖွဲ့ချုပ် EI ၏ အဖွဲ့ဝင်ဖြစ်သော ကမ္ဘောဒီးယား ဆရာ အစည်းအရုံးက ဆရာများကြုံတွေ့ နေရ သည့် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ ကိုလည်း ရှင်းပြထားသည်။ ဆရာလစာများ တိုးမြှင့်ရေးကိစ္စနှင့် ဆရာများနှင့် ရပ်ရွာလူ့အဖွဲ့ အစည်းများ၏ ကျောင်း စီမံခန့်ခွဲရေးတွင် ပါဝင်ဆောင်နိုင်ပုံတို့ ပါဝင်သည်။

နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းကြီး EI က ကမ္ဘောဒီးယား အာဏာပိုင်များအနေဖြင့် မူဝါဒများ ချမှတ်ရာတွင် ကျောင်းဆရာ သမဂ္ဂအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။

Ref;Maukkha

0 comments:

အပေါ်သို့