Monday, May 16, 2011

ပုဂ္ဂလိက ကျောင်းအချို့တွင် သင်ရိုးပုံစံပြောင်းသင်မည်

16 May 2011

အစိုးရ ကျောင်းသင်ရိုး ညွှန်းတမ်းများကို အထောက်အကူ ဖြစ်စေသည့် သင်ရိုးပုံစံကို ပုဂ္ဂလိ ကကျောင်း အချို့တွင် ပြောင်းလဲ သင်ကြားလာကြောင်း သိရှိရသည်။

အစိုးရကျောင်းများတွင် ပြဋ္ဌာန်းသင်ကြားသည့် အတန်းအသီးသီးတွင် ပါဝင်သော ဘာသာရပ်များကို ပုဂ္ဂလိကကျောင်းများက ပြန်လည်ရေးဆွဲထားသည်။ သင်ရိုးပုံစံရေးဆွဲရာ ပြည်ပသင်ရိုး ညွှန်းတမ်းများ နှင့် မြန်မာနိုင်ငံအစိုးရ သင်ရိုးညွှန်းတမ်း များဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ရေးဆွဲထားခြင်း ဖြစ်သည်။

May International School မှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ အဓိကက အင်္ဂလိပ်၊ သိပ္ပံ၊ ပထ၀ီ၊ သင်္ချာ၊ အထွေထွေ ဗဟုသုတတို့ကို ရေးဆွဲထားပါတယ်။( ဥပမာ - ကားကို ထုတ်ရာ တွင် ဘယ်နိုင်ငံက ထုတ်တယ်၊ ဘယ်အမျိုးအစားတွေရှိတယ်၊ ကမ္ဘာကြီးရဲ့ ရာသီဥတု ပြောင်းလဲ မှု) ဒီလို သင်ခန်းစာမျိုးဆို ကျောင်းကသင်တဲ့ သင်ရိုးညွှန်းတမ်း အတိုင်းတော့ မဟုတ်ဘူး။ အဲလိုမ ဟုတ်ပေမယ့် ကျောင်းမှာ သင်နေတဲ့ ဘာသာရပ်တွေကို အားလုံး ထည့်သွင်းပေးထားတယ်။

"အဲဒီလို အစုံထည့်ပေး ထားခြင်းဖြင့် ကလေးတွေဟာ သူတို့ကျောင်းစာမှာလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိလာတယ်။ ပြီးတော့ အင်္ဂလိပ်လို သင်ယူ သင်ကြားပေးထားတဲ့အတွက် အခြားကျောင်းတွေမှာ တခြားကလေး တွေနဲ့ တွေ့တဲ့အခါ အသိချင်းက ကွာ သွားပြီ။ သူတို့ကိုယ် သူတို့ ယုံကြည်မှုလည်း ရှိနေတယ်။ တကယ် လည်း တတ်နေတယ်" ဟု ဆိုသည်။

Spectrum International School မှ တာဝန်ရှိသူ တစ်ဦးကလည်း "ကျွန်မတို့ ကလေးတွေကို အတန်းလိုက် ကျောင်းစာတွေကို အထောက်အကူ ဖြစ်ဖို့အတွက် အမြဲတန်း နိုင်ငံတကာကျောင်း တွေမှာ သင်တဲ့ သင်ရိုးညွှန်းတမ်းတွေကို ထည့်သွင်း သင်ကြား ပေးမှာပါ။ ကလေးတွေကို ကိုယ်ပိုင် ဝေဖန်ပိုင်းခြား နိုင်တဲ့စွမ်းရည်၊ ကိုယ်တိုင် ဖန်တီးနိုင်တဲ့စွမ်းရည်၊ သုတေသနပြု စူးစမ်းနိုင်တဲ့ စွမ်းရည်နဲ့ လေ့လာ သင်ယူနိုင်မှု စွမ်းရည်တွေ ဖွံ့ဖြိုးလာစေဖို့ project, role play, research နဲ့ game တွေကို ခေတ်မီ သင် ထောက်ကူ ပစ္စည်းတွေ အသုံးပြုပြီး သင်ကြားပေးမှာဖြစ်ပါတယ်" ဟု ပြောသည်။

"ကလေးတွေရဲ့ ကျောင်းသင်ခန်းစာတွေကို မြန်မာ၊ သမိုင်း၊ သင်္ချာကလွဲရင် ကျန်တဲ့ ဘာသာတွေကို အင်္ဂလိပ်လို သင်မယ်။ အလွတ် ကျက်မှတ်ခြင်းမျိုး မဟုတ်ဘဲ အားလုံး ဆက်စပ် လေ့လာသင်ယူခြင်း (Holistic Learning approach) ပုံစံတွေနဲ့ သင်ကြားပေးသွားမယ်။ ကလေးနဲ့ မိဘတွေမှာ ဖြစ်နေတဲ့ ကျောင်း၊ ကျူရှင်၊ ဂိုက်ဆိုတဲ့ ဟာတွေထဲက ကျူရှင်နဲ့ ဂိုက်ဆိုတာ မရှိဘို့အတွက် ဒါကို ရည်ရွယ်ပါတယ်"ဟု အဆိုပါ Spectrum International School မှ တာဝန်ရှိသူ ဆရာက ပြောသည်။

"မိဘတွေက စာအသစ်တွေ သင်ပြီးတော့ ကျောင်းမှာ မလိုက်နိုင်ဘဲ တစ်နေရာ တစ်မျိုး သင်ယူရမှာ ကို စိုးရိမ် နေကြတယ်လေ။ ဒီလို မဖြစ်ရအောင် အတန်းကျောင်းနဲ့ ချိတ်လိုက်ပြီးတော့ ဥပမာ ငါးတန်းဆို ငါးတန်းစာမှာပါတဲ့ တော့ခ်ပစ်တွေကို ယူလိုက်ပြီး သင်ရိုးညွှန်းတမ်းတစ်ခု ဆွဲမယ်။ အဲဒါတွေကို အင်္ဂလိပ်လိုသင်မှာပါ။ "ဥပမာ သမိုင်းတော့ သမိုင်းပေါ့။ ဒါပေမယ့် သမိုင်းမှာက ဒီလိုပဲ သင်လိုက်တာမျိုး မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ရှာပြီး ကြည့်ကြည့်မယ်။ ပြန်ပြီး presentation တွေ လုပ်မယ်။ ပြောရဲဆိုရဲ ဖြစ်လာမယ်။ အိမ်စာမပေးဘဲ ကျောင်းမှာပဲ လေ့လာ သင်ယူမှုတွေ လုပ်ဖို့၊ ကလေးတွေ စာ သင်ယူချိန်တွင် ပျော်ရွှင် လန်းဆန်းစေအောင် ခေါင်းထဲမှာ ချိတ်ဆက်ပြီး စဉ်းစား တတ်သွားအောင်၊ ငယ်ငယ်ကတည်း စဉ်းစားတတ်လာအောင် သင်ကြားပေး ဖို့လို တယ်" ဟု ထိုဆရာက ပြောပြသည်။

သင်ကြားရာတွင် ပြည်တွင်းမှ ဆရာများနှင့် အချို့မှာ ပြည်ပနိုင်ငံခြားသား ဆရာများနှင့် ပူးတွဲသင် ကြားကြပြီး ကွန်ပျူတာ၊ အထွေထွေ ဗဟုသုတ၊ ဂီတ၊ အားကစား၊ အနုပညာနှင့်လက်မှုပညာ၊ ကွင်းဆင်းလေ့လာခြင်း အပါအ၀င် အစိုးရကျောင်း သင်ခန်းစာများကို အဓိက အထောက်အကူ ပြုစေမည့် သင်ကြားရေးစနစ်ဖြင့် သင်ကြားကြကြောင်း Knowledge Villa မှ ဆရာတစ်ဦး ကလည်း ပြောသည်။

Ref;Maukkha

0 comments:

အပေါ်သို့