Wednesday, May 18, 2011

ရခိုင်နှင့် ကရင် ၃၄ ဦးမှ ၃၁ ဦး မနက်ဖြန်တွင် ကာလကတ္တား အကျဉ်းထောင်မှ လွှတ်မည်

/18/2011


အိန္ဒိယ နိုင်ငံ ကာလကတ္တားရှိ Presidential အကျဉ်းထောင်တွင် နှစ်ရှည် လများ ထိန်းသိမ်းခံနေရသူ ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦး မနက်ဖြန် (မေလ ၁၉ ရက်နေ့) တွင် လွှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

သူတို့၃၄ ဦးထဲမှ ရဲဘော် သုံးဦးမှာ အန်ဒမန်ကျွန်းရှိ ပို့ဘလေယား အကျဉ်း ထောင်တွင် အကျယ်ချုပ်ဖြင့် ရှိစဉ်က ပြဿနာ ဖြစ်ပွားခဲ့သဖြင့် ဆက်လက် စစ်ဆေးရန် ရှိနေ၍ ယခု လွှတ် မြောက်မူတွင် ပါဝင်လာမည် မဟုတ် ကြောင်း သိရသည်။

သူတို့သုံးဦးကို ပို့ဘလေယားတွင် စစ်ဆေးပြီးနောက် အမူပြီးစီးမှ လွှတ်ပေးမည် ဖြစ် ကြောင်း သိရသည်။

သူတို့လွှတ်မြောက်လာမည့် အကြောင်းကို "kyi phyo" kyiwayphy0@yahoo.com အီးမေးလ် အကောင့်မှ တခြား ၈၈ Yahoo Group သို့ပေးပို့သော စာတွင်လည်း ရေးသား ဖေါ်ပြထားသည်။

ရခိုင်နှင့် ကရင် ၃၄ ဦးမှာ ရခိုင်ပြည်တပ်မတော်မှ ဗိုလ်ရာဇာနှင့် အတူ အိန္ဒိယ ထောက် လှမ်းရေး တပ်ဖွဲ့နှင့် သဘောတူချက်အရ လန်းဖေါ့ကျွန်းတွင် စစ်စခန်း တည်ဆောက် ရန် လာစဉ် ၁၉၉၈ ခုနှစ်က ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။ ယခု ၁၃ နှစ်ကြာပြီးမှ အိန္ဒိယ ထောင်ထဲမှ လွတ်မြောက်ကြမည် ဖြစ်သည်။

Ref;Narinjara

0 comments:

အပေါ်သို့