Monday, May 9, 2011

နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး ရခိုင်တွင် လက်မှတ် ၅၀၀၀ ကျော် စုဆောင်း ရရှိ

5/9/2011
့
နိုင်ငံရေး အကျဉ်သား လွှတ်မြောက်ရေး အတွက် ရခိုင်ပြည်နယ်မှ မြို့နယ် ခုနှစ်မြို့နယ်တွင် လက်မှတ်ရေထိုးမူကို စတင်ဆောင်ရွက်နေရာ ယခုအခါ လက်မှတ်ပေါင်း ၅၀၀၀ ကျော်ရရှိပြီ ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ လက်မှတ်ရေးထိုးမူကို စစ်တွေ၊ ရသေ့တောင်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲနှင့် ဂွမြို့နယ် တွင် ပြုလုပ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အဖွဲ့ချုပ် တွဲဘက်အတွင်း ရေးမှူး ကိုသိန်းလိုင်က “ အခု လက်မှတ် ရေးထိုးတာဟာ လူပေါင်း ၅၀၀၀ ကျော် ရရှိနေပြီလို့သိရပါတယ်။ တောင်ကုတ် မှာဆိုရင် ဧပြီလ ၂၈ ရက်နေ့က စတင်တာ ဒီကနေ့ထိ လက်မှတ် ၂၀၀၀ ကျော် ရပြီလို့ သိရပါတယ်။ စစ်တွေနဲ့ ရသေ့တောင် မှာလည်း တစ်ထောင်ကျော် ရရှိနေပြီလို့ ပါတီ(စီး) ဥက္ကဌ ဦးမောင်ကြွင်း အောင်က ပြောပါ တယ်။ ရမ်းဗြဲနဲ့ မာန်အောင် မှာဆိုရင် လည်း နှစ်ထောင် ကျော် ရရှိ နေပြီး ဂွမြို့နယ်ကတော့ မသိရသေးပါဘူး” ဟု ပြောသည်။

အဆိုပါ ရရှိသော လက်မှတ်များကို ရန်ကုန်မြို့ NLD ရုံးချုပ်သို့အမြန်ဆုံး ပို့ဆောင်သွားမည် ဖြစ်ကြောင်းလည်းသူက ပြောသည်။

“ရခိုင်ပြည်သူ လူထုတွေကတော့ စိတ်ဝင်စားကြပါတယ်။ လူတိုင်းက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို လိုလားနေကြတော့ ခုလို စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်မယ် ဆိုရင် ပထမ အဆင့်အနေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို အရင်ဆုံးပြန်လွှတ်ပေးဖို့လိုတယ်ဆိုတာကို လူတိုင်း သိကြပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကျွန်တော် ပြုလုပ်နေတဲ့ လူပ်ရှားမူကို ထောက်ခံတဲ့ အနေနဲ့ လူတွေက ၀င်ရောက် လက်မှတ်ရေးထိုး ပေးကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် ခုနှစ်မြို့နယ်တွင်သာမက တခြားကျန်မြို့နယ်များတွင်လည်း ပန်ကြားလွှာတွင် လက်မှတ် များ ပိုမို ရရှိအောင် စုဆောင်းကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

ပန်ကြားလွှာကို သမ္မတ ဦးသိန်းစိန်သို့ပေးပို့သွားမည် ဖြစ်ပြီး ပန်ကြားလွှာထဲတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ သဘောထားကွဲလွဲသူ ပြည်ပရောက် မြန်မာနိုင်ငံသားများ နေရပ်ရင်းသို့ ပြန်လည်ခေါ်ယူရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး တောင်းဆို ချက်များ ပါရှိကြောင်း သိရသည်။

Ref;Narinjara

0 comments:

အပေါ်သို့