Wednesday, June 13, 2012

မြန်မာကို သွင်းကုန်ပိတ်ဆို့မှု သက်တမ်းတိုးဖို့ လွှတ်တော်မှာ အဆိုပြု

12 ဇွန် 2012
ကိုသားညွန့်ဦး

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ်၊ မြန်မာနိုင်ငံလွတ်မြောက်ရးနဲ့ ဒီမိုကရေစီဥပဒေကို နောက် တနှစ်သက်တမ်းတိုးဖို့ အထက် လွှတ် တော်အမတ် မစ်ခ်ျ၊ မက်ကောနယ်က လွှတ်တော်ကို တင်သွင်း လိုက်ပါတယ်။ ၂၀၀၃ ခုနှစ် အဲဒီ အရေးယူမှုကို သက်တမ်း တိုးဖို့ဖြစ်ပေမဲ့ အရင်နှစ်တွေနဲ့မတူ အရေးယူမှုတွေကို လျှော့ပေါ့နိုင်ရေး အစိုးရလုပ်ပိုင်ခွင့်ပေးဖို့ အချက်တွေလည်း ပါဝင်ရမယ်လို့ မစ္စတာ မက်ကောနယ် က လွတ်တော်ကို တင်ပြသွားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြု လက်ခံပေမယ်လို့ လုပ်ဆောင်ရဦးမယ့် ကိစ္စတွေ ကျန်နေသေးတယ်လို့ အထက် လွှတ်တော်အမတ် မစ်ခ်ျ၊ မက်ကောနယ်က အမေရိကန် အထက်လွှတ်တော်ကို ပြောပါတယ်။ ဒီအတွက် အမေရိကန် လွှတ်တော် အနေနဲ့ လက်ရှိ အခြေအနေတွေကို အပြည့်အ၀ ကျေနပ်မှုမရှိသေးဘူးဆိုတာကို ပြသဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ် မြောက်ရေးနဲ့ ဒီမိုကရေစီဥပဒေကို တနှစ်သက်တမ်း ထပ်တိုးဖို့ အထက် လွှတ်တော်အမတ် မက်ကော နယ်က လွှတ်တော်ကို မနေ့က အဆိုတင်သွင်းသွားတာပါ။

“မြန်မာပြည်က သွင်းကုန်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို ပိတ်ပင်တားမြစ်မှုတွေကို နောက်တနှစ်တိုးပြီး တဖက်မှာ ဒီ အ ကန့် အသတ်တွေကို ဖြေလျှော့ပေးနိုင်အောင် အစိုးရကို လုပ်ပိုင်ခွင့် ပေးထားရပါမယ်။ ရင်းနှီးမြုပ်နှံမှုတားမြစ်ချက်တွေကို ဖြေလျှော့ ပေးနိုင်တဲ့ အစိုးရလုပ် ပိုင်ခွင့်ဟာ ဥပဒေရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ ရှိရပါမယ်။”

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့တုန်းကတော့ မြန်မာနိုင်ငံအပေါ် အရေးယူထားတဲ့ ရင်းနှီးမြှုပ်နှံမှုသစ်နဲ့ ငွေကြေးဝန်ဆောင်မှု တားမြစ်ချက် တွေ ကို အမေရိကန်အစိုးရအနေနဲ့ ယာယီဆိုင်းငံ့ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်း မြန်မာနိုင်ငံထဲ ပြုပြင်ပြောင်းလဲမှုတွေ ကြောင့် တုံ့ပြန်တဲ့ အနေနဲ့ လွှတ်တော်နဲ့ ညှိပြီး အစိုးရလုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားဌာနက ကြေညာ ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း မြန်မာဘက်က လုပ်ရပ်တချက်ခြင်းအပေါ်မှာ တချက်ခြင်း တုံ့ပြန်သွားပါ့မယ် ဆိုတာ ကြောင့် နိုင်ငံခြားရေးဌာနရဲ့ ဒီဆောင်ရွက်ချက်ကို မစ္စတာမက်ကောနယ်က ထောက်ခံပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေ နောက်ပြန် လှည့်သွား တာနဲ့ အရေးယူမှုတွေ ချက်ခြင်း ပြန်လုပ်နိုင်အောင် ဥပဒေအတိုင်းတော့ ထားရမယ်လို့ ပြောပါတယ်။ ဒါအပြင့် အရေးယူ ဒဏ်ခတ်မှုတွေဟာ ထိရောက်တယ်လို့ သူက ယူဆပါတယ်။

“နိုင်ငံခြားရေးရးဌာနရဲ့ ဒီလုပ်ဆောင်ချက်တိုင်းကို ထောက်ခံပါတယ်။ မြန်မာအစိုးရအနေနဲ့ အခုလို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဘာကြောင့်လုပ်လာရသလဲ၊ အသေအချာသိဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် အရေးယူဒဏ်ခတ်မှုတွေဟာ မြန်မာအစိုးရအတွက်တော့ အတော်လေး အရေးပါ အရေးကြီး နေတဲ့ပုံရှိပါတယ်။ နိုင်ငံတိုင်းဟာ ကမ္ဘာနဲ့အထီးကျန်ဖြစ်နေတာကို မလိုလားသလို မြန်မာအစိုးရ ကလည်း အလားတူဖြစ်ပုံရပါတယ်။ အခု နှစ်ဆန်းပို်င်း မြန်မာပြည် ကျနော် သွားတုန်းက သမ္မတရော၊ နိုင်ငံခြားရေးဝန်ကြီးရော၊ အောက်လွှတ်တော် ဥက္ကဋ္ဌရော အစိုးရတာဝန်ရှိသူအားလုံးနဲ့ တွေ့တိုင်း သူတို့ပြောတာ တညီတည်းတခု ကြားရပါတယ်။ ဒါကတော့ ပိတ်ဆို့ဒဏ်ခတ်ထားတာ တွေကို ဖယ်ရှားဖို့ သူတို့ လိုလားကြတယ်ဆိုတာပါပဲ။”

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုအခြေအနေတွေဟာ နောက်ကြောင်းပြန်လှည့်မသွားစေဖို့နဲ့ ဖြေရှင်းလုပ်ဆောင်စရာ စိန်ခေါ်ချက် အတော်များများ ကျန်ရှိနေသေးတယ်လို့လည်း အထက်လွှတ်တော် အမတ် မက်ကောနယ်က ပြောပါတယ်။ အထူးသဖြင့် ကချင် ဒေသမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားအတော်များများ ထောင်ထဲမှာရှိနေတာတွေ၊ လက်ရှိ ဖွဲ့စည်းပုံမှာ ဒီမို ကရေစီ နည်းမကျဖြစ်နေတာတွေ၊ မြန်မာနဲ့ မြောက်ကိုရီယားဆက်ဆံမှုကိစ္စတွေဟာ အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စလို့ ပြော ပါတယ်။

“နိုင်ငံခြားရေးရးဌာနရဲ့ ဒီလုပ်ဆောင်ချက်တိုင်းကို ထောက်ခံပါတယ်။ မြန်မာအစိုးရအနေနဲ့ အခုလို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဘာကြောင့်လုပ်လာရသလဲ၊ အသေအချာသိဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် အရေးယူဒဏ်ခတ်မှုတွေဟာ မြန်မာအစိုးရအတွက်တော့ အတော်လေး အရေးပါ အရေးကြီးနေတဲ့ပုံ ရှိပါတယ်။ နိုင်ငံတိုင်းဟာ ကမ္ဘာနဲ့အထီးကျန်ဖြစ်နေတာကို မလိုလားသလို မြန်မာ အစိုးရက လည်း အလားတူဖြစ်ပုံရပါတယ်။ အခု နှစ်ဆန်းပို်င်း မြန်မာပြည် ကျနော် သွားတုန်းက - သမ္မတရော၊ နိုင်ငံခြားရေးဝန်ကြီးရော၊ အောက် လွှတ်တော် ဥက္ကဋ္ဌရော အစိုးရတာဝန်ရှိသူအားလုံးနဲ့ တွေ့တိုင်း သူတို့ပြောတာ တညီတည်းတခု ကြားရပါတယ်။ ဒါကတော့ ပိတ်ဆို့ ဒဏ်ခတ်ထားတာ တွေကို ဖယ်ရှားဖို့ သူတို့လိုလားကြတယ်ဆိုတာပါပဲ။”

အမေရိကန်ရဲ့ မြန်မာအပေါ် ဒဏ်ခတ်မှုတွေဟာ မြန်မာအစိုးရအပေါ် မထိခိုက်ဘူးဆိုရင် သူတို့အနေနဲ့ အဲဒီလောက် အရေးတယူ ဂရုစိုက်စရာမရှိဘူးလို့လည်း မစ္စတာ မက်ကောနယ်က မှတ်ချက်ပြုပါတယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု အခြေအနေတွေဟာ နောက်ကြောင်းပြန်လှည့်မသွားစေဖို့နဲ့ ဖြေရှင်းလုပ်ဆောင်စရာတွေ၊ စိန်ခေါ်ချက်တွေ တော်တော်များများ ကျန်ရှိနေသေးတယ် လို့ လည်း လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်က ပြောပါတယ်။ အထူးသဖြင့်ဆိုရင် ကချင်ဒေသမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေး အကျဉ်းသားအတော်များများ ထောင်ထဲမှာ ဆက် ရှိနေတာ။ လက်ရှိဖွဲ့စည်းပုံအခြေခံဟာ ဒီမိုကရေစီနည်းမကျဖြစ်နေတာ မြန်မာနဲ့ မြောက်ကိုရီယား ဆက်ဆံမှုကိစ္စရပ်တွေဟာ အရေးတကြီးဖြေရှင်းရဦးမယ် ပြဿနာတွေဖြစ်နေသေးတယ်လို့လည်း သူက ပြောသွားပါတယ်။

“အရေးယူဒဏ်ခတ်မှုအားလုံးကို ပယ်ဖျက်ပစ်လောက်အောင် လုံလောက်တဲ့ အခြေအနေတွေဖြစ်ဖို့ မြန်မာအစိုးရမှာ လုပ်ဆောင် စရာ တွေ ကျန်ပါသေးတယ်။ မြန်မာအစိုးရအနေနဲ့ အခုလက်ရှိ အမှား အယွင်းမရှိဘဲ တိုးတက်မှုတွေ လုပ်နေပေမယ့်လို့ ကျနော်တို့ဘက်က လုပ်နိုင် စွမ်းတွေကို အဆုံးသတ်ပစ်ဖို့ အချိန်မကျသေးပါဘူး။ ဒီ လုပ်နိုင်စွမ်းနဲ့ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုလုပ်ကိုင်ဖို့ တွန်းအားပေးရမှာ ဖြစ်ပြီး လိုအပ်လာရင်လည်း ဒီ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် သုံးသပ်ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် သတိထား နေတဲ့အတိုင်း လုံးဝ နောက်ပြန် မလှည့်တော့ဘူးဆိုတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ ကိုင်တွယ် ဖြေရှင်းစရာ စိန်ခေါ် အကဲစမ်း ချက်တွေ ရှိပါသေးတယ်။”

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေဟာ ၂၀၀၃ ခုနှစ်၊ မေ ၃၀ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောက်ခံ သူတွေ ကို အစိုးရလိုလားသူတွေက ဒီပဲယင်းမှာ အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ မြန်မာအစိုးရ အပေါ် ပြစ်ဒဏ် ခတ်တဲ့ ဥပဒေဖြစ်ပါတယ်။ နှစ်စဉ် သက်တမ်းတိုးပြီး သမတက အတည်ပြုလက်မှတ်ထိုးပေးရပါတယ်။ ဒါပေမယ့်လည်း အခုနှစ် သက်တမ်းတိုးရာမှာ ဒါဟာ ဥပဒေအဖြစ်တည်ရှိဖို့နဲ့ အစိုးရရဲ့လျှော့ပေါ့နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ပေးထားဖို့လည်း မစ္စတာ မက်ကောနယ် က တင်သွင်းထားတာဖြစ်ပါတယ်။

Ref: ဗွီအိုအေ

0 comments:

အပေါ်သို့