Thursday, June 14, 2012

လွှတ်တော်အစည်းအဝေးများ ဇူလိုင်လဆန်းတွင် ပြန်စမည်

ဇွန်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့၏ ပထမအကြိမ် လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးများကို ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။

ယခုအစည်းအဝေးများတွင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကျမ်းသစ္စာကျိန်ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက်ဆွေးနွေးကြတော့မည် ဖြစ်သည်။

အစီအစဉ်အရ ထိုနေ့နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ကျင်းပကာ မွန်းလွဲပိုင်းတွင်မှ ထို လွှတ်တော်နှစ်ရပ်ပေါင်း၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ကျင်းပမည် ဖြစ်သည်။

ထိုပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဇွန်လ ၁ဝ ရက်နေ့က နိုင်ငံတော် သမ္မတ ထုတ်ပြန်ကြေညာထားသည့် ရခိုင်ပြည်နယ် အတွင်း “အရေးပေါ်အခြေအနေ” ကြေညာချက်အား ရုတ်သိမ်းခြင်း မရှိသေးလျှင် အခြေခံဥပဒေ ပုဒ်မ ၂၁၂ (ခ) အရ အတည်ပြုချက် ရယူရမည်ဖြစ်ပြီး ကာလတိုးမြှင့်သတ်မှတ်လိုပါကလည်း ပုဒ်မ ၄၁၆ အရ တိုးမြှင့်နိုင်မည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့