Wednesday, August 22, 2012

ရေဘေးကြောင့် ပုသိမ်ခရိုင်တွင် အခြေခံပညာကျောင်း(၄)ထောင်ကျော် ပိတ်ထားရ

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
22 Aug, 2012


ယခုလဆန်းပိုင်းမှ စတင်ခဲ့သောင၀န်မြစ်ရေကြီးမှုကြာင့်ပုသိမ်ခရိုင် အတွင်းရှိမြို့နယ်(၆)ခုတွင်ကျောင်းပေါင်း(၄)ထောင်ကျော် ယာယီပိတ်ထားရကြောင်း တိုင်းအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

''တချို့ကျောင်းတွေ ကတော့ရေမမြုပ်ပေမဲ့ ကျောင်းသားတွေသွားရေးလာရေးခက်ခဲမှာ စိုးလို့ပိတ်ထားရတာပါ''ဟု ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်က ပြောသည်။

ပုသိမ်ခရိုင်အတွင်းရှိမြို့နယ်(၇)နှစ်ခုတွင် မြို့နယ်(၆)ခုမှာ မြို့ထက်ဝက်ခန့်နှင့် ကျေးရွာအများစု ရေမြုပ်နေ ခဲ့ပြီး ကျောင်းသား အများစု ၏ကျောင်းသွားကျောင်းပြန် ခရီးအားရေလမ်းခရီးကိုသာ အားကိုးနေရသည့်အတွက်မိဘ အများစုကစိုးရိမ်နေကြောင်း ကို လည်း သိရသည်။

‘ကျွန်မကလေးတွေကိုကျောင်းပေး မသွားတော့ဘူးကလေးတွေကို ကုန်းတတန်ရေတတန်နဲ့စိတ်မချလို့ရယ် အသွားအပြန်လှေခ တွေကြောင့် စရိတ်ပိုကြီးလို့ပေးမသွားတာ’ ဟု ကျောင်းသား(၄)ဦး၏ မိခင် ဒေါ်သန္တာ ကပြောသည်။

ကျောင်းပိတ်ထားသော ကျောင်းသား/ကျောင်းသူများ၌ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသော ကလေးများရှိ သကဲ့သို့ ရေဖုံးလွှမ်းမှုဒဏ် မခံရပဲ ကျောင်းမတက်ရသည့်ကလေးများလည်း ရှိနေသည်ဟု ပုသိမ် ခရိုင်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောပြ သည်။

''ပိတ်ထားရတဲ့ကျောင်းအများဆုံးကတော့ သာပေါင်းမြို့နယ်ထဲမှာပါ၊ အချို့မြို့ကကျောင်းတွေကတော့ကယ် ဆယ်ရေးစခန်းတွေ ဖွင့်တားလို့ ပိတ်ရတာ''ဟု တိုင်းဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဌက ဆိုသည်။

ပုသိမ်ခရိုင်အတွင်းရေဘေးကြောင့် ဒုက္ခသည်၂သိန်းခန့်နှင့် လယ်မြေဧကပေါင်း၂သိန်း၂သောင်းကျော်လည်း ရေမြုပ်လျက် ရှိပြီး ကန်ကြီးဒေါင့်ရွေးရေတံခါး၊ငါးသိုင်းချောင်း တာတို့ထပ်မံကျိုးကျပါကစာရင်းများထပ်မံတိုးလာဖွယ်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံမှသိရသည်။

‘ဒီရက်အတွင်းလွတ်သွားတဲ့စာတွေကိုတော့ကျောင်းဖွင့်ရက်မှာစနေ၊တနင်္ဂနွေအချိန်ပိုတွေ ခေါ်ပြီးသင်သွားရမှာပေါ့’ဟု ပုသိမ်မြို့မှ ဆရာမတစ်ဦးကတော့ ပြောသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့