Wednesday, August 22, 2012

ဘေးထွက်ဆိုးကျိုးရှိနိုင်သည့်အတွက် မျက်စိနာတိုင်း မျက်စဉ်းမသုံးသင့်

ယမင်း(မြစ်မခ)
22 Aug, 2012

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပေါ်သော မျက်စိနာရောဂါသည် မျက်စဉ်းဆေးခပ်ရန် မလိုပဲပျောက်ကင်းနိုင်ပြီး မျက်စဉ်းဆေးသုံး ဆွဲခြင်းဖြင့် မျက်လုံးအိမ် ပြည်တည်နာပေါက်ကာ မျက်စိကွယ်သည်အထိ ဆိုးကျိုး များ ဖြစ်ပေါ်နိုင်ကြောင်း ဆရာဝန်များထံက သိရသည်။

မျက်စိနာရောဂါသည် မျက်လုံးအပေါ်၌ ဖုံးအုပ်ထားသော အကြည်ရောင်အလွှာပါးများ ရောင်းရမ်း ခြင်းကြောင့်ဖြစ်ပေါ်ရပြီး မျက်မြှေး ရောင်ခြင်း(conjunctivitis )ဟုလည်း ခေါ်ဆိုကြသည်။

“သာမန်မျက်စိနာဆိုရင် မျက်စဉ်းခပ်စရာမလိုပဲ တစ်ပတ်အတွင်းမှာ သူ့အလိုလိုပျောက် ကင်းနိုင် ပါတယ်။ မျက်လုံးထဲကို ဘက် တီးရီးယား ပိုးတွေ ဝင်နေတဲ့အချိန်မှာတော့ ဘက်တီးရီးယား ပိုးသတ်ဆေးတွေပါတဲ့ မျက်စဉ်းဆေးတွေကို ရွေးချယ်ခပ်ပေးဖို့ လိုပါတယ်။ ဒီလိုမဟုတ်ပဲ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးခပ်မိတယ်ဆိုရင် မျက်စိပြည် တည်နာကို ပိုးဆိုးဝါးနိုင်ပြီး မျက်စိတောင် ကွယ်သွားနိုင်ပါတယ် ”ဟု အလုံမြို့နယ် ဝင်းဆေးခန်းမှ ဒေါက်တာမြင့်ဦး(ဂျီပီ)က ပြောသည်။

မျက်စိနာရောဂါဖြစ်ပွားပါက စတီရွိုက်ပါဝင်သော ငှက်နူတ်သီး မျက်စဉ်းဆေးများ မသုံးစွဲမိရန် သတိပြုသင့်ကြောင်း၊ နို့ရည်ကြည်၊ မိုးရေ၊ ဆားရည်ကြည်၊ မန်းကျဉ်းခေါက်များ လိမ်းခြင်း၊ ခပ်ခြင်းများ မပြုလုပ်သင့်ကြောင်း ၄င်းကအကြုံပြောဆိုသည်။

မျက်စိနာရောဂါဖြစ်ပေါ်နေချိန်တွင် မိတ်ကပ်လိမ်းချယ်ခြင်း၊ မျက်ကွင်းအား မန်ကျည်းခေါက်၊သစ်ခေါက်များ သွေးလိမ်းခြင်းမျိုး သည် မျက်လုံးထဲသို့ ဘက်တီး ရီးယားပိုးများ ထပ်မံဝင်ရောက်စေ နိုင်သောကြောင့် မပြုလုပ်သင့်ကြောင်း၊ မျက်ကပ်မှန်တပ်ဆင်ထားသူ များသည် မျက်စိနာချိန်တွင် ခေတ္တဖြုတ်သိမ်းထားသင့်ကြောင်း၊ မျက်မှန်အမည်း တပ်ဆင်ခြင်းအားရှောင်ကြဉ်သင့်ကြောင်း ဆရာဝန် များ မှ အကြုံပြုပြောကြားသည်။

အဆိုပါ ရောဂါသက်သာစေရန် ကွမ်းရွက်များအုပ်ခြင်း၊ ဒူးခေါင်းအောက်ပိုင်းများ ဆန်ဆေးရည် လောင်းချခြင်း၊ အမည်မသိ မျက် စဉ်းဆေးခပ်ခြင်းများ မပြုလုပ်သင့်ကြောင်းကိုလည်း သိရသည်။

''မျက်စိနာတယ်ဆိုတာ အများစုက သူ့အလိုလိုပျောက်ပါတယ်။ ၃-၄ရက်လောက်မှ မပျောက်ဘူး မသက်သာဘူး ဆိုရင် ဆရာ ဝန်တွေ တပ်ကျွမ်းတဲ့သူတွေနဲ့ ပြပြီးကုသသင့်တယ်။ မျက်စိနာတာက တစ်အိမ်လုံးကိုကူးစက်နိုင်တော့ သတိထားဖို့လည်း လိုတယ် '' ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အထွေ ထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။

မျက်စိနာခြင်းသည် ၃၇က်မှ ၅ရက်တွင်း ပျောက်ကင်းမှုမရှိပါက နီးစပ်ရာ ကျွမ်းကျင်ဆရာဝန်များထံ ကုသရန်ပြသသင့်သလို မျက်စိနာရောဂါဝေဒနာရှင်သုံးစွဲထားသော အဝတ်အစား၊အိပ်ယာ၊ခေါင်းအုံး၊ မျက်နှာ သုတ်ပုဝါများအား ကိုင်ဆောင်သုံးစွဲမိပါက ကူးစက်နိုင်ခြင်းကြောင့် သတိပြုနေထိုင်သင့် ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့