Friday, August 24, 2012

မြန်မာဆီးဂိမ်းတွင် တိုက်ကွန်ဒိုရွှေရပါက ခိုင်စေရမည်ဟု အဖွဲ့ချုပ်ကတိပြု

စည်သူနိုင် (မြစ်မခ)
23 Aug, 2012

၂ဝ၁၃ခုနှစ် ဆီးဂိမ်းတွင် တိုက်ကွမ်ဒိုကစားနည်းအားကစားပြိုင်ပွဲ၌ မြန်မာ နိုင်ငံကိုယ်စားပြုအား ကစားသမားများအနေဖြင့် ရွှေတံဆိပ် ဆုရရှိခဲ့ပါက ဘဝတစ်သက်တာ အာမခံချက်ရစေမည့် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တိုက်ကွမ်ဒို အားကစား အဖွဲ့ချုပ်က ဆိုထားသည်။

''ဆီးဂိမ်းမှာရွှေရတဲ့အားကစားသမားကို ကျပ်သိန်း ၁၅ဝ ဝန်းကျင်လောက် တန်ကြေးရှိတဲ့ အစုရှယ်ယာတွေ ချီးမြှင့်မှာပါ။ သူတို့ အနေနဲ့ တစ်လကို (၂) သိန်းဝန်းကျင်လောက် ထုတ်သုံးနိုင်ပါ လိမ့်မယ်''ဟု တိုက်ကွမ်ဒို အားကစား အဖွဲ့ချုပ်မှ တွဲဖက်အ တွင်း ရေးမှူး ဦးမြသိန်းက ပြောသည်။

အဆိုပါကစားနည်းတွင် Fin ၊ Fly၊ Bantam၊ Feather ၊Light ၊Welter၊ Light Heavy နှင့် Heavy ဟူ၍ ဝိတ်တန်း (၈)တန်းပါဝင်ပြီး Light Heavy နှင့် Heavy ဝိတ်တန်းအတွက် မျိုးဆက်သစ် အားကစားသမား များခေါ်ယူလျက်ရှိကြောင်း သိရသည်။

''ဝိတ်တန်းအားလုံးအတွက်စခန်းသွင်းလေ့ကျင့်ပေးမှာပါ။ အခု ဝိတ်တန်း နှစ်ခုအတွက် အားကစား သမားတွေခေါ်ယူနေပါတယ်။ စခန်းသွင်း လေ့ကျင် နေချိန်မှာလဲ အထွေထွေသုံးဖို့ အတွက် အပို ထောက်ပံ့ငွေပေးအပ်သွားမှာပါ''ဟု ဦးမြသိန်းက ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် မျိုးဆက်သစ်အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ချိန်တွင် နေထိုင်စားသောက်စရိတ်အပြင် အပိုထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင်(တစ်လ)ငါးသောင်းကျပ် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ကိုလည်း သိရသည်။

Light Heavy နှင့် Heavy ဝိတ်တန်းနှစ်ခုအတွက် အသက် ၂၄ နှစ် ဝန်းကျင်ရှိ တိုက်ကွမ်ဒို အားကစားနည်း စိတ် ပါဝင်စားသူ မည်သူမဆို စာရင်းသွင်းနိုင်ပြီး အမျိုးသားများအနေဖြင့် အရပ် ၅ ပေ ၁၁ လက်မ ၊ ကိုယ်အလေးချိန် ၁၆၇ ပေါင် ရှိရမည်ဖြစ်ကာ အမျိုးသမီးများအနေဖြင့် အရပ်အမြင့် ၅ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၁၅ဝ ပေါင် ရှိရမည် ဖြစ်ကြောင်းသိ ရသည်။

စိတ်ပါဝင်စားသူများအနေဖြင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် အောင်ဆန်း အားကစားပြိုင်ဝင်း ရန်ကုန်မြို့သို့ စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထား စာရင်းပေးသွင်း နိုင်ကြောင်းသိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့