Tuesday, February 14, 2012

ဗိုလ်ချုပ်​မွေး​နေ့​ လွတ်လပ်စွာ ကျင်း​ပ

February 13, 2012
နော်နိုရင်း

ဒီက​နေ့​ ​ဖေ​ဖော်ဝါရီ ၁၃ မှာ ကျ​ရောက်တဲ့​ လွတ်လပ်​ရေး​ဗိသုကာ ဗိုလ်ချုပ် ​အောင်ဆန်း​ရဲ့​ ၉၇ နှစ်​မြောက် ​မွေး​နေ့​အထိမ်း​အမှတ်ပွဲ​တွေကို ရန်ကုန်၊​ မန္တ​လေး​မြို့​ကြီး​တွေ အပါအဝင် မြန်မာနိုင်ငံတွင်း​က နယ်မြို့​တွေမှာလည်း​ လွတ်လပ်စွာ ကျင်း​ပကြပါတယ်။

ဗိုလ်ချုပ်​ အောင်ဆန်း​မွေး​နေ့​ကို က​လေး​များ​နေ့​အဖြစ် သတ်မှတ်ပြီး​ ရန်ကုန်မြို့​ရှိ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပရာ ရန်ကုန်တိုင်း​ အတွင်း​ရှိ မြို့​နယ်​တွေက တမြို့​နယ် က​လေး​ ၅ ​ယောက် ဖိတ်​ခေါ်ပြီး​ ပန်း​ချီနဲ့​ ကဗျာပြိုင်ပွဲ​တွေ ပြုလုပ်​ပေး​တယ်လို့​ အဖွဲ့​ချုပ် ဗဟို​ကော်မတီဝင် ဦး​ဝင်း​ထိန်က ​ပြောပါတယ်။


“​ဒေါ်​ အောင်ဆန်း​စုကြည်​ရော၊​ ဦး​ဝင်း​တင်​ရော၊​ ဦး​တင်ဦး​ရော က​လေး​တွေကို လာအား​ပေး​နေပါတယ်။ က​လေး​တွေက တမြို့​နယ်ကို ၅​ယောက် ဆို​တော့​ မြို့​နယ် ၄၀ ​လောက်​တော့​ ရှိတယ်။ က​လေး​ ၂၀၀ ​တော့​ မ​ကျော်ဘူး​။ ၁၀၀ ​ကျော်​တော့​ ရှိတယ်။ ဆုအ​နေနဲ့​က စာအုပ်၊​ ​ဘော(လ်)ပင်၊​ ​ရောင်စုံခဲတံ၊​ အဝတ်အစား​လေး​တွေလည်း​ ပါတယ်။ ဆုက​တော့​ ပထမ၊​ ဒုတိယနဲ တတိယလည်း​ ​ပေး​မယ်။ ဝင်​ရောက် ပြိုင်တဲ့​သူ အား​လုံး​ကိုလည်း​ မရမ​နေ အကုန်​ပေး​မယ်။”

မန္တ​လေး​မြို့ ​အဖွဲ့​ချုပ်က မဟာ​အောင်​မြေရုံး​မှာ​တော့​ ဗိုလ်ချုပ်​မွေး​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ မနက်ပိုင်း​က သံဃာအပါး​ ၂၀၀ ​လောက်ကို ဆွမ်း​လောင်း​လှူခဲ့​ပြီး​ ၄၁ လမ်း​မှာ ​ကော်ဖီ၊​ စတုဒီသာနဲ့​ မြီး​ရှည်​ခေါက်ဆွဲကို အခမဲ့​ ​ကျွေး​မွေး​ခဲ့​တယ်လို့​ မန္တ​လေး​တိုင်း​ ပြန်ကြား​ရေး​ အဖွဲ့​ဝင် ဦး​မျိုး​နိုင်က ​ပြောပါတယ်။

“လာသမျှ လူ​တွေကို စတုဒီသာ​ကျွေး​ပါတယ်။ အခုက လူထုက ပြီး​ခဲ့​တဲ့​ နှစ်​တွေထက်စာရင် နိုင်ငံ​ရေး​ နိုး​ကြား​မှု ပိုရှိလာတယ်၊​ အသိ စိတ်ဓာတ် ရှိလာတယ်။ ဘာလို့​လည်း​ ဆို​တော့​ အဖွဲ့​ချုပ်က လုပ်တဲ့​ ​ဈေး​ရောင်း​ပွဲပဲ ဖြစ်ဖြစ်၊​ အထိမ်း​အမှတ်ပွဲပဲ ဖြစ်ဖြစ် ခါတိုင်း​ဆို အဖွဲ့​ချုပ်ကလူ​တွေ​လောက်ပဲ တတ်ရဲတဲ့​လူ​လောက်ပဲ လာတယ်။ အခုက​တော့​ အဖွဲ့​ချုပ်အဖွဲ့​ဝင်သစ်​တွေလည်း​ လာတတ်သလို စိတ်ဝင်စား​တဲ့​ ပြည်သူလူထုကလည်း​ လာအား​ပေး​တာ ​တွေ့​ရတဲ့​အတွက် မနှစ်ကထက်စာရင် အများ​ကြီး​ တိုး​တက်မှု ရှိတယ်လို့​ ​ပြောလို့​ရတယ်။”

ရှမ်း​ပြည်နယ် ​အောင်ပန်း​မြို့​ ​အောင်ပန်း​စာကြည့်​တိုက်မှာလည်း​ ဗိုလ်ချုပ်​မွေး​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ ​ကျောင်း​သူ​ကျောင်း​သား​တွေကို ပ​ဟေဠိ ပြိုင်ပွဲ​တွေ ပြုလုပ်​ပေး​သလို အစား​သောက်နဲ့​ ​ကျွေး​မွေး​ဧည့်​ခံခဲ့​တယ်လို့​ ​အောင်ပန်း​စာကြည့်​တိုက် တာဝန်ခံ ကိုဘိုက ​ပြောပါတယ်။

“​အောင်ပန်း​ စာကြည့်​တိုက်အ​နေနဲ့​ ပြည်​ထောင်စု​နေ့​နဲ့​ ဗိုလ်ချုပ်​မွေး​နေ့​ကို နှစ်ပိုင်း​ခွဲလုပ်တယ်။ ၁၁ ရက် ၁၂ ရက် ​နေ့​တွေတုန်း​က​တော့​ အလယ်တန်း​အဆင့်​ ​ကျောင်း​ ၅​ကျောင်း​ကို ဖိတ်ကြား​ပြီး​ ပ​ဟေဠိပြိုင်ပွဲ​လေး​တွေ လုပ်တယ်။ ပြိုင်ပွဲပြီး​တော့​ ဆု​ပေး​ပွဲ​လေး​ လုပ်ပါတယ်။ ရိုး​ရာလွယ်အိတ်​လေး​ ထိုး​ပြီး​တော့​ တို့​ဗိုလ်ချုပ်ဆိုပြီး​ ဗိုလ်ချုပ်​အောင်ဆန်း​ ပုံပါတဲ့​ ​ဆေး​ရိုက်ပြီး​ ​ရေး​ပေး​တယ်။ ​အောင်ပန်း​စာကြည့်​တိုက် ဆိုပြီး​လည်း​ ပါပါတယ်။ ဒီ​နေ့​ကျ​တော့​ ဗိုလ်ချုပ်​မွေး​နေ့​ကို မူလတန်း​အဆင့်​က​လေး​တွေကို ကျ​နော်တို့​ တတ်နိုင်သ​လောက် လူ ၂၀၀ စာ ကြက်သား​ဆန်ပြုတ်တိုက်ပြီး​တော့​ ​ကျောင်း​တွေမှာ လိုက်​ကျွေး​မွေး​ပါတယ်။”

ရှမ်း​ပြည်နယ် ​အောင်ပန်း​မြို့​မှာ ဗိုလ်ချုပ်​မွေး​နေ့​ ကျင်း​ပတာ ပထမဆုံး​အကြိမ်ဖြစ်ပြီး​ လွတ်လပ်စွာ ကျင်း​ပခွင့်​ရတယ်လို့​ ပွဲစီစဉ် ကျင်း​ပသူ​တွေက ​ပြောပါတယ်။

အရင်နှစ်​တွေက ဗိုလ်ချုပ်​အောင်ဆန်း​မွေး​နေ့​ကို ကျင်း​ပတဲ့​အခါမှာ အာဏာပိုင်​တွေရဲ့​ ​နှောင့်​ယှက်ဟန့်​တား​မှု​တွေ ရှိခဲ့​ဖူး​ပေမယ့်​ ဒီနှစ် အ​နှောင့်​အယှက်​ပေး​တဲ့​ သတင်း​တွေ မကြား​သိရသလို ​ကျောင်း​သား​လူငယ်​တွေ ပိုမို ပူး​ပေါင်း​ပါဝင်လာတယ်လို့​ ကျင်း​ပသူ​တွေက ​ပြော ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့