Tuesday, February 14, 2012

အစိုး​ရက ဓာတ်ဆီ​ဈေး​ ထပ်မံတိုး​မြှင့်

February 13, 2012

အစိုး​ရစွမ်း​ အင်ဝန်ကြီး​ဌာန လက်​အောက်ရှိ မြန်မာ့​ရေနံထွက်ပစ္စည်း​ ​ရောင်း​ဝယ်​ရေး​ လုပ်ငန်း​က ​ရောင်း​ချ​ပေး​တဲ့​ ဓာတ်ဆီ​ဈေး​နှုန်း​ ၁ ဂါလန်ကို ကျပ် ၂၀၀ ထပ်မံ မြှင့်​တင်လိုက်ပါတယ်။

ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က စတင်ပြီး​တော့​ ​ဈေး​နှုန်း​တွေကို တိုး​မြှင့်​ သတ်မှတ်လိုက်တာ ဖြစ်ပြီး​ အရင်က ၁ ဂါလန် ၃,၃၅၀ ကျပ်​ပေး​ရတဲ့​ ဓာတ်ဆီ​ဈေး​နှုန်း​တွေက ကျပ် ၃,၅၅၀ ဖြစ်သွား​ပြီလို့​ ရန်ကုန် အစိုး​ရဓာတ်ဆီဆိုင်က ​ပြောပါတယ်။

ဒါ​ပေမယ့်​ ဓာတ်ဆီ ဝယ်ယူခွင့်​က​တော့​ အ​ပြောင်း​အလဲ မရှိဘဲ အရင် ခွဲတမ်း​ အတိုင်း​ပဲ ကား​တစီး​ တ​နေ့​ ၂ ဂါလန် ​ရောင်း​ချ​ပေး​နေဆဲ ဖြစ်ပါတယ်။

မကြာ​သေး​ ခင်လပိုင်း​ကပဲ ကမ္ဘာ​ရေနံ​ဈေး​ မြင့်​တက်ခဲ့​တဲ့​အတွက် ၁ ဂါလန် ၂,၅၀၀ နဲ့​ ​ရောင်း​ချ​နေတဲ့​ ဓာတ်ဆီ​ဈေး​ဟာ ၃,၃၅၀ အထိ တိုး​မြှင့်​ခဲ့​ပါ​သေး​တယ်။

အစိုး​ရက ဆီ​ဈေး​တိုး​မြှင့်​လိုက်တဲ့​အတွက် လတ်တ​လော တက္ကစီ ငှား​ခ ​ဈေး​နှုန်း​တွေလည်း​ မြင့်​တက်လာ​နေတယ်လို့​ သိရပါတယ်။

ရန်ကုန် ​မှောင်ခိုဓာတ်ဆီ အ​ရောင်း​အဝယ်​ဈေး​ကွက်မှာ ဓာတ်ဆီ​ဈေး​ မြင့်​တက်မှု ရှိသလို မန္တ​လေး​နဲ့​ အခြား​ ​ဝေလံ​ခေါင်ဖျား​ နယ်မြို့​တွေမှာ​တော့​ တဂါလံ ကျပ် ၄ ​ထောင်​ကျော်အထိ ​ဈေး​မြင့်​ တက်​နေပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့