Thursday, February 16, 2012

သတင်း​စာဆရာများ​အသင်း​ မြန်မာနိုင်ငံတွင် ဖွဲ့​စည်း​မည်

February 15, 2012
မင်းလွင်

လက်ရှိ ရှိ​နေတဲ့​ မြန်မာနိုင်ငံ စာ​ပေနဲ့​စာနယ်ဇင်း​အဖွဲ့​က​နေ သတင်း​စာဆရာ​တွေအတွက် မြန်မာနိုင်ငံသတင်း​စာဆရာများ​ အသင်း​ကို သီး​ခြား​ခွဲထုတ်ပြီး​ ဖွဲ့​စည်း​ဖို့​ပြင်ဆင်​နေတယ်လို့​သိရပါတယ်။

အရင်က မြန်မာနိုင်ငံ စာ​ပေနဲ့​စာနယ်ဇင်း​အသင်း​မှာ သုတ၊​ ရသ စာ​ရေး​ဆရာများ​အပြင် သတင်း​သမား​တွေ ပါဝင်ကြပါတယ်။

သတင်း​စာ ဆရာများ​အဖွဲ့​ ဖွဲ့​ပြီး​ရင်​တော့​ သုတ၊​ ရသ စာ​ရေး​ဆရာ​တွေအတွက် မြန်မာနိုင်ငံ စာ​ရေး​ဆရာများ​အသင်း​နဲ့​ သတင်း​သမား​တွေအတွက် မြန်မာနိုင်ငံ သတင်း​စာဆရာများ​ အသင်း​ဆိုပြီး​ သီး​ခြား​နှစ်ဖွဲ့​ ဖြစ်သွား​လို့​ အမည်မ​ဖော်လိုတဲ့​ မြန်မာနိုင်ငံ စာ​ပေနဲ့​ စာနယ် ဇင်း​အသင်း​ရဲ့​ တာဝန်ရှိသူတဦး​က ​ပြောပါတယ်။

ရန်ကုန် သတင်း​မီဒီယာသမား​တွေက​တော့​ ဒါဟာ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က ခွင့်​ပြုလို့​ ဖွဲ့​စည်း​နိုင်တာလို့​လည်း​ ​ပြောပါတယ်။

ပြည်သူ့​ ခေတ်ဂျာနယ် အယ်ဒီတာချုပ် စာ​ရေး​ဆရာ ​ဖေမြင့်​က​တော့​ သတင်း​သမား​တွေရဲ့​ အကျိုး​စီး​ပွား​ ကာကွယ်ဖို့​အတွက် သတင်း​စာဆရာအဖွဲ့​ သီး​ခြား​ ရှိရမယ်လို့​ ​ပြောပါတယ်။

“ခပ်​စော​စောက ​ဆွေး​နွေး​ပွဲ တခုမှာ​တော့​ ကျ​နော်တို့​လည်း​ ​ပြောတယ်။ လွတ်လပ်တဲ့​ စာနယ်ဇင်း​သမား​ အဖွဲ့​အစည်း​တွေ ဖွဲ့​ဖို့​လိုတယ်။ တဖွဲ့​တည်း​အောက်မှာချည်း​ အကုန်လုံး​ ရှိချင်လည်း​ ရှိမယ်။ မရှိချင်လည်း​ မရှိဘူး​။ သူတို့​ဘာသာ နီး​စပ်ရာ ဖွဲ့​ချင်လည်း​ ဖွဲ့​မယ်။ သို့​သော် စာနယ်ဇင်း​သမား​တွေက စာနယ်ဇင်း​ကိစ္စနဲ့​ ပတ်သက်ပြီး​ စည်း​ကမ်း​ထိန်း​သိမ်း​ရေး​ရော၊​ အကျိုး​စီး​ပွား​ ကာကွယ်​ရေး​ရော အဲဒါ့​တွေအ တွက် စုစည်း​တဲ့​ အသင်း​အဖွဲ့​ အား​လုံး​ ​ပေါင်း​စုပြီး​တော့​ ဖြစ်ဖြစ် စာနယ်ဇင်း​ကောင်စီဆိုတာမျိုး​ ဖွဲ့​ဖို့​လိုတယ်။ အဲဒါမျိုး​ ကျ​နော်တို့​ ​ဆွေး​နွေး​ဖူး​တာ ရှိတယ်။”

မြန်မာနိုင်ငံ စာ​ပေနဲ့​စာနယ်ဇင်း​အဖွဲ့​ကို ​ခေတ်အဆက်ဆက် အစိုး​ရ​တွေက ဦး​ဆောင်ဖွဲ့​ပေး​ခဲ့​တာဖြစ်ပြီး​ စာ​ရေး​ဆရာ​တွေ၊​ သတင်း​လုပ်ငန်း​မှာ လုပ်ကိုင်​နေသူ​တွေ ပါဝင်ပါတယ်။ မြို့​နယ်အဆင့်​ထိလည်း​ စာ​ပေနဲ့​စာနယ်ဇင်း​အဖွဲ့​ ဆိုပြီး​တော့​ ဖွဲ့​ပေး​ထား​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့