Wednesday, February 15, 2012

တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်

မျိုးသိဏ်း
ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်

အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွား ရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။

နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး ၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။


မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ဖြစ်သွားသည့် အိမ်ထောင်စု ၁၆ စုမှ လူဦးရေ ၆၈ ဦးကို တာမွေဓမ္မာရုံ ယာယီကယ်ဆယ်ရေးစခန်း တွင် လက်တလော ပြောင်းရွှေ့ ထားရှိသည်။

အဆိုပါမီးလောင်မှု အတွက် ဆုံးရှုံးနစ်နာမှု တန်ဖိုးကို အိမ်တလုံး ကျပ် ၅ သိန်း၊ အိမ်တခြမ်း ကျပ် ၁ သိန်း နှုန်းဖြင့် အိမ် ၄ လုံး + အိမ် ၄ ခြမ်းအတွက် စုစုပေါင်း ၂၄ သိန်း ဟု မီးသတ်တပ်ဖွဲ့ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။

အဆိုပါမီးလောင်မှုတွင် သန္ဓေမီးသတ် ၃၀၀ ကျော်၊ အရန်တပ်ဖွဲ့ဝင် ၁၀၀ ကျော် သုံး၍ မီးသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

မီးစတင်လောင်ကျွမ်းရာ နေအိမ် (တာမွေကြီး(ခ) ရပ်ကွက်၊ အိမ်အမှတ် ၃၆၉) မှ အိမ်ရှင် ဒေါ်သီတာအား တာမွေ ရဲတပ်ဖွဲ့က ပ/၁၄၅/ ၂ဝ၁၂/ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

Ref: မဇ္ဈိ

0 comments:

အပေါ်သို့