Thursday, February 21, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်တဲ့ နေမျိုးဇင်နဲ့ အဖွဲ့ လိုင်ဇာမြို့ အနီးရောက်ရှိ

2013-02-21

သမ္မတဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားရှိတယ်ဆိုတာကို လက်ခံပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းလိုက်တာကို ကြိုဆို ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

အဖွဲ့ဝင် (၃၀) ကျော်ပါဝင်တဲ့ ကိုနေမျိုးဇင်နဲ့အဖွဲ့ဟာ ဗန်းမော်မြို့ကနေ လမ်းလျှောက်လာပြီး မနေ့ညနေပိုင်း (၅) နာရီ လောက်မှာ လိုင်ဇာနဲ့ မဝေးတော့တဲ့ လက်ဝါးယန်ရွာကို ရောက်ရှိခဲ့ပြီး၊ ဒီကနေ့မနက် လိုင်ဇာကို ရောက်မှာဖြစ်ပါတယ်။

ခရီးတလျောက် အတားအဆီးအခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်လို့ ကိုနေမျိုးဇင်က RFA ကို ပြောပါတယ်။

" ငါးနာရီလောက်မှာရောက်ပါတယ်၊ လမ်းကြောင်းတစ်လျှောက် မြို့သစ်တို့၊ မိုးမောက်တို့ အဖွဲ့တွေ ပေါင်းလိုက်တော့ အားလုံးပေါင်း ၄၀ လောက်က လိုင်ဇာမြို့နဲ့ ၁၈ မိုင်လောက် ဝေးတဲ့ နေရာကိုရောက်တယ်၊ လိုင်ဇာဘက်ထွက်တဲ့ လမ်းဘက်မှာ ကျွန်တော်တို့ကိုပိတ်တယ်၊ ၂ နာရီ ၁၅ လောက်ရောက်တော့ ဗျူဟာမှူးကိုယ်တိုင်လာပြီးတော့ ကျွန်တော်ကို လာပြောတယ် သွားခွင့်ပြုတယ်ဆိုပြီးတော့ အဲ့ဒါနဲ့ ကျွန်တော်တို့လဲ ချက်ချင်းထထွက်လာတယ်"

လိုင်ဇာရောက်ရင် သူတို့အဖွဲ့ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ ကိုနေမျိုးဇင်က အခုလို ရှင်းပြ ပါတယ်။

" ကျွန်တော်တို့ ပါလာတဲ့ ရန်ကုန်မြို့က အလှူရှင်တွေ လှူလိုက်တဲ့ ဆေးတွေကို လှူဒါန်းပါမယ်၊ ဒုတိယအချက်ကတော့ ကွဲကွာနေတဲ့ မိသားစုတွေကို ပြန်လည်တွေ့ဆုံခွင့်ရဖို့ပါ၊ လိုင်ဇာကတာဝန်ရှိသူတွေ ခွင့်ပြုမယ်ဆိုရင် ငြိမ်းချမ်းရေး ကျောက်တိုင်တစ်ခုကို တည်ဆောက်ချင်ပါတယ်၊ ငြိမ်းချမ်းရေလမ်းလျှောက်တဲ့ အဖွဲ့တွေအားလုံး ဒီကိုလာမှာပါ"

ကိုနေမျိုးဇင်တို့ အဖွဲ့အပါအဝင် ကချင်ပြည်နယ် ငြိမ်းချမ်ရေး ရည်ရွယ်ချက်နဲ့ လမ်းလျှောက်နေကြတဲ့ အဖွဲ့ပေါင်း (၃)ဖွဲ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၁) ရက်နေ့က ရန်ကုန်ကနေ ထွက်ခဲ့တဲ့ အဖွဲ့နဲ့ မြင်းခြံကနေ စတင်လမ်းလျှောက်ခဲ့တဲ့ အဖွဲ့တွေဟာ စစ်ကိုင်းတိုင်းအတွင်း ရောက်ရှိနေပြီဖြစ်ပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့