Wednesday, February 20, 2013

မရမ်းကုန်း ဒေသခံတွေ အိမ်မြေပြန်ရရေး ဆန္ဒပြ

2013-02-19

ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်အတွင်းက အိမ်ခြေ ၃၀၀ နီးပါးခန့် ဖျက်သိမ်းခံခဲ့ရတာနဲ့ ပတ်သက်ပြီး အဲဒီ မြေနေရာတွေ ပြန်လည်ရရှိဖို့ အတွက် မှုလမြေပိုင်ရှင်တွေဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ အဲဒီအမှတ် ၆ ရပ်ကွက်မှာ စုရုံးပြီး ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။

ဒီဆန္ဒပြပွဲဟာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ ကြိုတင်ပြီး တရားဝင်ခွင့်ပြုချက် ရယူထားခဲ့ပြီး၊ဆန္ဒပြသူ ၂၀၀ ခန့်ဟာ ငါတို့မြေ ငါတို့ပြန်ပေး၊ ခေတ်သစ် ကိုလိုနီခရိုနီများ အလိုမရှိဆိုတဲ့ စာတန်းပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြပါတယ်။

အဲဒီမြေနေရာတွေကို ဂရိတ်နိုင်းကျောက်မျက်ရတနာ ကုမ္ပဏီနဲ့ နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းက အိမ်တချို့ကို ကျပ်ငွေ ၁၀ သိန်းခန့်ပေးပြီး သိမ်းယူခဲ့ပေမယ့် မြေပိုင်ရှင်အများစုကတော့ မယူကြခဲ့ကြပေမယ့် ငွေကြေးမယူတဲ့ အိမ်တွေကိုလည်း အတင်း အဓမ္မသိမ်းယူခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့