Wednesday, February 20, 2013

စပစ်ဖိုင်းယား တိုက်လေယာဉ်တွေ ဆက်လက်ရှာဖွေမည်

2013-02-19

မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်က မြှုပ်နှံခဲ့တဲ့ Spitfire လေယာဉ်တွေကို ပြန်လည် တူးဖော်နေတဲ့လုပ်ငန်းတွေကို ရပ်နားခြင်းမရှိဘဲ ယခင်အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွား မှာဖြစ်တယ်လို့ ရွှေတောင်ပေါ် ကုမ္ပဏီက တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိပြုလုပ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသိပေးရှင်းလင်းတဲ့အခမ်းအနားကို ရန်ကုန်မြို့ ၊ Park Royal Hotel မှာ ဒီကနေ့ မနက်ပိုင်းကကျင်းပစဉ် ပြောခဲ့တာပါ။


မြစ်ကြီးနား၊ ရန်ကုန်၊ မင်္ဂလာဒုံမှာ လက်ရှိပြုလုပ်နေတဲ့ စမ်းသပ်မှုတွေအတွက် မြေအောက် ရေဒါတွေသုံးပြီး ၂ နှစ်အတွင်းမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်သလို၊ မိတ္ထီလာ မြို့မှာလဲ ရှာဖွေစမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးဆောင်ရှာဖွေနေတဲ့ ဗြိတိသျှကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ ရွှေတောင်ပေါ် အထွေ ထွေမန်နေဂျာ ဦးထွန်းကျော် က RFA ကို ပြောပါတယ်။

ဒီရှာဖွေမှုရဲ့အဖွဲ့ ခေါင်းဆောင် မစ္စတာဒေးဗစ်ကန်ဒဲလ် ကလည်း သူ့အနေနဲ့ ရှာဖွေမှုအပေါ် ယုံကြည်မှုအပြည့်အဝရှိပြီး လုပ်ငန်းတွေကို အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင် သွားမယ်လို့  ဒီကနေ့ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ spitfire လေယာဉ်တွေ မြှုပ်နှံခဲ့တာမျိုးမရှိဘူးဆိုတဲ့ ပြောဆိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြန်လည်ဖြေရှင်းသွားမှာမဟုတ်ဘဲ ချမှတ်ထားတဲ့ စီမံကိန်းအတိုင်း လေယာဉ်တွေကို ဆက်လက်ရှာဖွေသွားမယ်လို့ ဦးထွန်းကျော်က ဆိုပါတယ်။

ဒီလုပ်ငန်းကို လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရနဲ့  ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ သဘောတူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ စမ်းသပ်တူးဖော်နေပေမယ့် တစ်လကျော် စမ်းသပ်တူးဖော်မှုကာလ အတွင်းမှာတော့ အောင်မြင်မှု မရရှိသေးဘူးလို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့